နေပြည်တော် မတ် ၂၅ မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ်၌ ဆူပူအကြမ်းဖက် သူ လူစုလူဝေးအား ဖြိုခွဲစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သူ အမျိုး သား တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါသတင်းထုတ်ပြန်ချက် အရမတ် ၂၄ ရက်ည ၁၁ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် မန္တလေး မြို့ပေါ် ရပ်ကွက်များအတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လှည့်ကင်းယာဉ်များဖြင့် ညပိုင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ချမ်းအေးသာစံမြို့နယ်၊ သင်္ဂဇာ အရှေ့ဘက်လမ်း၊ ၂၉ x ၃၀ လမ်းထောင့်အရောက်တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေး အင်အား ၅၀ ခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်များကို တားဆီးပိတ်ဆို့ ကာ အော်ဟစ်ဆဲဆိုပြီး တာဝန် ဆက်လက်ထမ်းဆောင်၍ မရ အောင် လေးခွ၊ ဂျင်ကလိ၊ကျောက်ခဲများဖြင့် အကြောင်းမဲ့ ရန်ပြု အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ ည ၁၁ နာရီခွဲခန့်တွင် လူစုကွဲသွား ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့် ဝင်ရောက်ထိုးခုတ် တိုက်ခိုက်ခဲ့သူ အမျိုးသား တစ်ဦး မှာ ထိခိုက်ဒဏ်ရာရရှိ သေဆုံးခဲ့ ကြောင်း။ ဆူပူအကြမ်းဖက်သူ လူစု လူဝေး၏ အကြောင်းမဲ့ရန်ပြု အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့သုံး မော်တော် ယာဉ်နှစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါ အကြမ်းဖက်လူအုပ်စု အတွင်းမှ ချမ်းအေးသာစံမြို့နယ် | ဒေးဝန်းအနောက်ရပ်ကွက်နေ ကျော်သူထက် (၃၀)နှစ် (ဘ) ဦးသန်းပိုပါ နှစ်ဦးကို ဆူပူအကြမ်း ဖက်ရာတွင် အသုံးပြုခဲ့သည့် ဓားရှည် တစ်ချောင်း၊ ဓားမြှောင် တစ်ချောင်း၊ စမုတ်တံများ၊ သံချွန် တစ်ချောင်း၊ လေးခွ၊ လေးသီး၊ ဖန်ဂေါ်လီများနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း။ အထက်ပါ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်အတွင်း လူသေဆုံးမှုအား ရဲလုပ်ငန်းစဉ်နှင့်အညီ သေမှု သေခင်းရေးဖွင့်ပြီး ဖမ်းဆီးရမိသူ ကျော်သူထက်ပါ နှစ်ဦးကို ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူနိုင် ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ သတင်းစဉ်
နောက်ဆုံးရသတင်းများ

25 Jun, 2025