နေပြည်တော် မတ် ၂၅
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့နံနက် ၁၁ နာရီ တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ Virtual Meeting ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးသို့ နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာနမှ တက်ရောက်သည်။
အစည်းအဝေးတွင် အာဆီယံ+၃ နိုင်ငံများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေး (Chiang Mai Initiative Multilateralisation-CMIM) လုပ်ငန်း အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များ၏တိုးတက်မှုများ၊ CMIM Agreement ပြင်ဆင် ချက်ကို အတည်ပြု ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စ ရပ်များ၊ အာဆီယံ+၃ မက်ခရိုစီးပွားရေး သုတေသနရုံး(ASEAN+ 3 Macroeconomic Research Office - AMRO) ၏၂၀၂၂ ခုနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း နှင့် ဝန်ထမ်းအင်အား တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ AMRO ၏ လုပ်ငန်းဆောင်ရွက်မှု အပေါ် ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်တွင် ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေးအစီအစဉ်များနှင့် စပ်လျဉ်း၍ AMROm G19002 ASEAN+ 3 Regional Economic Outlook 2021 အပေါ် ရှုမြင်သုံးသပ်ချက်များ၊ အာဆီယံ+၃နိုင်ငံများ၏ မူဝါဒရေးရာကိစ္စရပ်များနှင့် အကောင်အထည်ဖော်မှု အခြေအနေများ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးရာ၌ AMRO တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ များမှအရာထမ်းများကဒေသဆိုင်ရာမက်ခရိုစီးပွားရေး သုတေသနလုပ်ငန်း စဉ်များ၌ ပါဝင်ဆောင်ရွက် mic Outlook 2021 အပေါ် ရှုမြင်သုံးသပ်ချက်များ၊ အာဆီယံ+၃နိုင်ငံများ၏ မူဝါဒရေးရာကိစ္စရပ်များနှင့် အကောင်အထည်ဖော်မှု အခြေအနေများ၊ ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ကို ညှိနှိုင်းဆွေးနွေးသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးရာ၌ AMRO တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ များမှအရာထမ်းများကဒေသဆိုင်ရာမက်ခရိုစီးပွားရေး သုတေသနလုပ်ငန်းစဉ် များ၌ ပါဝင်ဆောင်ရွက် နေမှုအားတိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်းအဖွဲ့များတွင် မြန်မာနိုင်ငံမှပါဝင်
ဆောင်ရွက်လျက်ရှိသည့် financial resilience against climate and natural disasters &c$: အဖွဲ့၏ စွမ်းဆောင် ရည် တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ကိုဗစ်- ၁၉ ကပ်ရောဂါ၏ သက်ရောက်မှုအပေါ် မြန်မာအစိုးရမှ တုံ့ပြန်ဆောင်ရွက်နေသည့် အခြေ အနေများနှင့် စီးပွားရေးဦးတည်ချက်များ ချမှတ် ဆောင်ရွက်နေမှုအခြေအနေများကို ပါဝင်ဆွေးနွေးခဲ့ သည်။ အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယ အကြီးအကဲများ အစည်းအဝေးကို အာဆီယံနိုင်ငံ များနှင့် အပေါင်းသုံးနိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံများတွင် အိမ်ရှင် အဖြစ် အလှည့်ကျ ကျင်းပလျက်ရှိရာ ယခုနှစ်အတွက် အိမ်ရှင်အဖြစ် အာဆီယံနိုင်ငံများဘက်မှ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံများဘက်မှ ကိုရီးယားသမ္မတနိုင်ငံတို့က Co-Chairs များအဖြစ် လက်ခံကျင်းပလျက်ရှိသည်။ လက်ရှိအခြေအနေတွင် ကိုဗစ်- ၁၉ ဖြစ်ပွားမှုများကြောင့် အာဆီယံ+၃ အစည်းအဝေးများအား Virtual Meeting ပုံစံဖြင့် ကျင်းပဆောင်ရွက်လျက်ရှိသည်။
ယခုကျင်းပသည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ရေး အတွက် မတ် ၃၀ ရက်တွင်ကျင်းပမည့် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ ဆက်လက်တင်ပြဆောင်ရွက်မည် ဖြစ်သည်။
ယခုအစည်းအဝေးသို့ အာဆီယံ+ ၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်တို့မှ ဒုတိယဝန်ကြီးများနှင့် ဒုတိယဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်