ရန်ကုန် မတ် ၂၃
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဌ (မြို့တော်ဝန်) နှင့်တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီက ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်း ရေမြောင်း ရေစီးရေလာ ကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မြန်မာ့ဂုဏ်ရည်လမ်း ရေမြောင်းသည် ဒဂုံမြို့နယ်နှင့် ဗဟန်မြို့နယ်မှ စီးဆင်းလာသည့် ရေများအား ပုဇွန်တောင်ချောင်း အတွင်း စွန့်ထုတ်နိုင်ရန် မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ် ထားခြင်း ဖြစ်ပြီး မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ရေလျှံမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်