Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ပြီ ၈

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဧပြီ ၁၀ ရက်(စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် တချို့ ကိစ္စများသည် မိမိနှင့် တိုက်ရိုက်မပတ်သက်သော်လည်း ၎င်း၏ဆိုးကျိုးသည် ပတ်ဝန်းကျင် ရှိ အရာအားလုံးအပေါ်၌ သက်ရောက်မှုရှိနိုင်ပုံ အကြောင်းကို ပညာပေးတင်ဆက်ထားသည့် “စုပေါင်းညီညာ အောင်ကြောင်း ဖြာမျက်နှာဖုံးဇာတ်လမ်း၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြောင်းကို  ဗဟုသုတဖြစ်ဖွယ် တင်ဆက် ထားသည့် “တန်ခူးလသင်္ကြန်ပွဲတော်နှင့် ကောင်းမှုအလှူများ သုတဆောင်းပါးနှင့် မြန်မာ့ တူရိယာတစ်မျိုးဖြစ်သည့် စည်းဝါးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “စည်း ဝါးအကြောင်း သိကောင်းစရာ သုတဆောင်းပါး၊ ကလေးများပေးပို့သော ကာတွန်းများကို ဖော်ပြ ပေးထားသည့် “ရွှေသွေးတို့ လက်ရာ ကဏ္ဍ၊ သူတစ်ပါးအပေါ်တွင် စိတ်ကောင်းစေတနာထားပါက မိမိတွင်လည်း ကောင်းကျိုးရနိုင်ပုံ အကြောင်းကို တင်ဆက်ထားသည့် “ပုပုပါဝင်သည့် စေတနာ နှစ်မျက်နှာကာတွန်း၊ တိရစ္ဆာန်ပင် ဖြစ်သော်လည်း သခင်အပေါ်တွင် ကျေးဇူးသိတတ်သည့် ခွေးလေးအကြောင်းကို တင်ဆက်ထားသော “ကျေးဇူးကန်းတဲ့ မုဆိုး ကလေးဝတ္ထု။ နာမ်ရှေ့တွဲသုံး စကားလုံးများ (Determiner) အကြောင်းကို လေ့ကျင့်ခန်းများ နှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ အင်္ဂလိပ်စာသင်ခန်းစာ ကဏ္ဍအပါအဝင် ဉာဏ်စမ်း ကဏ္ဍ၊ ကဗျာကဏ္ဍ စုံလင်စွာဖြင့် ဖတ်စရာမှတ်စရာများ ပါရှိကြောင်း သိရသည်။

သတင်းစဉ်