နေပြည်တော်၊ မတ် ၂၃
၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် လှိုင်သာယာမြို့နယ်နေ အမျိုးသမီး(၁)ဦးအား တွံတေးမြို့နယ်၊ ဗျောက်ရိုး ကျေးရွာအနီးတွင် ရက်စက်ယုတ်မာစွာသတ်ဖြတ်ခဲ့ပြီး တိမ်းရှောင်နေသူ လှမျိုးအောင်(ခ) ကိုမျိုး(ခ) ဝက်ကြီးနှင့် ၎င်း၏ဇနီးတို့အား လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာ တွင် ဖမ်းဆီးရမိခဲ့ကြောင်း မတ်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ဖမ်းဆီးရမိသူ လှမျိုးအောင်(ခ) ကိုမျိုး(ခ) ဝက်ကြီးအား ပဏာမစစ်မေးချက်အရ သတ်ဖြတ် ခံရသူ အမျိုးသမီးအား ဖမ်းဆီးသတ်ဖြတ်ရန်အတွက် တယ်လီဖုန်းဖြင့် ဆက်သွယ်ညွှန်ကြားခဲ့သူ များမှာ မတ်လ ၁၅ ရက်နေ့တွင် လှိုင်သာယာမြို့၌ ဖမ်းဆီးရမိသူ "ရွှေကောင်းကြွယ်" လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဝင်းသူစိုးမှ ဖုန်းဖြင့်ညွှန်ကြား စေခိုင်းခြင်း၊ မင်းခန့်(စိစစ်ဆဲ) ကျိက္ကနာရွာ၊ ထန်းတပင်မြို့နယ်မှ ဖုန်းဖြင့် ၄ ကြိမ် ဆက်သွယ် ညွှန်ကြားစေခိုင်း ခြင်းများ ဆောင်ရွက်ခိုင်းခဲ့ကြောင်း သိရှိရပါသည်။
သတ်ဖြတ်ခံရသူ အမျိုးသမီးအား ကားဖြင့်ဖမ်းဆီးခေါ်ဆောင်သွားရာတွင် ဝက်ကြီး နှင့်အတူ ကတုံး(ခ) သူရ(စိစစ်ဆဲ)၊ တေးဥယျဉ်(၁၃)လမ်း၊ အောက်ထိပ်၊ လှိုင်သာယာအရှေ့မြို့နယ်နေသူပါရှိပြီး တွံတေးမြို့နယ်၊ ဗျောက်ရိုး ကျေးရွာအနီးအရောက်တွင် ကတုံး(ခ) သူရ မှ သေဆုံးသူအမျိုးသမီးအား ဓားဖြင့် ၇ ချက် ထိုးသတ် ခဲ့ကြောင်းနှင့် သေဆုံးသူထံမှ လော့ကတ်သီးပါ ရွှေဆွဲကြိုး(၁)ကုံးနှင့် လက်စွပ်(၁)ကွင်းတို့အား ဖြုတ်ယူခဲ့ပြီး ၎င်းပစ္စည်းများအား လှမျိုးအောင်(ခ) ကိုမျိုး(ခ) ဝက်ကြီး ထံတွင်ထားရှိသဖြင့် နေအိမ်မှ ပြန်လည် သိမ်းဆည်း ရမိခဲ့ပါသည်။
အမှုအား ခိုင်မာစွာတည်ဆောက်လျက်ရှိပြီး ဖမ်းဆီးရမိရန် ကျန်ရှိနေသူများအား ဆက်လက် ဖော်ထုတ် ဖမ်းဆီး နိုင်ရေးနှင့် ဖမ်းဆီးရမိသူများအား စစ်ခုံရုံးဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။