Skip to main content

ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ နဝမနေ့ဆက်လက်ကျင်းပ

နေပြည်တော် ဧပြီ ၉ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကိုဗစ် - ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ကျင်းပသည်။ ယနေ့တွင် ရောင်းချပွဲ အဋ္ဌမနေ့ က အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေး ခဲ့သည့် ကျောက်စိမ်း အတွဲအမှတ်(၁၃၅၁) မှ အတွဲအမှတ် (၁၈၀၀)အထိ အတွဲပေါင်း(၄၅၀) တွင် ကျောက်စိမ်းအတွဲ ၄၄၃ တွဲ ကို မြန်မာ ငွေကျပ် ၇၆၄၇၈၇၂၉၄၃ ဖြင့်ရောင်းချနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယခုရောင်းချပွဲ နဝမနေ့တွင် ကျောက်စိမ်းအတွဲအမှတ်( ၁၈၀၁) မှ အတွဲအမှတ် (၂၁၄၈) အထိကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့်ရောင်းချပေးခဲ့ရာ ရတနာ ကုန်သည်များက မဏိရတနာကျောက်စိမ်းခန်းမအတွင်း သတ်မှတ် နယ်မြေ အလိုက် ခင်းကျင်းပြသထား သည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်း လွှာများကို တင်ဒါပုံးများအတွင်းသို့ နံနက် ၁၁ နာရီနောက်ဆုံးထား၍ ထည့်သွင်းကြသည်။ ထို့နောက် ကျောက်စိမ်းအတွဲအမှတ်( ၁၈၀၁) မှ အတွဲအမှတ် (၂၁၄၈) အထိတင်သွင်းထားသည့် ဈေးနှုန်း တင်သွင်း လွှာများကို တာဝန်ရှိသူများက နံနက် ၁၁ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ ဧပြီ ၁၀ ရက်နံ နက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။ ကျောက်စိမ်းအတွဲများရောင်းချခဲ့ရမှုများအနေဖြင့် ကျောက်စိမ်းအတွဲအမှတ်(၁)မှ အတွဲအမှတ်(၄၅၀)အထိ အတွဲပေါင်း (၄၅၀)တွင် ကျောက် စိမ်းအတွဲ ၃၂၆ တွဲကို မြန်မာ ငွေကျပ် ၃၉၂၂၆၉၇၃၁၁ ဖြင့်လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ်(၄၅၁) မှ အတွဲ အမှတ်(၉၀၀) အထိကျောက်စိမ်းအတွဲပေါင်း ၄၅၀တွင် အတွဲ ပေါင်း ၄၀၇ တွဲကို မြန်မာငွေ ကျပ် ၃၅၁၀၁၉၉၇၀၈ ဖြင့်လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ် (၉၀၁) မှ အတွဲအမှတ် (၁၃၅၀)အထိ အတွဲပေါင်း ၄၅၀ တွင် ကျောက်စိမ်း အတွဲ ၄၃၂ တွဲကို မြန်မာ ငွေကျပ် ၉၂၀၃၉၄၅၇၀၇ ဖြင့်လည်း ကောင်း ရောင်းချနိုင် ခဲ့ကြောင်း သိရသည်။ သတင်းစဉ်