Skip to main content

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်းများနှင့်တွေ့ဆုံဆွေးနွေး

ပဲခူး မတ် ၂၅ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သည် ပဲခူးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီရုံးတော်ဝင် ဟံသာခန်းမ၌ မွေးမြူရေးလုပ်ငန်း ရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်း ရှင်များနှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးသည်။ တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက မြန်မာ နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်း သည် ကျေးလက်နေတောင်သူ များဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်း ပြုလုပ်လျက်ရှိ ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင် မြင်မှသာ ဒေသအတွင်း အလုပ် ( အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူ ရေးထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်နိုင်ရေးလုပ်ငန်း ရှင်များအနေဖြင့် ကြိုးစားဆောင် ရွက်ရန်နှင့်လုပ်ငန်းများ ဆောင် ရွက်ရာတွင် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြပေး ရန် ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်(၃) ဦးတင်သိန်းနှင့် အတွင်းရေးမှူး ဦးစိုးသိန်းတို့က ဒေသအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် မွေးမြူရေး လုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံ လုပ်ငန်းရှင်များအနေဖြင့် ကြုံ တွေ့နေရသည့် အခက်အခဲများ ကို တင်ပြဆွေးနွေးပေးစေလို ကြောင်းနှင့် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီက ပံ့ပိုးဖြည့် ဆည်းပေးမည်ဖြစ်ကြောင်းတို့ကို လည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဝင့်သူက တိရစ္ဆာန်အစာစပ်စက်ရုံများအနေ ဖြင့် အစာထုတ်လုပ်ရာတွင် ပဋိဇီဝဆေးများကို သတ်မှတ် ရာခိုင်နှုန်းအတိုင်းသာ ဆောင် ရွက်ရန်၊ ဥသားဖောက်စက်များ အနေဖြင့် မှတ်ပုံတင်ထားရှိရန် နှင့် ဇီဝလုံခြုံရေးအတွက် လိုအပ် သော ထောက်ခံချက်များ၊ စစ်ဆေးချက်များ ရရှိထားရန် လိုအပ်ကြောင်းကိုလည်းကောင်း အကြံပြု ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက် လာသည့် မွေးမြူရေးလုပ်ငန်းရှင် များနှင့် အစာစပ်စက်ရုံလုပ်ငန်းရှင် များက သယ်ယူပို့ဆောင်ရေး၊ ကုန် ထုတ်လမ်း အဆင့်မြှင့်တင်ပေး နိုင်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ဘဏ်လုပ်ငန်းများ လွယ်ကူ နိုင်စေရေးတို့ကို တင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။ အခမ်းအနားသို့ တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီ ဝင်(၃) ဦးတင်သိန်း၊ အတွင်းရေး မှူး ဦးစိုးသိန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဒေါက်တာဝင့်သူနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာ စပ်စက်ရုံလုပ်ငန်းရှင်များ တက် ရောက်ကြောင်း သိရသည်။ တင်စိုး(ပဲခူး)