နေပြည်တော်၊ မတ် ၂၈
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် နေပြည်တော်ကောင်စီ နယ်မြေမှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ပေးအပ်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီနယ်မြေ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်နာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသော ဘွဲ့ခံဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်း ဝန်များနှင့် ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီနယ်မြေ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ တပ်ကုန်းမြို့ ရွှေအင်းရိပ်သာပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ပုဗ္ဗသီရိမြို့ အောင်စည်သာပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏက သမ္မောဒနီယဩဝါဒ ကထာကို မြွက်ကြား ချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင် မောင်နိုင်က သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိစက္ခဏ နှင့် တပ်ကုန်းမြို့နယ် ရွှေအင်းရိပ်သာ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသာမိ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇဘွဲ့တံတော်ရ ဒက္ခိဏသီရိမြို့နယ် ရွှေစေတီတောရကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣဿရိယထံတို့ကို ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ် ပူဇော်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါ စကပဏ္ဍိတ၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဋ္ဌာ နာစရိယ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ဂန္ထဝါ စကပဏ္ဍိတနှင့် သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ပေးအပ်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီနယ်မြေ သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တဣန္ဒာဝုဓထံမှ ဧည့်ပရိသတ်တို့က အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ယနေ့ကျင်းပသည့် နေပြည်တော်ကောင်စီနယ်မြေမှ ၂၀၂၁ ခုနှစ် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် ပူဇော်ပွဲ အခမ်းအနားတွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ ဆရာတော် (၂)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၂)၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရဆရာတော် (၃)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရဆရာတော် (၄)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၄)ပါး၊ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၁)ပါး၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၁) ပါး၊ ဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၇) ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၅) ပါး၊ ဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၂) ပါးနှင့် မဟာသဒ္ဓမ္မဇောတိဥဓဇ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်(၂) ဦး တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ဆက်ကပ်ပူဇော် ပေးအပ်ခဲ့ကြောင်း သိရသည်။
သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံရသော ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ ယနေ့နံနက်ပိုင်းက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)