Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဝန်ထမ်းများနှင့်တွေ့ဆုံ

 

နေပြည်တော် ဧပြီ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် ယမန်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် လူမှု ဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စစ်တွေမြို့အခြေစိုက် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံရာ၌ ဒုတိယဝန်ကြီးက နိုင်ငံတော်၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လုပ်ငန်းစဉ်နှင့် ဆောင်ရွက်နေမှုများကို ကနဦး ဆွေးနွေးရှင်းလင်းသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ ရာနှုန်းပြည့်နီးပါး ရုံးတက်၍ တာဝန်များ ကျေပွန်စွာထမ်းဆောင်နေမှုကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ ဒေသခံအများစု မိမိဒေသတွင် ပြန်လည်တာဝန်ကျနေသည်ကိုတွေ့ရ၍ ဝမ်းသာကြောင်း၊ ပြည်သူများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်နေသည့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မည်သည့် အခြေအနေတွင်မဆို လုပ်ငန်းများရပ်တန့်၍ မရပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ဒေသနေပြည်သူများ ကောင်းကျိုးကို ရှေးရှု၍ နှလုံးသားဆန္ဒဖြင့် ပြည်သူအတွက် ဝန်ဆောင်မှုပေးနေခြင်းကို အသိအမှတ်ပြု ကျေးဇူး တင်ကြောင်း၊ အလားတူ ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ယုံကြည်ပါ ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေး အမြဲဆောင်ရွက်နေ ရမည်ဖြစ်သကဲ့သို့ ကျန်းမာကြံ့ခိုင်မှုကိုရှေးရှု၍ ပြည်သူကို ကူညီကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းဖြစ်သော စစ်တွေ ဘိုးဘွား ရိပ်သာအတွက် ထောက်ပံ့ကြေးငွေကျေပ် (၆၆၈၁၀၀ဝိ/-) ကိုပေးအပ်ရာ ဘိုးဘွားရိပ်သာ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံး သိုလှောင်ရုံသို့ သွားရောက်စစ်ဆေးကာ တာဝန်ရှိသူများကို ကယ်ဆယ်ရေးပစ္စည်း ထားသို သုံးစွဲမှုများ စနစ် တကျဖြစ်စေရေး၊ နိုင်ငံတော်ပိုင်ပစ္စည်းများ ပြင်ပ ပယောဂ တစ်ရပ်ရပ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန်   အလေးထားဆောင်ရွက် ရေး၊   သဘာဝ ဘေးများအတွက်   ကူညီနေသည့် ဌာနဖြစ်သည်နှင့်အညီ မမျှော်မှန်း နိုင်သည့် ဘေးများကြုံတွေ့ရပါက သိုလှောင်ရုံတွင် ဆောင်ရွက်ရန်များကို စနစ်တကျ စီမံချက် ပြုစုထား သည့်အတိုင်း အရာထမ်း၊ အမှုထမ်းအားလုံးက သိရှိဆောင်ရွက်တတ်စေရန် ပြင်ဆင်ထားရေးတို့ကို မှာကြားခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ထားရှိ သုံးစွဲမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)