Skip to main content

CDM ကို ထောက်ခံတဲ့သူက ထောက်ခံသလို ကျွန်တော်တို့လို ကန့်ကွက်တဲ့သူကလည်း ကန့်ကွက်ပါတယ်။ ဒါက နိုင်ငံရေးသဘောတရားပါ။ သူ့ရဲ့ အမြင် ကိုယ့်ရဲ့ အမြင်ဆိုတာ လက်ခံရမယ်။ ဒါမှ နိုင်ငံရေးသမား ခေါ်တာပါ။ လမ်းပေါ်တက်တာက နိုင်ငံရေးသမား မဟုတ်ပါဘူး

CDM ကို ထောက်ခံတဲ့သူက ထောက်ခံသလို ကျွန်တော်တို့လို ကန့်ကွက်တဲ့သူကလည်း ကန့်ကွက်ပါတယ်။ ဒါက နိုင်ငံရေးသဘောတရားပါ။ သူ့ရဲ့ အမြင် ကိုယ့်ရဲ့ အမြင်ဆိုတာ လက်ခံရမယ်။ ဒါမှ နိုင်ငံရေးသမား ခေါ်တာပါ။ လမ်းပေါ်တက်တာက နိုင်ငံရေးသမား မဟုတ်ပါဘူး (ယမန်နေ့မှ အဆက်) နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ နိုင်ငံရေးပေါ် ဆရာရဲ့ အမြင်ကို ပြောပြပေးပါဦး ဖြေ ။ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ်တွေ တက်တဲ့အခါဘသာ ရပ်ရှစ်ခု သင်ရပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေး သိပ္ပံဘာသာရပ်ကို သိခဲ့ရပါတယ်။ ဒီဘာသာရပ်က နိုင်ငံရေးသဘောတရားကို ကွဲကွဲပြားပြား နားလည် အောင်လို့ သင်တာဖြစ်တယ်လို့ နားလည်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး သဘောတရား၊ နိုင်ငံရေး ဆိုတာ ဘာလဲ၊ နိုင်ငံရေးကို မသိဘဲ နိုင်ငံရေးလုပ်လို့ မရပါဘူး။ ကျွန်တော်လည်း တက်ခဲ့ရပါတယ်။ နိုင်ငံရေးအစ လူသားကပါ။ နိုင်ငံရေးအရ လူတွေကို ကြည့်တဲ့အခါ လူသည် အခြားသော သတ္တဝါများနည်းတူ မြေ၊ ရေ၊ လေ၊ မီး ဟူသည့် ဓာတ်ကြီးလေးပါးတို့၏ လွှမ်းမိုးခြင်းခံရသည်လို့ ဖော်ပြထားပါတယ်။ အဲဒီလူသားတွေဟာ အခြား သတ္တဝါတွေနဲ့ မတူပါဘူး။ ဉာဏ်အမြော်အမြင် ရှိပါတယ်။ဉာဏ်ရည်ကို ဖြည့်ဆည်းပေးနေရပါမယ်။ ဒါက နိုင်ငံရေးသိပ္ပံမှာ တရားဝင်ကို ဖွင့်ဆိုထားတာ ပါ။ နိုင်ငံရေးသဘောတရားတွေကိုသိဖို့ သိပညာ တွေ၊ ဗဟုသုတတွေကို ရှာဖွေထာရပါမယ်။ ဘာမှ ရှာဖွေထားတာ မရှိဘဲနဲ့ နိုင်ငံရေးလုပ်လို့မရဘူး၊ နိုင်ငံရေးမှာ အပိုင်းတွေရှိတယ်။ အသိဉာဏ်ကို အမြဲဆည်းပူးနေရမယ်။ နောက်ထပ်တစ်ခုက နိုင်ငံရေးသဘောသဘာဝက လူ့အဖွဲ့ အစည်ရဲ့ ကိစ္စအဝကို ဆောင်ရွက်ပေးဖို့အတွက်ပါ။ ဒါက နိုင်ငံရေးသိပ္ပံကို အကြမ်းဖျင်းလေး ပြောပြတာပါ။ နိုင်ငံရေးမှာ အဓိက ပြည်ထောင်စုတိုင်းရင်း သားတွေရဲ့ ခံယူချက်၊ ယဉ်ကျေးမှု၊ လေ့ထုံးတမ်း များကို လေ့လာခြင်းဖြင့် အပြန်အလှန် နားလည်မှု တည်ဆောက်ရမယ်လို့ ပါပါတယ်။ နိုင်ငံရေး လုပ်ပြီဆိုရင် တခြားသော တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဓလေးထုံးတမ်းကို ပစ်ပယ်လို့ ရတဲ့ အတွက် ပြောချင်တာက ဘယ်လိုသဘောလဲဆို တော့ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ သဘောတရားပါ ဘူး။ နိုင်ငံရေးသိပ္ပံက အဲဒီလိုပါ။ ငါနဲ့မတူငါ့ရန်သူဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့တွေက လုပ်နေကြတယ်။ ဒါက နိုင်ငံရေးမဟုတ်ဘူး၊ လမ်းပေါ်မှာ ဆန္ဒပြနေကြတာတွေက နိုင်ငံရေး မဟုတ်ဘူး။ ဒါက အဖျက်ပါ။ဖျက်ဆီဘာလို့ခေါ်ပါ တယ်။ နိုင်ငံရေးလည်တဲ့သူတွေကို မေးကြည့်ပါ။ နိုင်ငံရေး နလည်တဲ့သူတွေက ငြိမ်နေပါတယ်။ တကယ့် နိုင်ငံရေးသမားဟောင်းတွေ၊ ထောင်ထဲမှာ ခဲပုပ်ရည်သောက် တမံတလင်းမှာ အိပ်ပြီး အသက် ဆက်ခဲ့တဲ့သူတွေက ပါချင်တော့ဘူး။ CDM ကို ထောက်ခံတဲ့သူက ထောက်ခံသလို ကျွန်တော်တို့လို ကန့်ကွက်တဲ့သူကလည်း ကန့်ကွက်ပါတယ်။ ဒါက နိုင်ငံရေးသဘောတရားပါ။ သူ့ရဲ့အမြင်၊ ကိုယ့်ရဲ့ အမြင်ဆိုတာ လက်ခံရမယ်။ ဒါမှ နိုင်ငံရေးသမား တာပါ။ လမ်းပေါ်တက် တာက နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဒေါ်အောင် ဆန်းစုကြည် လက်ထက်က နိုင်ငံရေးသမား မှန်ရင် ထောင်ကျဖူးရမယ်တဲ့။ ထောင်ကျဖူးမှသာလျှင် နိုင်ငံရေးသမား၊ ဒါကို ကျွန်တော်မေးချင်တာက ဒေါ်အောင်ဆန်းစုကြည်အဖေ ဗိုလ်ချုပ်အောင်ဆန်း ထောင်မပြောနဲ့၊ ချုပ်ကျဖူးသလား၊ သမိုင်းထဲမှာ ရှာကြည့်ပါ၊ ဗိုလ်ချုပ်အောင်ဆန်း ထောင်ကျဖူး တာလည်း မရှိဘူး၊ အချုပ်ကျတာလည်း မရှိဘူး၊ သူလည်း နိုင်ငံရေးသမားပဲလေ။ ဒါကို အယူလွဲနေ တာရှိတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာဆို ရင် ၅ နှစ်လုံး မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံမှာ မိကျောင်းကန်သပိတ် တစ်ရက်မှ မျက်ဘူး၊ ၅ နှစ် လုံး တောက်လျှောက်မှာ တစ်ရက်မှ ဆန္ဒပြတာ မပျက်ခဲ့ဘူး။ အဲဒီပြတဲ့အဖွဲ့က ဟိုဘက်လက်ပ် တောင်းတောင်မှာလည်း သွားပြတယ်။ ပြီးရင် မြေနီကုန်းမှာလည်း ရှိတယ်၊ လှည်းတန်းမှာရှိတယ်။ မြို့တော်ခန်းမှာရှိတယ်၊ တောက်လျှောက်တွေ ပြနေခဲ့တာပါ။ အဲဒါမှ ဒီမိုကရေစီ ခေါ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထက်မှာ ဒီမိုကရေစီ ရဲ့အရသာ၊ အမြင်တစ်ခုမှ မတွေ့ခဲ့ဘူး၊ ဦးသိန်းစိန် လက်ထက်မှာ လွှတ်ပေးခဲ့တယ်။ မိကျောင်းကန်သပိတ်ဆိုရင် ဒေါ်အောင်ဆန်း စုကြည်တက်မှ ၂၀၁၆ ခုနှစ် ၅ လပိုင်းကျမှ တစ်ကြိမ်တည်း ဖြိုခွဲလိုက်တယ်။ လုံးဝပျောက်သွား တယ်။ ဦးသိန်းစိန်လက်ထက်မှာ ဒီမိုကရေစီ သဘောတရားအရ ငါနဲ့မတူ ငါ့ရန်သူ လုပ်ခဲ့ဘူး၊ ပြည်သူတွေ ဖြစ်ချင်တဲ့အတိုင်း လုပ်ခွင့်ပေးထား တယ်။ အကန့်အသတ်နဲ့ပေါ့။ အနှစ်ချုပ်ပြောရရင် မတူကွဲပြားမှုတွေ ဒီမိုကရေစီမှာ ရှိတယ်၊ ဒါမှ နိုင်ငံရေးပါ။ နိုင်ငံရေးရဲ့ သဘောသဘာဝကို နားမလည်ဘဲနဲ့ နိုင်ငံရေးစင်ပေါ်တက်လို့ မရပါ ဘူး။ ဒါက နိုင်ငံရေးသိပ္ပံထဲမှာ ဖော်ပြထားတာကို ကျွန်တော်ပြောပြပေဘာပါ။ မေး။ ဒီမိုကရေစီ ဆိုတာကို ပြည်သူတစ်ဦးရဲ့ အမြင်ကို ပြောပြပေးပါဦး ။ ဖြေ ။ ဒီမိုကရေစီရဲ့ သ ဘောသဘာဝကို ပြောပြရရင် ဒီမိုကရေစီဆိုတာ ပြည်သူ က ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရက ဒီမို ကရေစီလမ်း၊ မဟုတ်သေးပါဘူး၊ပြည်သူ့ဆန္ဒဆိုတာ မှာ အများဆန္ဒနဲ့သူ လူနည်းစုဆန္ဒကိုလည်း ဦးစားပေးရမှာပါ။ ဒါက ဒီမိုကရေစီပါ။ ဒီမိုကရေစီ မှာလည်း ပြည်သူ့ဆန္ဒနဲ့အညီ တက်လာသော အစိုးရမှာတင် ရပ်မနေပါနဲ့၊ ဒီအစိုးရကနေ ဖော်ဆောင်ပေးလိုက်တဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ က ပြည်သူ့ဆန္ဒနဲ့အညီ ဖြစ်ရမယ်။ သူက အဲဒီလို လာတာပါး၊ ဟုတ်ပြီး ပြည်သူ့ဆန္ဒနဲ့အညီ တင်ပေးလိုက်ပြီး၊ အဲဒီအစိုးရက ပြည်သူ့ဆန္ဒကို မလိုက်လျောဘူး၊ ပြည်သူ့ဆန္ဒကို မျက်ကွက်ပြုတယ်၊ သက်ဦးဆံပိုင် ဘုရင်စနစ်က ဘုရင့်အမိန့်လို တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ သွားတယ်။ ဒါက တစ်ပါတီစနစ်နဲ့ သွားတာပါ။ ဒါဆို ဒီမိုကရေစီ မကျတော့ပါဘူး။ ပြည်သူက ရွေးချယ်တာဖြစ်ဖြစ်၊ ဘယ်သူက ရွေးချယ်တာဖြစ်ဖြစ် အုပ်ချုပ်တဲ့ အစိုးရက ဒီမိုကရေစီဆန်ရမယ်။ဒါက ဒီမိုကရေစီပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရဆိုပြီး အဲဒီမှာ ရပ်နေလို့ မရပါဘူး။ အဲဒီအစိုးရကနေပြီး အကောင်အထည်ဖော်တဲ့ လုပ်ငန်းဆောင်တာတွေ မှာ ပြည်သူ့ အသံကို နားထောင်ရမယ်။ ပြည်သူ့ အရေးကို အကောင်အထည်ဖော်ပေးရတယ်။ ဒီမို ကရေစီ အစိုးရဆိုတာ ဒါမျိုးကို ခေါ်တာပါ။ နိုင်ငံရေးသိပ္ပံသင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေက နိုင်ငံရေးရဲ့ သဘောသဘာဝတွေကို နားမလည်ဘူး။ နားမလည်ဘဲ CDM ကို လုပ်တယ်ဆိုတာက နိုင်ငံ့ဝန်ထမ်း သိက္ခာကျပါတယ်။ ပြောရရင် လူပိန်း တွေပါ။ ဘာမှ အတွေးအမြင်မရှိဘူး၊ ပြီးတော့ သံပုံး တွေတီးတယ်။ အဲဒါဆို ကျွန်တော်က ပြောချင် တယ်။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်က င်္ဂလိပ်ကိုတိုက်ဖို့ ဂျပန်မှာသွားပြီး စစ်ပညာသင်ရ တယ်။ အဲဒါဆိုရင် လွတ်လပ်ရေးရဖို့အတွက်ကို စစ်ပညာသွားသင်ပြီးမှတိုက်ခဲ့ရတာ။ဒါဆိုရင် ဒီမှာ က သံပုံးတီးပြီး တိုက်နေကြတာ ဗိုလ်ချုပ်လည်း (သံ၊ သံချောင်းတီးပြီး တိုက်မှာပါ။ မတူဘူး အများ ကြီး ကွဲလွဲနေပါတယ်။ နိုင်ငံရေးကို ထဲထဲဝင်ဝင် သိဘူးလို့ပဲ ကျွန်တော်ပြေမယ်။ နိုင်ငံရေး ထဲထဲဝင်ဝင်မသိဘဲ အခုလမ်း ပေါ်တွေတက်ကြတယ်။ နိုင်ငံရေးသဘော တရားလည်း နားမလည်ဘူး၊ လူ့အခွင့်အရေးအရ ဒါ သူတို့ကည့်မယ်ဆိုရင် လက်နက်တွေနဲ့ တရားပစ်ခတ်တယ်။ ပြည်သူတွေ ထိလာတယ်ဆို တော့ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး ပြော တယ်။ ဒါဆို ကျွန်တော်ပြောချင်တာက လူ့အခွင့် ရေး Human Rights ၊အဲဒီမှာက သူက တစ်ကန့် စီသွားတာ။ လူ့အခွင့်အရေး လူဆိုတာ လူနဲ့တူမှ သာလျှင် အခွင့်အရေးရမယ်။ လူန့်တော့ဘဲနဲ့ အခွင့် အရေးမရဘူး၊ လူဆိုတဲ့နေရာမှာခုနက ကျွန်တော် ပြောခဲ့တဲ့ နိယာမတွေရှိပါတယ်။ လူမှာလည်း သူ့စည်းကမ်းနဲ့သူ ရှိပြီးသားပါ။ စည်းကမ်းသည်ဥပဒေပါ။ ဥပဒေနဲ့ စည်းကမ်း က အတူတူပါ။ ဒါကို နားလည်ရမယ်။ ကိုယ့်မှာ သတ်မှတ်ထားတဲ့ ဥပဒေ၊ စည်းကမ်းတွေကို လိုက်နာမှ လူလို့ ခေါ်တယ်။ လူတစ်ယောက်က မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မာစိုရ် တရားလေးပါးနဲ့ ညီရမယ်၊ နေထိုင်ရမယ်။ သူတစ်ပါး | ကို ယုတ်မာကောက် ကျစ်တာတွေလည်း ရှိရဘူး။ သတ်ဖြတ်ညှဉ်းဆဲမှုတွေလည်း မရှိပါဘူး။ ဒါက မြတ်စွာဘုရား ဟောထားတာနဲ့အညီ နေထိုင်နိုင်ရင် အကောင်းဆုံးပါ။ ဒါက ဆန္ဒပြနေတဲ့ လူငယ်တွေကို သိစေချင် လို့ပါ။ သူတို့တွေက နိုင်ငံတော်ရဲ့ သဘောသဘာဝကို နားမလည်ဘူး။ ပြီးတော့ ဥပဒေရဲ့ သဘောတရား တွေကိုလည်း နားမလည်ဘူး။ နိုင်ငံရေးမှာ လူ့အခွင့် အရေး ရှိရမယ်။ နိုင်ငံရေးသဘောသဘာဝကို နားလည်ရမယ်။ ဒီမိုကရေစီအကြောင်းကိုလည်း နားလည်ရမယ်။ ပြီးတော့ ဥပဒေကိုလည်း နားလည်ရမယ်။ ဥပဒေရဲ့ သဘောသဘာဝကို နားလည်ရင် ဥပဒေဘောင်ထဲမှာနေရမယ်။ အဲဒီမှာ ခံရတဲ့သူတွေက ဘယ်သူတွေ ခံရ သလဲဆိုတော့ ကျွန်တော်တို့တွေ ခံခဲ့ရတာပါ။ ကျွန်တော်တို့ ဘုမသိ၊ ဘမသိ၊ ဒီမိုကရေစီဆိုတာ လည်း ဘာမှန်းမသိ။ လူ့အခွင့်အရေးဆိုတာလည်း ဘာမှန်းမသိဘဲ ကျွန်တော်တို့ ဒို့အရေအော်ခဲ့ကြ အခုလူငယ်တွေလည်း ဂျန်နရေးရှင်းဇက်တွေ လည်း အခု အဲဒီလိုပဲ အော်တယ်။ အသုံးချခံတွေ သူတို့ဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာ လူ့အခွင့်အရေရဲ့ သဘောသဘာဝကို နားလည်ပေး ပါ။ အခုလက်ရှိ ရှိနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူ တွေ၊ ဂျန်နရေးရှင်းဇက်တွေကလည်း ဒီမိုကရေစီ ဆိုတာ ဘာလဲဆိုတာကို လေ့လာပါ။ မေး။ ။ ရုံမတက်နဲ့ ရုန်းထွက်ဆိုတဲ့တောင်းဆို နေမှုအပေါ် ဆရာရဲ့ သဘောထားကို ပြောပြပါဦး။ ဖြေ ။ ။ ရုံမတက်နဲ့ ရုန်ထွက် သူတို့တောင်းဆို ကြတယ်။ ရုံးမတက်နဲ့ ရုန်းထွက်ဆိုရင် ရုံးမတက် ဘူး။ ကျွန်တော့်မိသားစုကို ဘယ်သူထမင်းလာ ကျွေးမလဲ၊ ကျွန်တော်ရုန်းထွက်လိုက်ပြီ ဘယ်မှာ သွားနေမလဲ။ အခုကျွန်တော် နိုင်ငံတော်ကပေးတဲ့ ဝန်ထမ်းအိမ်ရာမှာ နေတယ်။ နိုင်ငံတော်ကပေးတဲ့ လစာကို စားတယ်။ CDM လုပ်ရင် ကျွန်တော့်ကို ဘယ်သူက လစာလာပေးမှာလဲ။ ကျွန်တော့် တစ်ဘဝလုံး၊ ကျွန်တော့်နောင်ရေး၊ သားသမီးတွေ ဆင်ရေး ဘယ်သူက ထောက်ပံ့ပေးမှာလဲ။ လေလှိုင်းပေါ်ကနေ ထောက်ပံ့ပေးမယ် ဘာညာ မလုပ်နဲ့လေ။ ။ အဲဒီလိုမဟုတ်ဘဲ ရုံးမတက်နဲ့ ရုန်းထွက်ကြီးကို လေလှိုင်းပေါ်ကနေ အနာဂတ်တွေ၊ သားသမီး အနာဂတ်ကြည့် ဘာညာတွေ လျှောက်အော်ပြီး ကျွန်တော်တို့ကတော့ ခုနပြောသလို နိုင်ငံရေးကို ငယ်ငယ်ကတည်းက လေ့လာခဲ့တဲ့သူ ကြုံတွေ့ခဲ့ရ တဲ့လူဆိုတော့ ဒါကို ကျွန်တော်က ဆင်ခြင်သုံးသပ် နိုင်စွမ်းရှိတာလေ။ နိုင်ငံရေးကို ပါချင်တယ်။ နိုင်ငံရေး စကားပြောချင်တယ်ဆိုရင် နိုင်ငံရေးရဲ့ သဘောသဘာဝမှာ နိုင်ငံရေးသိပ္ပံမှာ သင်ထားတာ က နိုင်ငံရေးအမြော်အမြင်ရှိရမယ်။ နိုင်ငံရေးဗဟု သုတတွေကို သုံးသပ်ထားရမယ်။ ထည့်သွင်း လေ့လာထားရမယ် ။ အဲဒါမှ နိုင်ငံရေးစကားပြောလို့ရမှာ၊ နိုင်ငံရေးလို့ လည်း ခေါ်တာ။ သူတို့လုပ်နေတာ ဒါနိုင်ငံရေး မဟုတ်ဘူး။ ကျွန်တော်တို့ ဝန်ထမ်းတစ်ယောက် အနေနဲ့ ဘယ်လိုမှ ပါဝင်နိုင်လို့ မရပါဘူး။ ဒီအတွက် ကျွန်တော်တို့ မပါဝင်ဘူး။ နိုင်ငံ့ဝန်ထမ်း တစ်ယောက်ဖြစ်ဖို့ မလွယ်ဘူး ကျွန်တော့် ဖြတ် သန်းမှုကိုပြောတာ။ ကျွန်တော် နိုင်ငံ့ဝန်ထမ်းအဖြစ် GTI ကျောင်းဆင်းတာနဲ့ လုပ်ငန်းခွင်ထင်တယ်။ လုပ်အားပေးကို တစ်နှစ်ခွဲလောက် လုပ်ရတယ်။ လစာမဲ့။ သူများတကာတွေ လာရတယ်။ လစာ ထုတ်တယ်။ ကိုယ်တွေ လစာမထုတ်ရဘူး။ လစာ တစ်ပြားမှ မရဘူး။ ကိုယ်က လုပ်အားပေးပဲရှိတာ ကို။ စေတနာကြေးအနေနဲ့ အထက်က အရာရှိတွေ ပေးတာရှိတယ်။ သူတို့ကလည်း ပေးချင်တဲ့ အခါပေး လေ။ ပုံသေမရှိဘူး၊ ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်ဆွဲ ပြီး ကိုယ့်လမ်းစရိတ်နဲ့ကိုယ် အလုပ်သွားဆင်းတယ်။ တစ်နှစ်ခွဲဆင်းပြီးတော့မှ နေ့စားတယ်။ နေ့စားကို နှစ် နှစ်၊ သုံး နှစ်လောက်ကြာ သွားတယ်။ ရင်းနှီး ပေးဆပ်မှုတွေ အများကြီး။ Permanent မဟုတ် သေးဘူး။ ပညာတတ်တစ်ယောက်က လုပ်အားပေးနဲ့ လုပ်ရပြီဆိုကတည်းက စဉ်းစားကြည့်၊ ကိုယ့်ရဲ့ အထက်က လူတွေက Permanent တွေ။ ကိုယ့် လောက်တောင် ပညာအရည်အချင်း မရှိဘူး။ သူတို့ ရဲ့ ခိုင်းစေချက်ကို ကိုယ်က လုပ်ရပြီ။ အနှိမ်မခံရ ဘူးလား။ အနှိမ်ခံရပြီနော်။ ဒါက ကျွန်တော်တို့ ဌာနတင်မဟုတ်ဘူး။ ဝန်ကြီးဌာနအသီးသီးမှာ အကုန်လုံး ဒီအတိုင်းပါပဲ။ ဘယ်လောက်ပဲဘွဲ့ရ လာလာ၊ ဝန်ထမ်း မဟုတ်တော့ အနှိမ်ခံရတာပါပဲ။ လုပ်အားပေးနဲ့လုပ်၊ လူကြီးသားလို့ တင်ပေးလိုက် မှ နေ့စားဖြစ်၊ လူကြီးသနားတဲ့အခါကျမှ တင်ပေး လိုက်မှ Permanent ဖြစ်။ အဲဒီလိုတွေ ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းဖြစ်ဖို့အတွက်ကို ကျွန်တော်တို့ အများကြီး ပေးဆပ်ခဲ့ရတာပါ။ အများကြီး ပေးဆပ် ပြီးမှ ကျွန်တော်တို့နိုင်ငံ့ဝန်ထမ်း၊ အမြဲတမ်းဝန်ထမ်း ဆိုတာ ဖြစ်လာခဲ့ရတာပါ။ ဒါကို ကျွန်တော်တို့က လွယ်လွယ်ကူကူနဲ့ ထွက်ခွာလို့ရမလား။ ဒါကို စွန့်လွှတ်ပြီးတော့ သွားမယ်၊ ဆန္ဒပြတဲ့ CDM လှုပ်ရှားမှုထဲမှာပါမယ်ဆိုရင် ဒါဖြစ်မလား။ ဘာမှ အာမခံချက်မရှိတဲ့ CDM လှုပ်ရှားမှုထဲမှာ ကျွန်တော် တို့ ပေးဆပ်ရမလား။ ဆရဆန်တွေလည်း ဒီအတိုင်းပဲပေးဆပ်မှုတွေ အများကြီးရှိခဲ့ပြီးမှ သူတို့လည်း ဆရာဝန် ဖြစ်ခဲ့ တာပါ။ ကိုယ့်ရဲ့ ပေးဆပ်မှု၊ ဘဝဖြတ်သန်းမှုကို ကိုယ်မေ့နေပြီလား။ မေ့ကုန်ပြီလား။ ဒါလည်း ကျွန်တော် မစဉ်းစားတတ်အောင် ဖြစ်ပါတယ်။ ဘာမှ ကိုယ့်အတွက်လည်း အကျိုးမရှိဘူး။ နိုင်ငံ တော် တွက်လည်း ကျိုးမရှိဘူး။ ဟုတ်တယ် စွန့်လွှတ်မယ်။ ကျွန်တော်တို့ စွန့်လွှတ်ပြီး CDM ထဲကို သွားမယ်။ ပြည်သူ့အတွက် အကျိုးရှိသလ။ နိုင်ငံတော် ကောင်းစားမလား။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်သွားမလား။ (ဆက်က်ဖော်ပြပါမည်)