Skip to main content

ကိုဗစ်-၁၉ ကပ်ရောဂါကတစ်မျိုး ၊ ဒီ CDM လှုပ်ရှားမှုက တစ်ဖုံနဲ့ အမျိုးမျိုး အခက်အခဲတွေ ကြုံနေရတော့ တချို့ဆို နာလန်မထူကြတော့ဘူး

အင်တာဗျူး- မြင့်မိုရ် CDM ( Civil Disobedience Movement) လှုပ်ရှားမှုသည် တိုင်းပြည် အေးချမ်းတည်ငြိမ်မှုကို မလိုလားသော လူတချို့က နိုင်ငံရေး အမြတ်ထုတ်ကာ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား သွေးထိုးပေး နေခြင်း ဖြစ်သည်။ ယခုအခါ CDM လှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူအများသွားလာနေသောလမ်းမများပေါ်တွင် အတား အဆီးများ ချထားခြင်း၊ ရုံးတက်နေသော ဝန်ထမ်းအများစုနှင့် ပြည်သူများအား အနှောင့်အယှက်ပေးနေခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များနှင့် ပတ်သက်၍ ကြုံတွေ့ခံစားနေရသည့် ပြည်သူများ၏ ရင်တွင်းစကား သံများကို ပြန်လည်မျှဝေရေးသား ဖော်ပြလိုက်ပါသည်။ ချောချောမွေ့မွေ့ သွားလာလို့ အဆင်ပြေ "အခုရက်ပိုင်း ရန်ကုန်မြို့ ဝန်းကျင် တစ်လျှောက် လမ်းတွေပိတ် နေတာတွေ တော်တော်များတော့ ရှင်းပြီးနေပါပြီ။ အရင်ကတော့ ခဏခဏ ပြန်ရှင်ရတာတွေရှိတယ်။ အခုနောက် ပိုင်းတော့ ဝန်းကျင်နေ ပြည်သူတွေရော၊ ဖြတ်သွားဖြတ်လာလုပ်ကြတဲ့ ပြည်သူတွေကပါ ဝိုင်းဝန်းကူညီကြလို့ အခုဆိုရင် ရန်ကုန်မြို့ အများသူငါ သွားတဲ့လမ်း တွေအတော်များများ ယခင်အတိုင်း ချောချောမွေ့မွေ့ သွားလာလို့ အဆင်ပြေသွားပါပြီ။ ကျွန်တော်တို့ဘက်တော့ အတတ်နိုင်ဆုံး ပြည်သူ တွေ အေးအေးချမ်းချမ်းနဲ့ သွားလာ လို့ရအောင်တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ပေးနေပါတယ်။ တချို့ အဖျက်သမား တစ်စုကတော့ အမြင် တစ်မျိုးပေါ့။ ပြည်သူအများစုကတော့ အခုလို လမ်းတွေလိုက်လံ ရှင်း လင်းပေးတာ ကိုလိုလိုလားလား ရှိကြပါတယ်။ အခုဆိုကျွန်တော်တို့ ဌာနကလည်း CDM လှုပ်ရှားမှုထဲ ပါသွားကြတဲ့ ဝန်ထမ်းတွေ ရှိတော့ အရင်လို အလုံးအရင်းနဲ့တော့ မလုပ်ဆောင်နိုင်သေးဘူးပေါ့။ သွားတဲ့ ဝန်ထမ်းအားလုံးနေရာတွေကို အခုတော့ ပြန်ဖြည့်ဖို့ လုပ်နေ ပါပြီးလာမယ့် သင်္ကြန်မတိုင်မီတော့ ဝန်ထမ်းအင်အားတွေကို ပြန် လည် ဖြည့်ဆည်းပေးသွားမှာပါ” ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မြို့တွင်း DM လှုပ်ရှားမှုနှင့် ပတ်သက်၍ လမ်းများ ပိတ်ဆို့ထားမှုများအား ပြန်လည် ရှင်းလင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပြောကြား သည်။ အတော်လေးစိတ်ကျေနပ်မှုဖြစ်သွားတယ် သက်ဆိုင်ရာ လုံခြုံရေးဝန်ထမ်းများနှင့် စည်ပင်ဝန်ထမ်းများ လမ်းပိတ် ဆို့ မှုအပေါ် လိုက်လံရှင်းလင်းရာတွင် ပါဝင်ကူညီဆောင် ရွက်ခဲ့သည့် ဒေါ်ညွန့်ညွန့်လွင်ကလည်း "အဒေါ်ကတော့ သူတို့ပြောတဲ့ CDM လှုပ်ရှားမှုကို နားတော့မလည်ဘူး။ ဒါပေမယ့် အခုလိုတွေ ပြည်သူအများသွားလာတဲ့ လမ်းတွေကို ပိတ်တာကတော့ သဘော ၊ မကျဘူး။ ဟိုနေ့ကတည်းက သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ လာရှင်း လင်းရင်တော့ ကောင်းမယ်လို့ စိတ်ထဲက ဆုတောင်းနေတာ။ ဒီကနေ့ လုံခြုံရေးတပ်ဖွဲ့နဲ့ စည်ပင်က လာရှင်း တာမြင်တော့ အတော်လေး ပျော်သွားတယ်။ အဲဒီလိုမှမဟုတ်ရင် မနက်မနက် ဈေးသွားနေရတာ ဟိုဘက်လမ်း ဘက်ကနေကွေ့ကွေ့သွားနေရတော့ အခက်အခဲလည်းဖြစ်၊ အချိန်လည်းပိုကုန်တယ်၊ အပြန်အနှေး ယာဉ်တော့လည်း အိမ်ရှေ့ အထိ မအော်ဘဲလမ်းတစ်ဝက်မှာတင် ဆက်သွားမရတော့တစ်လမ်း ဝင် တစ်လမ်းထွက်နဲ့ အတော်လေးကို ဒုက္ခရောက်တယ်။ အခုလို လုံခြုံရေးတပ်ဖွဲ့က ဦးစီးပြီး လမ်းတွေ လိုက်လံရှင်း လင်းပေးတာ အဒေါ် ကတော့ ကျေနပ်တယ်။ ကျေးဇူးလည်း တင်တယ်။ အဲဒါကြောင့် အဒေါ်ကိုယ်တိုင် သူတို့ အဖွဲ့နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ သွားပြီး ကူညီသယ်မ ပေးခဲ့တာ။ သူတို့က အဒေါ်ကို မလုပ်ပါနဲ့လို့တားတယ်။ ဒါပေမယ့် အဒေါ်နည်းနည်းဖြစ်ဖြစ် ကူညီချင်လို့ပါ ပြောပြီး ကိုယ် တတ်နိုင်တဲ့ ဘက်ကနေ လမ်းတစ်လျှောက် လုံးကို တံမျက်စည်းလှည်းကူညီ ပေးခဲ့တယ်။ ဒီနေ့အတွက်စိတ်ထဲမှာ အတော်လေးစိတ်ကျေနပ်မှုဖြစ် သွားတယ်။ တချို့လူတွေကတော့ ကြိုက်ချင်မှ ကြိုက်မှာပေါ့။ ဒါပေ မယ့် အများစုကတော့ အခုလိုလမ်းတွေပွင့်သွားတာကို ဝမ်းသာကြပါ တယ်"ဟု ရန်ကုန်မြို့တွင်း လမ်းများပိတ်ဆို့ထားတာကြောင့် အခက် အခဲကြုံတွေနေရမှုကနေ လွတ် မြောက်ပြီဖြစ်၍ ဝမ်းပန်းတသာဖြင့် ရင်ဖွင့်ခဲ့သည်။ အဖျက်အမှောင့် လုပ်ရပ်တွေကိုတော့ လုံးဝသဘော မကျ ပါဘူး “အခုရက်ပိုင်းမှာ ရန်ကုန်မြို့တွင်း လမ်းကြောတွေ ပြန်ရှင်းထား တော့ ကားတွေမောင်းရတာ အဆင် ပြေလာတယ်။ ကျွန်တော်တို့လို အငှားယာဉ်မောင်းတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် အခုလိုလမ်းတွေ ရှင်းနေတာ မြင်တော့ စိတ်ချမ်းသာတာပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အတော်လေးကိုဆိုးရွားတာ။ ပြည်သူတွေကလည်း အပြင် သိပ်မထွက် ကြတော့ ခရီးသည်ကလည်းမရှိ၊ လမ်းတွေအများစုကလည်း ပိတ် ထားတော့ ရတဲ့ခရီးသည်ကို ဆုံးရှုံးမသွားအောင် အဆင်ပြေသလို ဟို လမ်းကကွေ့၊ ဒီဘက်လမ်းက ချိုးနဲ့ အမျိုးမျိုးအဖုံဖုံကြံဖန်မောင်းခဲ့ရ တယ်။ အခုတော့ လုံခြုံရေးအဖွဲ့တွေနဲ့ စည်ပင်တွေ လိုက်ပြီးရှင်း နေတာ တွေ့တယ်။ ဒီနေ့မြင်ရတာဆို ရန်ကုန်မြို့ တွင်း လမ်းတော် တော်များများလည်း ရှင်းသွားတာ တွေ့ရတယ်။ တကယ်တော့ ကျွန်တော့်စိတ်ထဲ အရှိအတိုင်းပြောရရင် DM လှုပ်ရှားမှု အကြောင်း ပြုပြီး အခုလိုလမ်းတွေပိတ်အဖျက် အမှောင့် လုပ်ရပ်တွေကိုတော့ လုံးဝသဘောမကျပါဘူး။ အဲဒီလိုပြောရင်လည်း ခင်ဗျားက Tad သမား မို့လို့ အခုလိုပြောတာလို့ ဆဖန်ပြောကြဦးမယ်။ ကျွန်တော့်အနေနဲ့ ကတော့ ဘာကိုမှ ရည်ရွယ်ပြောတာ မဟုတ်ပါဘူး။ ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ပဲ ပွင့်ပွင့်လင်းလင်း လတ်တလော ဖြစ်ပေါ် နေတဲ့အပေါ်ကိုပဲ ပြောတာပါ။ ။ သူတို့ဌာနေအသီးသီးကို ပြန်သွားကြရတယ် ။ "တကယ်တော့ ပြည်သူတွေ အများစုမှာလည်း ကိုဗစ်-၁၉ ကပ် ငါကတစ်မျိုး ဒီCDMလှုပ်ရှားမှုကတစ်ဖုံနဲ့ အမျိုးမျိုးအခက်အခဲတွေ ကြုံနေရတော့ တချို့ဆိုနာ လန်မထူကြ တော့ဘူး။ အတော်လေးကို စားဝတ်နေရေး ဂယက်ရိုက်နေကြပြီ။ အခုဆို ဝန်ထမ်း အချို့လည်း | အလုပ်ပြုတ် ကုန်ကြတော့ အတော်များများ အလုပ်လက်မဲ့ဖြစ်နေကြ ရတယ်လေ။ အရင် ကိုဗစ်-၁၉ ကပ်ရောဂါကတည်းက အလုပ်တွေ၊ ဈေးကြီးတွေ၊ ကုမ္ပဏီတွေ အများစုက ပိတ်ထားကြတာ။ ဟိုတစ်နေ့ ကဆိုရင် စက်ရုံတွေ မီးလောင်လို့ နယ်ကနေ အလုပ်လာလုပ်တဲ့သူတွေ အတော်များများ သူတို့ဌာနေ အသီးသီးကို ပြန်သွားကြရတယ်။ နယ် အသီးသီးကိုပြန်သွားကြတာများတယ်။ ဒီရန်ကုန်မှာရှိတဲ့ စက်ရုံအများစု ဝန်ထမ်တွေက နယ်တွေကပဲ မှားတာ ကို ကျွန်တော်အောင်မလာအ ပြေးကားဝင်းကို လိုက်ပို့ပေးတဲ့ ဇနီးမောင်နှံဆို အထက်အညာဘက် ပြန်ကြ ရမှာတယ်။ အပြန်လမ်းစရိတ်နည်းနေလို့ Tai (အငှားယာဉ်) ခတောင် ကျွန်တော် လျှော့ယူလိုက်ရတယ်။ ပြည်သူ တွေကြားမှာ အခုဆို အတော်လေးကိုငွေကြေးလည်ပတ်မှုက ဂယက်ရိုက်နေကြပြီ။ ဘဏ်တွေကလည်း ပိတ်၊ ATM စက်တွေကလည်း လုံလုံလောက် လောက် ထုတ်ပေးနိုင်မှု မရှိဘူးလေ"ဟု ရန်ကုန်မြို့တွင်း အငှား ယာဉ် မောင်းတစ်ဦးဖြစ်သူ ဦးမောင်မောင်ညွန့်က ပြောသည်။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေး "အခုတစ်ရက်နှစ်ရက်တော့ ရှိပြီ။ ရန်ကုန်မြို့ပေါ်လမ်းတွေ တော် တော်လေးတော့ ရှင်းနေတာ။ တချို့နေရတွေတော့ လုံခြုံရေး အဖွဲ့ တွေနဲ့ စည်ပင်အဖွဲ့တွေ လိုက်လံရှင်းလင်း နေတာတွေ တွေ့နေရ သေးတယ်။ ဖြည်းဖြည်းချင်းတော့ တိုးတက်လာပြီပြောရမှာပေါ့။ လမ်းတွေလည်း အရင်လို ပိတ်တာတွေ မရှိတော့ဘူး။ ခရီးသည်တွေ လည်း ဒီနေ့ဆိုရုံးဖွင့်ရက်တနင်္လာနေ့မို့လို့လားတော့ မသိဘူး။ မနက် ပိုင်းရော၊ ညနေပိုင်းမှာပါတော်တော်လေးများဘယ်နေ့လယ်ခင်းပိုင်း လေး တစ်ချိန်လောက်ပဲခရီးသည်ပါးတာ။ ဆိုးတာက DM လှုပ်ရှားမှု နောက် အများသူငါသွားတဲ့လမ်းတွေပိတ်တာက တော်တော်လေး ကို ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးတာ။ ဟိုနေ့ကဆိုနိုင်ငံခြား သားတစ်ယောက် လမ်းတွေပိတ်ထားတာကို လိုက်ပြီး သေသေ ချာချာ ဓာတ်ပုံလိုက်ရိုက်နေတာတွေ့တယ်။ အဲဒီလို ပြည်ပနိုင်ငံခြားသား တွေက အခုလိုတွေ ဓာတ်ပုံရိုက် မှတ်တမ်းတွေယူနေတော့ ကျွန်တော် တို့ မြန်မာနိုင်ငံသားတွေပဲ အရှက် ရတာပဲလေ။ သူတို့က ဘာကြောင့် ရိုက်တာလဲတော့မသိဘူး။ သေချာတာတစ်ခုကတော့ ကောင်းဖို့ ကြေညာပေးမှာတော့ မဟုတ်ဘူးလို့မြင်တယ်။ လမ်းတွေ ပိတ်တဲ့သူတွေ အနေနဲ့ အရင် လုံခြုံရေးအဖွဲ့နဲ့ စည်ပင်အဖွဲ့တွေက ပိတ်ထတာတွေ လာရှင်းရင် ထပ်ကာ ထပ်ကာ ပြန်ပိတ်တာတွေလုပ်ကြတယ်။ အခု နောက်ပိုင်းတော့ ပြန်လုပ်တာတွေ မတွေ့ရတော့ဘူး။ အဲဒီအတွက် လည်း အလွန်ပဲ ကျေးဇူးတင်ပါတယ်။ သူတို့ ထပ်ပိတ်ရင် ကျွန်တော် တို့လို YBS ယာဉ်မောင်းတွေ အလုပ်ပဲ ပြောင်းလုပ်ကြရတော့မယ်။ ကားတော့ မောင်းစားလို့မရတော့ဘူး။ အဲဒါကြောင့် အခုလို လမ်း တွေပြန် မပိတ်တော့တာကိုပဲ သူတို့တစ်တွေကို ကျေးဇူးတင်ရမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) အောက်ရှိ YBS ခရီးသည်တင်ယာဉ်လိုင်း အမှတ် ၇ တွင် ပြေးဆွဲမောင်းနှင်သော ယာဉ်မောင်း ဦးဖိုးကျော်(နာမည်လွှဲ) က ပြောသည်။ ။