နေပြည်တော် မတ် ၂၅
ရန်ကုန်မြို့ရှိ မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများ ပြေးဆွဲခြင်း ဒုတိယနေ့ခရီးစဉ်အဖြစ် ယနေ့တွင် အင်းစိန်ဘူတာမှ လူစီးတွဲ (၃)တွဲပါ RBE ရထားတွဲဆိုင်းကို လက်ဝဲရစ် လမ်းကြောင်းအတိုင်း နံနက် ၈ နာရီ ၃၅ မိနစ်မှ စတင်ထွက်ခွာပြီး ဘူတာစဉ်ဖြတ်သန်း မောင်းနှင်၍ ရန်ကုန်ဘူတာကြီးသို့ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်ခဲ့သည်။
အဆိုပါ မြို့ပတ်ရထားတွဲဆိုင်းသည်ရန်ကုန်ဘူတာကြီးမှ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ဆက်လက်ထွက်ခွာခဲ့ပြီး ဘူတာစဉ် ဖြတ်သန်းပြီးနောက် မင်္ဂလာဒုံဘူတာသို့ နံနက် ၁၁ နာရီ ၂၈ မိနစ်တွင် ရောက်ရှိ၍ ဆက်လက်ထွက်ခွာရာ အင်းစိန်ဘူတာသို့ မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ဆိုက်ရောက်ခဲ့သည်။
ဤသို့ ရထားပြေးဆွဲမှုဆောင်ရွက်စဉ်အတွင်း ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာကြားရှိ ရွာမကျောင်းလမ်း Level Crossing အလွန်၌ ရထားသံလမ်းအား ကွန်ကရစ်ဖျော်၍ လောင်းထားသဖြင့် မြန်မာ့ မီးရထားမှ တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီးနောက် ရထားသည် ခရီးဆုံးဘူတာသို့ အောင်မြင်စွာပြေး ဆွဲနိုင်ခဲ့သည်။
မသမာသူအကြမ်းဖက်သမားများ၏လုပ်ရပ်များနှင့် နှောင့်ယှက် ဖျက်ဆီးမှုများအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာနယ်မြေ ရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူမှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မြို့ပတ်ရထားခရီးစဉ်များကို မြန်မာ့ မီးရထားက နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိသဖြင့် မိဘပြည်သူများ၊ ဝန်ထမ်းများအနေဖြင့် လိုက်ပါစီးနင်းကြောင်း သိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

15 Jul, 2025