Skip to main content

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်ကိရိယာများကို လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၅ မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်ကိရိယာများကို လက်ဝယ် ထားရှိသူများနှင့်အတူဆက်လက်ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အတွက်ဆူပူအကြမ်းဖက်လူစုလူဝေး ထိန်းသိမ်းခြင်းများ၊ ဆူပူအကြမ်းဖက်သူ လူစုလူဝေး များမှ အများပြည်သူသုံး လမ်းမကြီးများနှင့် လမ်းသွယ်များတွင် ပြုလုပ်ထားရှိသော အတား အဆီးများ ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများအားဆောင်ရွက်နေသကဲ့သို့ အကြမ်း ဖက်မှု လုပ်ရပ်များ တွင် အသုံးပြုရန်အတွက် ရည်ရွယ်ပြုလုပ်ထားရှိသော လက်နက် ပစ္စည်း ကိရိယာများကို ဖော်ထုတ်ဖမ်းဆီး ခြင်းများကိုလည်း နေ့စဉ်ဆောင်ရွက်လျက်ရှိ ကြောင်း။ ထိုသို့ဆောင်ရွက်ခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် သတင်းအရ မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်မြို့၊ ရွှေနံ့သာစံပြ ကျေးရွာအုပ်စု၊ ဂန္ဓမာ(၇)လမ်းနေ ဒေါ်သန္တာမိုး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဒေါ်သန္တာမိုးအား မတွေ့ရှိရဘဲ ၎င်း၏ခဲအိုဖြစ်သူ စည်သူဝင်း (၄၈)နှစ် (ဘ) ဦးတင်ဝင်းအား တွေ့ရှိသဖြင့် ထိန်းသိမ်းပြီး ဆက်လက်ရှာဖွေခဲ့ရာ စည်သူဝင်းထံမှ နံပါတ်တုတ် ( ၁ ချောင်း၊ အပြာရောင်တော်ဦးထုပ် ၁ လုံး၊ လေးခွ ၁ လက်၊ လောက်စာလုံး ၃၀၊ ဂျင်ကလိပစ်လေးခွ ၂ လက်နှင့် ဂျင်ကလိ ၁၄ ချောင်းတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း။ အလားတူ နံနက် ၉ နာရီခွဲတွင် သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏမြို့၊ ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့် နောင်လမ်း၊ သောကြာဆွမ်းလောင်းအသင်း ဓမ္မာရုံ အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ မျိုးလွင် (၄၁)နှစ် (ဘ) ဦးတင်ငွေ၊ အောင်ကျော်ဦး (၃၅) နှစ် (ဘ) ဦးငွေလှိုင်၊ အောင်ဖြိုး (၂၄)နှစ် (ဘ) ဦးချစ်လှိုင်၊ သီဟနိုင် (၂၃)နှစ် (ဘ) ဦးကိုဌေးနှင့် ထွန်းနိုင်ဝင်း (၃၆)နှစ် (ဘ) ဦးဝင်းကြည်တို့ (၅)ဦးအား တွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ ကော်ပိုက်ဖြင့် ပြုလုပ်ထားသော ဂက်(စ်)သေနတ်၅ လက်၊ လက်လုပ်ဗုံးသီး ၁၆ လုံး၊ မီးစာကြိုးတပ် ဓာတ်ဆီပုလင်းမျိုးစုံ ၁၁၁ လုံး၊ လေးမြှင့်ဆူးချွန် ၂၂၀ ခု၊ ဂျင်ကလိမျိုးစုံ ၉၀ ချောင်း၊ ကျည်ကာမျိုးစုံ ၆ ထည်၊ ဓားမျိုးစုံ ၁၁ ချောင်း၊ သံဒိုင်း ၁၀ ခု၊ စကားပြောစက် ၃ လုံးနှင့် အလေးချိန် ၃ ကျပ်သားခန့်ရှိ ကာပိုက်ယမ်းအထုပ်ငယ် ၂၂၀ တို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း။ ဆက်လက်၍ ကြိုတင်သတင်းရရှိထားသည့် ဘုရင့်နောင်လမ်းအတွင်း ရပ်တန့်ထားသော YGN 4D-8296 SURF 3090 pewn or spoop ယာဉ်နှင့်အတူ ကော်ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ် ၂ လက်၊ ဂက်(စ်)ဘူးအသေး ၂၈ ဘူး၊ အဖြူရောင်ထိပ်ချွန်ခမောက် ၁၀ လုံးတို့အား ပိုင်ရှင်မဲ့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း။ ။ အလားတူ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် သတင်းအရ ညောင်တုန်းမြို့၊ (၇)ရပ်ကွက်နေ နေဝင်းထွန်း၏ နေအိမ်အားဝင်ရောက်ရှာဖွေခဲ့ရာ နေဝင်းထွန်း (၃၃) နှစ် (ဘ) ဦးတင်ငြိမ်းအား တွေ့ရှိဖမ်းဆီးရမိပြီး ၎င်းခြံဝင်းအတွင်းမှ သံဘောစေ့ဖြင့် ပစ်ခတ်ရသော လက်လုပ်လေသေနတ် ၃ လက်နှင့် ပြုလုပ်ဆဲ လေသေနတ် ၁ လက်တို့အား သိမ်းဆည်းရမိခဲ့ ကြောင်း။ ဆက်လက်၍ အဆိုပါရပ်ကွက်နေ စောသန်း အောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ စောသန်းအောင် (၄၄)နှစ် (ဘ) ဦးမောင်သန်းအား နေအိမ်တွင် မတွေ့ရှိရဘဲ၎င်းနေအိမ်ခြံဝင်း အတွင်းမှ ဂျင်ကလိ ၂၄ ချောင်း၊ သံဖြတ်စက် ၁ ခုနှင့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး စောသန်းအောင် | အား နံနက် ၁၁ နာရီခွဲခန့်တွင် ညောင်တုန်းမြို့နယ် အသင်းစုကျေးရွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း။ အလားတူ နံနက် ၁၀ နာရီခွဲခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် သတင်းအရ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ အုပ်စု (၃)၊ ကန္ဒရဝတီလမ်း၊ | အိမ်အမှတ် (မ-၁၆၄)ရှိ "7 Star" ကုန်စုံဆိုင်အား ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါ ဆိုင်ရှင်ဖြစ်သူ ကျော်ပိုင်ဖြိုး (၂၈)နှစ် (ဘ) ဦးလှမြင့်အား တွေ့ရှိရ သဖြင့် ထိန်းသိမ်းခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ ခဲကျည် | (၂၅)ဘူး၊ ခဲကျည် ၁၅၀ ခန့်ပါ အထုပ် ၁ ထုပ်၊ သံဘောစေ့(၂၀)ဘူး၊ သံဘောစေ့ ၅ဝ လုံးပါ အထုပ် ၂၅ထုပ်၊ ယမ်းကတ်၆ဘူး၊ စပရိန်ဆိုဒ်စုံ ၁၆ချောင်း၊ ၄လက်မခန့်ရှိ ခဲပြား၁ ပြား၊ အလျား ၉ လက်မခန့်ရှိ ခဲချောင်း ၁ ချောင်း၊ လေသေနတ်အတို ၁ လက်၊ ပြုလုပ်ဆဲလေသေနတ် ၁ လက်နှင့် လက်လုပ် သေနတ်များ ပြုလုပ်ရာတွင် အသုံးပြုမည့် ဆက်စပ် ပစ္စည်းများကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း ။ အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်