နေပြည်တော် ဧပြီ ၉ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၄/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ကျင်းပ ပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ် များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။ သတင်းစာရှင်းလင်းပွဲမစတင်မီတက်ရောက်လာကြသူများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများကလိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေး သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မတ်လနှင့် ဧပြီလ ပထမပတ်ကာလအတွင်း ကောင်စီအစည်းအဝေး ၅ ကြိမ်၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး ၂ ကြိမ် ပြုလုပ်ခဲ့ပြီး စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ ပညာရေးကဏ္ဍ တို့တွင် ဖွံ့ဖြိုးတိုးတက်အောင် တိုးမြှင့်ဆောင်ရွက် နိုင်ရေးနှင့် နိုင်ငံသားတိုင်းနှင့် တိုင်းရင်းသားတိုင်း နိုင်ငံသားမှတ်ပုံတင်ရရှိအောင် မဖြစ်မနေဆောင်ရွက်ရေးတို့ကို မူဝါဒချမှတ် လုပ်ဆောင်လျက်ရှိသည့် အခြေအနေ များ။ စီမံခန့်ခွဲရေးကော်မတီအနေဖြင့်လည်း ဝန်ကြီးဌာနများအနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်ရေး၊ ဘဏ်၊ ကျောင်း၊ ဆေးရုံများပြန်လည် ဖွင့်လှစ် နိုင်ရေး အစီအမံများ၊ ဘဏ္ဍာငွေအရအသုံးစာရင်း လျာထားရာတွင် အမှန်တကယ် ရငွေ၊ သုံးငွေများကို သေချာစွာစိစစ်ရန်နှင့် မဖောင်းပွရန်၊ လိုအပ်သည်များကိုသာ လျာထားရန်နှင့် တိုင်းပြည်အတွက်အရှုံးမဖြစ်စေရန်၊ ဖွံ့ဖြိုးတိုးတက်ရေး၌ သုတေ သန နှင့် ဖွံ့ဖြိုးရေး(R&D)တွင် အလေးထား ဆောင်ရွက်ရန်လိုအပ်သဖြင့် ကုန်သွယ် ရေး၊ စီးပွားရေးလုပ်ငန်းများတွင် သုတေသနလုပ်ငန်းများပြုလုပ်၍ နည်းလမ်း ရှာဖွေ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်အောင် ချမှတ်ဆောင်ရွက်ခဲ့သည့် အခြေ အနေများ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ မတ်လအတွင်း တနင်္သာရီတိုင်းဒေသ ကြီး အတွင်းရှိ မြိတ်မြို့၊ ကျွန်းစုမြို့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်း မြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိတ္ထီလာမြို့၊ မန္တလေးမြို့နဲ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးမြို့၊ ရွှေစက်တော်ဒေသများသို့ သွားရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေး လုပ်ငန်းများ၊ တွေ့ဆုံအမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်လည်း ကလော၊ အောင်ပန်း၊ ဗထူး၊ ပြင်ဦးလွင် နဲ့ မန္တလေးမြို့များသို့ သွားရောက်၍ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ နှင့်် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည့် အခြေအနေများ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ယခုလ ၆ ရက်တွင် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးပြည်နယ်ဥက္ကဋ္ဌများ၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများကို နေပြည်တော်၌ တွေ့ဆုံ၍ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန် ရယူခဲ့ရမှုနှင့်စပ်လျဉ်းသည့် နောက်ခံ အခြေအနေများ၊ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးခဲ့သည့် နောက်ခံ အခြေအနေများ၊ နိုင်ငံ ရေးတွင်စစ်မှန်ရိုးသားသည့်နိုင်ငံရေး၊ တရားမျှတမှုရှိသည့်နိုင်ငံရေးဖြစ်ရန်၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်အရေးကြီးကြောင်းကို ရွေးကောက်ပွဲ မတိုင်မီ ၂ နှစ် အလိုကတည်းက ပြောကြားခဲ့သည့်အခြေအနေများ၊ ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်ချက်၊ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ဆောင်ချက်တို့နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည့် အခြေအနေများ။ ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဆက်လက်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ရာတွင် COVID-19 ကာကွယ်ဆေးထိုးများ ဆက်လက်ထိုးနှံရေး၊ ပညာသင်ကြားနိုင်ရေး၊ စာတတ် မြောက်စေရေးတို့ကို အလေးထားဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ ကို ဆွေးနွေးခဲ့သည့် အခြေအနေများ၊ တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက CDM လှုပ်ရှားမှုနှင့်ပတ်သက်ပြီး “CDM လှုပ်ရှားမှုသည် နိုင်ငံဖျက် သည့်လှုပ်ရှားမှု Country Destructive Movement” ဟု ပြောကြားခဲ့ပြီး CDM လှုပ်ရှား မှုကြောင့် ပြည်သူများအနေဖြင့် ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်နေသည့် အခြေအနေများ၊ COVID-19 ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်ဆေးရုံကြီးတစ်ခုတည်း၌ ပင် တစ်လ လူနာ ၇၄၂၂ ဦး တက်ရောက်ကုသလျက်ရှိပြီး တစ်လ သေဆုံးသူပျှမ်းမျှ ၅၃၉ ဦးရှိသည့်အခြေအနေများ၊ လက်ရှိအချိန်၌ တစ်နိုင်ငံလုံးတွင် ဆေးရုံ၊ ဆေးခန်းများ ကို ကျင့်ဝတ်ချိုးဖောက်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းအချို့ကြောင့် ဖွင့်လှစ် နိုင်ခြင်းမရှိသေးသည့် အခြေအနေများ၊ ရန်ကုန်ဆေးရုံကြီးတစ်ခုတည်း၌ပင် တစ်လ လူနာ ၅၀၀ ကျော် ပျှမ်းမျှသေဆုံးမှုရှိပါက လက်ရှိအခြေအနေတွင် လူနာများ မည်မျှသေဆုံးနေသည်ကို စဉ်းစားစေလိုသည့် အခြေအနေများနှင့် ယင်းသို့ လုပ်ဆောင်နေမှုများသည် သွေးအေးအေးနှင့် လူသတ်နေခြင်းပင်ဖြစ်ပြီး Genocide ဟု ခေါ်ဆိုနိုင်သည်ဟု ထင်မြင်မိသည့်အခြေအနေများအား ရှင်းလင်းပြောကြားပြီး လက်တွေ့ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အခြေအနေအား ရှင်းလင်းပြော ကြားမှု video clip ကို ပြသသည်။ ယင်းနောက် ထို့သို့လုပ်ဆောင်နေမှုများကို ပြည်တွင်းနှင့် ပြည်ပမှ အဖျက်အမှောင့် လုပ်ဆောင်သူများက ဦးဆောင်လျက်ရှိပြီး ပြည်ပရောက် မြန်မာ နိုင်ငံသားများပါရှိကာ ပြည်ပအထောက်အပံ့များကိုမျှော်လင့်၍ လုပ်ဆောင်နေခြင်း ဖြစ်သည့် အခြေအနေများ၊ မြန်မာ့ပြည်တွင်းရေးကို အစဉ်တစ်စိုက်နှောင့်ယှက်နေ သည့် ပြည်ပ အဖွဲ့အစည်းများလည်းပါရှိပြီး ပြည်တွင်း၌လည်း NLD အမာခံများ၊ အစွန်းရောက်များပါရှိကာ “CRPH သည်လည်း Committee Representing Pyi- Pyay Hluttaw ပြည်ပြေးလွှတ်တော်”ပင်ဖြစ်သည့် အခြေအနေများ၊ CDM ကို စတင်လှုံ့ဆော်ခဲ့သူ၊ ဦးဆောင်ခဲ့သူများအား ပြင်းပြင်းထန်ထန် ဥပဒေအရ အရေးယူ သွားမည်ဖြစ်သည့် အခြေအနေများ။ ဆက်လက်ပြီး တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားရာတွင် NLD ပါတီဝင်များနှင့် ထောက်ခံသူများအနေဖြင့် ပြည်သူများကို လမ်းပေါ်သို့ ရောက်ရှိလာစေရန်ရည်ရွယ်ပြီး နည်းမျိုးစုံနှင့် လှုံ့ဆော် ဆန္ဒပြခြင်းမှ တဖြည်းဖြည်း ခြိမ်းခြောက်အကျပ်ကိုင်ဖိအားပေးခြင်း၊ မပါဝင်သူများ ကို အသက်အန္တရာယ်ပြုသည်အထိ ပြုမူလုပ်ဆောင်လာခဲ့သည့် အခြေအနေများ၊ ငြိမ်းချမ်းစွာဆန္ဒပြမှု(Protect) မှတစ်ဆင့် ဆူပူအကြမ်းဖက်မှု(Riot)၊ မင်းမဲ့စရိုက် ဆန်သည့်(Anarchy Mob) ဥပဒေချိုးဖောက်မှု အဆင့်များ မှတစ်ဆင့် လက်နက်ကိုင် အကြမ်းဖက်သည့် (Insurrection) အဆင့်သို့ ကူးစက်အသွင်ပြောင်း လာခဲ့သည်ကို တွေ့ရှိလာရသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေ နှင့်အညီ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်နိုင်ရန် ကြိုးပမ်းမှုများကြောင့် ဆူပူအကြမ်းဖက်မှုများ အရှိန်လျော့ လာသကဲ့သို့ CDM လုပ်ဆောင်သူများအနေဖြင့်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ခန့်မှန်း ၃၀ ရာခိုင်နှုန်း ခန့်ရှိရာမှ ပြုလုပ်သူမရှိသည်အထိ ကျဆင်းလာသည်ကို တွေ့ရှိရသည့် အခြေအနေများ။ မတ်လအတွင်း ဆူပူအကြမ်းဖက်သူများ၏ ဖျက်ဆီးတိုက်ခိုက်မှုများ အနေဖြင့် ရဲစခန်း၊ ရဲကင်း ၄၉ နေရာ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၂၉ ခု၊ ရုံး၊ ဌာန ၃၉ ခု၊ လမ်း၊ တံတား ၁၁ ခု၊ ဘဏ် ၁၀ ခု၊ လူနေအိမ်များ၊ CCTV များ၊ ဖုန်းတာဝါတိုင်များ၊ ဂိုဒေါင်များ၊ ဈေးဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ ပါဝင်သည့် အခြားနေရာ ၇၂ နေရာကို မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိရသည့် အခြေအနေများ၊ ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၁၆ ဦး ကျဆုံးပြီး ၂၆၃ ဦး ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးပြီး မိသားစုဝင် ၁ ဦး သေဆုံးခဲ့ သည့် အခြေအနေများ၊ ဆူပူဆန္ဒပြသူ ကျား ၂၃၇ ဦး၊ မ ၁၁ ဦး ပေါင်း ၂၄၈ ဦး သေဆုံးခဲ့ပြီး ကျား ၃၈၆ ဦး၊ မ ၁၅ ဦး၊ ပေါင်း ၄၀၁ ဦး ဒဏ်ရာရရှိခဲ့သည့် အခြေ အနေများ၊ ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များသည် သာမန်ဆူပူမှု အဆင့်မှကျော်လွန်ကာ အကြမ်းဖက်မှုပုံသဏ္ဌာန်သို့ ပြောင်းလဲရောက်ရှိလာပြီး အပြစ်မဲ့ပြည်သူများနှင့် သံဃာတော်များကို ဖမ်းဆီးရိုက်နှက်ခြင်း၊ လူတစ်ဦးချင်း စီ၏ အရှက်နှင့်ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေပြီး လူ့အခွင့်အရေးချိုးဖောက် ခြင်းများ အထိ ဆောင်ရွက်လာခဲ့ကြသည်ကို တွေ့ရှိလာရသည့် အခြေအနေများ။ ဆူပူဆန္ဒပြမှု၊ မင်းမဲ့စရိုက်လှုပ်ရှားမှု၊ အကြမ်းဖက်မှုများ ဆောင်ရွက် နေသည့် NLD နှင့် NLD ထောက်ခံသူများသည် ဖောက်ခွဲဖျက်ဆီးမှု၊ မီးရှို့မှုများကို ပိုမိုလုပ်ဆောင်လာတာကိုတွေ့ရပြီး ယင်းသို့ လုပ်ဆောင်နေခြင်းသည် တည်ငြိမ် အေးချမ်းရေးကို လိုလားသည့် ပြည်သူလူထုအများစုမှ ၎င်းတို့၏ အဓိပ္ပာယ်မဲ့ ဆူပူ ဆန္ဒပြမှု၊ အကြမ်းဖက်မှု၊ မင်းမဲ့စရိုက်ဆန်ဆန်လှုပ်ရှားမှုများကိုထောက်ခံမှု မရှိ ခြင်ကြောင့်ပင်ဖြစ်သည့် အခြေအနေများ၊ အကြမ်းဖက် ဆန္ဒပြမှု၊ လမ်းပိတ်ဆို့ ဆန္ဒ ပြမှု၊ မီးရှို့မှု၊ ဒလံစွပ်စွဲသတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ အမှိုက်သပိတ်ကဲ့သို့ အဓိပ္ပာယ်မဲ့ဆောင်ရွက်ချက်များသည် ပြည်သူလူထုအများစု၏ နေ့စဉ်လူမှုစီးပွားဘဝ ကို ကြီးမားစွာထိခိုက်စေပြီး ယင်းဆန္ဒပြသူများ လျှော့နည်းသွားသည့်အခါတွင် အကြမ်းဖက်လုပ်ရပ်များကို ဦးစားပေး လုပ်ကိုင်လာသည် ကိုတွေ့ရှိရသည့် အခြေ အနေများ၊ ဧပြီလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ နှစ်ရက်တည်း၌ပင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ မိုင်းခွဲတိုက်ခိုက်မှု ၆ ကြိမ်၊ ရပ်ကွက်ရုံးများကို မီးရှို့တိုက်ခိုက်မှု ၅ ကြိမ်ရှိခဲ့ပြီး ဒီလို တိုက်ခိုက်မှုများကို NLD ပါတီဝင်များ၊ NLD ကိုထောက်ခံသူ အကြမ်းဖက်အစွန်းရောက်များက ဦးဆောင်ပြု လုပ်နေသည့် အခြေအနေများ၊ ထိုကဲ့သို့ တိုင်းဖျက်၊ ပြည်ဖျက်၊ ပြည်သူလူထု၏ နေ့စဉ်လူနေမှုဘဝကို ပျက် အောင်လုပ်ဆောင်နေမှုများကို ဆက်လက်လုပ်ဆောင်ရန်တွန်းအားပေး လှုံ့ဆော်သူ များရှိနေသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝလုံခြုံရေး၊ မိမိရပ်ကွက်၊ မြို့ရွာ လုံခြုံမှုရှိစေရေးတို့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုသည့် အခြေအနေများနှင့် ဆူပူအကြမ်းဖက်သူများသည် သာမာန် လူငယ်များကို မြှောက်ပင့်ကာ သွေးထိုးလှုံ့ဆော်ပေးပြီး လမ်းမှားရောက်အောင် တွန်းပို့လျက်ရှိနေသည့် အခြေအနေများ။ ဆက်လက်ပြီး တပ်မတော်ရဲ့လုပ်ဆောင်ချက်များအား ရှင်းလင်းပြော ကြားရာတွင် (၇၆)နှစ်မြောက် တပ်မတော်နေ့ ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ သည့် အခြေအနေများ၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတို့တွင် လူသားချင်းစာနာမှု မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့ အထိ ဘိန်းဖြူ ၁၉၈ ကီလိုကျော်၊ စိတ်ကြွ ဆေးပြား ၅၉၈ သိန်းကျော်၊ အိုက်စ် ၁၁၈၉ ကီလိုကျော်အပါအဝင် စုစုပေါင်းတန်ဖိုး ကျပ် ၁၀၂ ဘီလီယံကျော်ဖမ်းဆီးနိုင်ခဲ့သည့် အခြေအနေများ၊ စစ်နည်းဗျူဟာအဆင့် ဝေဟင် ရေပြင်၊ ရေအောက်စစ်ဆင်မှုနှင့် ပစ်ခတ်မှုလေ့ကျင့်ခန်း (နှစ်ဖက်တပ်ပါ) လေ့ကျင့် ခန်းကို ၄-၄-၂၀၂၁ ရက်နေ့မှ ၁၁-၄-၂၀၂၁ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော် တွင် ပြုလုပ်လျက်ရှိသည့် အခြေအနေများ၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိမည့် ဘူမိဖဿ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တွင် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။ မီဒီယာများ၏ သတင်းမှားဖော်ပြချက်များ၊ သွေးထိုးလှုံ့ဆော်မှုများ အနေ ဖြင့် အမေရိကန်စင်တာ ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ အချို့မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည်ဟု ချက်ချင်းသတင်းလိမ်လည် ထုတ်လွှင့် ခဲ့သည်ကိုတွေ့ရှိရပြီး အမေရိကန်စင်တာကို ပစ်ခတ်ခဲ့သည့် အေးသော်ကောင်းကို မတ်လ ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့သည့် အခြေအနေများ၊ အချို့ Media များ သည် လက်နက်ကိုင်သောင်းကျန်းမှုတွေဖြစ်လာအောင် သွေးထိုးလှုံ့ဆော်မှုများ၊ ပြည်တွင်း စစ် ဖြစ်လာနိုင်သည်ဆိုသည့် နှပ်ကြောင်းပေးမှုများကို တွေ့ရှိနေရပြီး ယင်းသို့ လုပ်ဆောင်နေမှုများသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အန္တရာယ်များ သည့် ကိစ္စဖြစ်ပြီး လူငယ်၊ လူရွယ်များကို လမ်းမှားရောက်အောင် တွန်းပို့နေခြင်း ဖြစ်သည့် အခြေအနေများ၊ ထို့ကြောင့် လက်ရှိဖြစ် ပွားနေဆဲဖြစ်သည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ လူထုနှင့် ပူးပေါင်းနှိမ်နင်းသွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလို သည့် အခြေအနေများ။ နိုင်ငံတော်အဆင့် လာဘ်ပေး၊ လာဘ်ယူမှုတွေ၊ မသမာမှုများကို စုံစမ်းဖော် ထုတ်လျက်ရှိရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ သည် ဝန်ကြီးချုပ်ရာထူးနှင့် လုပ်ပိုင်ခွင့်ကိုအကြောင်းပြပြီး စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများရယူသုံးစွဲခဲ့ပြီး နိုင်ငံတော်၏ငွေကြေးပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ စစ်ဆေး ပေါ်ပေါက်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ-၅၅ အရ အမှုဖွင့်ထားသည့် အခြေအနေများ၊ အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဟောင်း ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင် တို့သည် ဘားအံ့မြို့၊ ကမ်းနားလမ်း သာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်း စီမံကိန်းနှင့်စပ်လျဉ်းပြီး နိုင်ငံတော် ဘဏ္ဍာငွေကျပ်သန်း ၅၃၇၀ ကျော်ကို နစ်နာစေခဲ့မှု၊ ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကာလအတွင်း ဒေသဖွံ့ဖြိုးရေး အကြောင်း ပြပြီး စီးပွားရေးလုပ်ငန်းအသီးသီးမှ ကောက်ခံခဲ့သည့် ရန်ပုံငွေများအား နိုင်ငံတော် ဘဏ္ဍာစာရင်းသို့ ပေးသွင်းရမည်ဖြစ်သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပုဂ္ဂလိကဘဏ်များမှာ သီးခြားငွေစာရင်းများဖွင့်ကာ ငွေကျပ်သန်း ၉၆၉၇ ကျော်ကို လက်ခံရယူခဲ့ခြင်း၊ နိုင်ငံတော် ဘဏ္ဍာငွေနှင့် သက်ဆိုင်နေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို စုစုပေါင်းငွေကျပ်သိန်း ၇၄၂၅ ကို ပုဂ္ဂိုလ် ၁၉ ဦးသို့ ထုတ်ချေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိသည့်အတွက် နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးခြင်း၊ အဆင့်မြင့် ဈေးဝယ် စင်တာ တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်းပြီး လုပ်ငန်းတင်ဒါအောင်မြင်သည့် ကုမ္ပဏီထံမှ ငွေကျပ်သိန်း ၅၀၀၀ ကို ကြိုတင်လက်ခံရယူခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာ ငွေစာရင်းသို့ ပေးသွင်းမှု မရှိခြင်း၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ဆေးကုရာတွင် ပြည်နယ်ရန်ပုံငွေ ၁၆.၅ သိန်းကိုရယူသုံးစွဲခြင်း၊ ဦးသန်းနိုင်သည် ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ထိုင်းနိုင်ငံ၌ ဆေးကုသစဉ် လုပ်ငန်းရှင်တစ်ဦးထံမှ အမေရိကန် ဒေါ်လာ ၁ သောင်းရယူခဲ့ခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ မဲဆွယ် စည်းရုံးရေးကာလ၌ ကျေးရွာများသို့ မဲဆွယ်ခရီးသွားစဉ် ကုန်ကျစရိတ် သိန်း ၅၀ ကို လုပ်ငန်းရှင်တစ်ဦးထံမှ ရယူခဲ့ခြင်းတို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၅ အရ အမှုဖွင့်လှစ်ထားရှိသည့် အခြေအနေများနှင့် ဒေါ်နန်းခင်ထွေးမြင့်အနေဖြင့် ကျပ်သန်း ၁၆၃၂၀ ကို အလွဲသုံးစားလုပ်ခဲ့သည်ကို တွေ့ရှိရသည့် အခြေအနေများ။ ဆန္ဒပြမှုတွေကို သုံးသပ်ကြည့်ပါက NLD ကို ထောက်ခံပြီး ရိုးရိုးသားသား မဲပေးသူများနှင့် NLD အစွန်းရောက်နှင့် အစွန်းရောက်ပါတီဝင်များဟူ၍ နှစ်မျိုး နှစ်စားရှိသည်ကို တွေ့ရှိရမည်ဖြစ်ပြီး ဒုတိယအမျိုးအစားတွင် ပါဝင်သူများသည် မဲလိမ်မဲခိုးမှုများတွင် ထဲထဲဝင်ဝင်ပတ်သက်ဦးဆောင်ခဲ့သည့် အခြေအနေများ၊ လက်ရှိ အကြမ်းဖက်လက်နက်ကိုင်ဆန္ဒပြမှုများတွင် ဒုတိယအုပ်စုများသည် ထဲထဲ ဝင်ဝင်ပတ်သက်နေပြီး ရွေးကောက်ပွဲ ကော်မရှင်က မဲလိမ်မဲခိုးမှုများကို ဖော်ထုတ် ပြီး အရေးယူခံရမည်ကို ကြောက်ရွံ့ခြင်း၊ ၎င်းတို့၏မသမာမှုများကို ပြည်သူများ သိရှိ မည်ကိုစိုးရွံ့ခြင်း တို့အတွက် အကြမ်းဖက်လုပ်ရပ်များကို မျက်လုံးစုံမှိတ်လုပ်ဆောင် နေခြင်း ဖြစ်ပြီး ၁၉၅၆ ခုနှစ် ဟယ်ရီတန်အရေးအခင်းကဲ့သို့ ဖြစ်သည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၉ သန်းကျော်ရှိပြီး မဲမသမာမှု ၁၀.၄ သန်းရှိခဲ့ကာ မဲမပေးမီ ကြိုတင်အခင်း အကျင်းများ ကတည်းက မတရားမှုများ ရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံ့ကံကြမ္မာ၊ ပြည်သူလူထုကံကြမ္မာကို ဆောင်ရွက်မည့် အစိုးရ၊ လွှတ်တော်အဖွဲ့အစည်းသည် “ ဟယ်ရီတန်ကြောင့် စာမေးပွဲအောင်သလို ” လုပ်လို့မရဘဲ မဲလိမ်၊ မဲခိုး၊ မဲမသမာခြင်းသည် ဒီမိုကရေစီစနစ်၊ ပြည်သူ့ဆန္ဒကို ပျက်ရယ်ပြုခြင်း၊ ဖျက်ဆီးခြင်းပင်ဖြစ်သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် ဒီမိုကရေစီရှင်သန်စေရေး ဆောင်ရွက်နေခြင်းပင်ဖြစ်ပြီး မသမာသူများ၏ သွေးထိုး လှုံ့ဆော်မှုများကို မိဘပြည်သူများအနေဖြင့် သတိရှိကြရန် လိုအပ်မည်ဖြစ်သည့် အခြေအနေများကို Powerpoint Presentation များ၊ Video Clip များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က လက်ရှိပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကျင်းပ ပြီးစီးသည့်ကာလများတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုအခြေအနေများနှင့် ပတ်သက် ၍ သက်သေအထောက်အထားများဖြင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှသတင်းထောက် များ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေး အဖွဲ့ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာ ရှင်းလင်း ပွဲကို ရုပ်သိမ်းခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများမှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာ ရှင်းလင်းပွဲ ဆိုင်ရာအချက်အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်းလက်တွေ့ စစ်ဆေး ချက်များနှင့် သိရှိနိုင်ရန်လိုအပ်သည့် တွေ့ရှိချက်အထောက်အထားများ၊ သိမ်းဆည်း ရမိသည့် ဆူပူအကြမ်းဖက်လှုပ်ရှားမှုများတွင် အသုံးပြုလာသော ဒေသန္တရလုပ် လက်နက်၊ ကိရိယာပစ္စည်းများ စသည်တို့ကိုခင်းကျင်းပြသထားရှိရာ သတင်းစာ ရှင်းလင်းပွဲတက်ရောက်လာကြသူများက လိုက်လံကြည့်ရှု လေ့လာကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့သည်။ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များလာရောက် သတင်းရယူ ခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်း ပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကိုဆက်လက် ဖော်ပြသွား မည်ဖြစ် ကြောင်းသတင်းရရှိသည်။