နေပြည်တော် မတ် ၂၅ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေရာ ဒေသအချို့တွင် ဆူပူအကြမ်း ဖက်မှုလုပ်ရပ်များ၌ အသုံးပြုမည့် လက်နက်၊ ပစ္စည်း ကိရိယာများ၊ နှင့် လက်ဝယ်ထားရှိသူများကို ဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ သတင်းထုတ်ပြန် ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ ခန့် က ဆူပူအကြမ်းဖက်မှုလုပ်ရပ် များတွင် အသုံးပြုရန်အတွက် လက်နက်ကိရိယာများ သိမ်း ဆည်းထားရှိကြောင်းသတင်းအရ ထားဝယ်မြို့၊ ကြက်စားပြင် ရပ်ကွက်၊ (၈)လမ်းနေ ဝေယံဌေး (ခ) ဝေယံ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ် အတွင်း ဝေယံဌေး(ခ) ဝေယံ (၂၃) နှစ် (ဘ) ဦးကျော်နိုင် အပါအဝင် တစ်ရပ်ကွက်တည်းနေ ဖြိုးမင်းကို (၂၂)နှစ် (ဘ) ဦးညီညီလွင်နှင့် မင်းကိုဦး (၂၈)နှစ်၊ (ဘ) ဦးညိုဝင်း တို့ ၃ ဦး ကို တွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပြီး ဆက်လက်ရှာဖွေ ခဲ့ရာ နေအိမ်အတွင်းမှ ဂက်(စ်) သေနတ် ၁ လက်၊ သံဘောစေ့ (၁၀၀)ပါသံဘူး၂ဘူး၊ သံဘောစေ့ ကြီး၂လုံး၊ ဓာတ်ငွေ့ကာမျက်နှာဖုံး ၃ ခုနှင့် ကျည်ကာအင်္ကျီ ၁ ထည် တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း။ ။ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဝေယံဌေး၏နေအိမ်ကို ဝင်ရောက် ရှာဖွေနေစဉ် နံနက် ၈ နာရီ မိနစ် ၅၀ ခန့်၌ လူစုလူဝေးအင်အား ၃၀ ခန့်မှ စုဝေးရောက်ရှိလာပြီး ဆူပူဆန္ဒပြနေသဖြင့် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့် ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၉ နာရီတွင် လူစုကွဲသွား ခဲ့ကြောင်း။ အလားတူ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မရမ်းကုန်းမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အောင်သဇင်ဓမ္မာရုံသို့ သတင်း အရဝင်ရောက်ရှာဖွေခဲ့ရာ ရဲလင်း ထက် (၂၁)နှစ်(ဘ) ဦးအောင်လင်း၊ ဇွဲသီဟ (၂၀)နှစ် (ဘ) ဦးကိုကို အောင်၊ ဇင်မင်းပိုင် (၁၂)နှစ် (ဘ) ဦးအေးပိုင်၊ အာကာဦး (၁၇)နှစ် (ဘ) ဦးသန်းနိုင်စိုးနှင့် သက်ပိုင်ဦး (၁၇)နှစ် (ဘ) ဦးသံချောင်းတို့ ၅ ဦးကို တွေ့ရှိရသဖြင့် ထိန်းသိမ်း ခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ ဓမ္မာရုံအတွင်းမှ ဂျင်ကလိ အချောင်း ၅၀ ၊ ကျည်ကာအင်္ကျီ ၅ ထည်၊ လက်လုပ်ဗုံး ၅ လုံး၊ ဓား ၂ ချောင်း၊ မီးခိုးကာ မျက်မှန် ၉ ခု၊ ကယ်ဆယ်ရေးအကျီ၁၀ ထည်နှင့် ဆက်စပ်ပစ္စည်း ကိရိယာများ သိမ်းဆည်းရမိခဲ့ကြောင်း။ ထိုကဲ့သို့ ဆူပူအကြမ်းဖက်မှု “လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်ကိရိယာများ သိမ်း ဆည်းရမိမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေနှင့် အညီ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ သတင်းစဉ်
နောက်ဆုံးရသတင်းများ

25 Jun, 2025