နေပြည်တော် ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ဆူပူအကြမ်းဖက်သူ ၅၀ ခန့်မှ ဧပြီ ၈ ရက်တွင် ဆီဘောက်စာ ယာဉ်မောင်းထံမှ ဖုန်းနှင့်ပိုက်ဆံများလုယူပြီး ဆီဘောက်ဆာယာဉ်အား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်အရ ဧပြီ ၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် မြိုင်မြို့နယ်၊ မြိုင်-ဂန့်ဂေါသွား ကားလမ်းပေါ် လက်ပံတိုရေနံမြေမှ မုံရွာမြို့နယ် ကျောက်ကာကျေးရွာသို့ မြိုင်မြို့နယ်၊ သနပ်ရင်း ကျေးရွာနေ သန်းကျော် (၃၃)နှစ် (ဘ) ဦးကျော်မင်း မောင်းနှင်ပြီး ဗဟင်းကျေးရွာနေ လှမင်းသူ (၂၃)နှစ် (ဘ) ဦးကျော်မင်း လိုက်ပါလာသည့် YGN 4K-xxxx နံပါတ်ပါ ၂၂ ဘီး ဆီဘောက်ဆာယာဉ်ကို တောင်ရိုးကျေးရွာနှင့် သံချောင်းကျေးရွာအကြားအရောက်တွင် မျက်နှာကို ပုဆိုးများဖြင့် စည်းထားသည့် ဆူပူအကြမ်းဖက်သူ အမျိုသား ၅၀ ခန့် (စိစစ်ဆဲ)မှ ဆိုင်ကယ်အစီး ၃၀ ခန့်ဖြင့် လမ်းပိတ်ဆို့တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ၂ ဦးကို ယာဉ်ပေါ်မှ ဆင်းခိုင်းပြီး ယာဉ်မောင်းဖြစ်သူ သန်းကျော် ထံမှ ဖုန်း ၂ လုံးနှင့် ငွေကျပ် ၃ သိန်းတို့အား လုယူခဲ့ပြီး ယာဉ်ခေါင်းခန်းအား မီးရှို့၍ သံချောင်းကျေးရွာဘက်သို့ ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်း သတ်ခဲ့ရာ ညနေ ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါယာဉ်၏ ယာဉ်ခေါင်းတွဲ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်တွင် ဆီဘောက်ဆာယာဉ်မောင်းထံမှ ဖုန်းနှင့် ပိုက်ဆံများလုယူပြီး ယာဉ်ကို မီးရှို့ဖျက်ဆီးကာ မင်းမဲ့ စရိုက်ဆန်ဆန် အကြမ်းဖက်လုယက်ဖျက်ဆီးခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)