ရန်ကုန် မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း ပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေး အဖွဲ့များ၊ သန့်ရှင်းရေးဝန်ထမ်းများနှင့်အတူ ပြည်သူ များ ဝိုင်းဝန်း၍ အတားအဆီးများနှင့် အမှိုက်များကို ဆက်လက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သော ကြည့်မြင်တိုင်မြို့နယ်ရှိ လမ်းပိတ် အတားအဆီးများ၊ လှိုင်မြို့နယ် (၁၆)ရပ်ကွက် အုတ်ကျင်း ဘူတာရုံလမ်းနှင့် ဆက်စပ်လမ်းသွယ်များ၊ အင်းစိန်လမ်း ကမာရွတ် ဘူတာရုံ လမ်းနှင့် ရွာမကျောင်းလမ်း၊ သာကေတမြို့နယ် ၇ စျေးလမ်း (အတွင်းရှုခင်းသာလမ်း)နှင့် မြင်တော် သာလမ်း၊ ဧရာဝဏ် လမ်း (သာကေတအဝိုင်းနှင့်ရွှေအုတ်ဂူလမ်းကြား)၊ သုမနလမ်း(မင်းနန္ဒာလမ်းနှင့် မြင်တော် သာလမ်းကြား)၊ သဒ္ဒါရုံလမ်း (မြင်တော်သာလမ်းနှင့် ထူပါရုံလမ်းကြား၊ သိင်္ဂီလမ်း (မြင်တော်သာလမ်းနှင့် ရှုခင်းသာ မြို့ပတ်လမ်းကြား၊ မြင်တော်သာလမ်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်း အထက(၅)ကျောင်းရှေ့နှင့် ဗဟန်းမြို့နယ် တာမွေခုံးကျော် တံတား အောက်နှင့် ရွှေဂုံတိုင်တံတားတိုင် နံရံများရှိ စာသား၊ အရုပ်များနှင့် ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းမကြီးတို့ကိုလည်းကောင်း။
လသာမြို့နယ် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ ဗန္ဓုလလမ်းမကြီးများ၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မလမ်း မကြီး ၆ ကွေ့မှ အောင်မင်္ဂလာ အဝေးပြေးကားဝင်း အထိ၊ တောင်ဥက္ကလာပမြို့နယ်ရှိ အဓိက လမ်းမကြီးဖြစ်သော ဝေဇယန္တာလမ်း၊ သစ္စာ လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ ရတနာလမ်း၊ မေတ္တာလမ်း၊ သုမင်္ဂလာလမ်းနှင့် အတွင်း လမ်းများ၊ လမ်းမတော်မြို့နယ် အနော်ရထာလမ်းဂျန်းရှင်း မော်တင်ရှေ့၊ စမ်းချောင်း မြို့နယ် ပဒုမ္မာလမ်း၊ ကျောင်းလမ်း၊ ကျွန်းတောလမ်းများ၊ ဒေါပုံမြို့နယ်ရှိ အဓိကလမ်း (၃)ခု နှင့် ဆက်စပ်လမ်းသွယ်များ၊ မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံ လမ်း(သမိုင်းခုံးကျော် တံတားပေါ်)၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ လေးထောင့် ကန်လမ်း၊ သံသုမာလမ်း၊ ရတနာလမ်း နှင့် ရပ်ကွက်အဝင် လမ်းသွယ်ထိပ်များ၊ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမ (စည်ပင် လမ်း)နှင့် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့် လူကူးခုံးတံတားတို့၌ လည်းကောင်း ရေးဆွဲထားသော စာသား၊ ရုပ်ပုံများနှင့် မသာသူများက ပိတ်ဆို့ထားသော အတားအဆီးများကို ရှင်းလင်းဖယ်ရှားပြီးဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင် ကျန်ရှိနေသော ဝါးကပ်များ၊ တာယာဟောင်းများ၊ Culvert ဖုံးများ ပိတ်ဖုံးခြင်း၊ Culvert များ မရှိတော့၍ သဲအိတ်များဖြင့် ကားများသွားလာနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ လမ်းမပေါ်၌ ကျန်ရစ်နေသော သဲများ၊ ခဲများ ရှင်းလင်းဆောင် ရွက်ခြင်း၊ လမ်းမများသန့်ရှင်းစေရန် ရေဆေးကြောခြင်း၊ လမ်းမများ၊ တံတားတိုင်များ၊ အုတ်နံရံ များပေါ်တွင် မသာမာသူများမှ ရေးဆွဲထားသည့် စာသားများ၊ ရုပ်ပုံများကို ခွာယူခြင်း၊ ဖျက်ဆီးခြင်းလုပ်ငန်းများကို မြို့နယ်အလိုက် ဆက်လက်ဆောင်ရွက်ခဲ့ကြ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာမှ သန့်ရှင်းရေးဝန်ထမ်း များနှင့်အတူ ပြည်သူများ ဝိုင်းဝန်းရှင်းလင်း ခဲ့ကြခြင်းဖြစ်ပြီး အတားအစီးများ၊ အမှိုက် များကို စက်ယန္တရားများ၊ မြေသယ်ယာဉ်များဖြင့် သယ်ဆောင်၍ သက်ဆိုင်ရာ မြို့နယ်များ အလိုက် သတ်မှတ်ထားသော နေရာများသို့ ပို့ဆောင် ရှင်းလင်း ခဲ့ကြကြောင်းသိရသည်။
(သတင်းစဉ်)