Skip to main content

ဆေးရုံ၊ရုံး၊ ဌာနနှင့် ကင်းကွာနေသော ဝန်ထမ်းများအနေဖြင့် အလုပ်ပြန်လည်ဝင်ရောက် ထမ်းဆောင်ရန်အတွက် စီစဉ်

နေပြည်တော် မတ် ၂၃ ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွယ်တက္ကသိုလ် များတွင် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဖွင့်လှစ် နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန COVID-19 Central Command Centre ၌ ကျင်းပသည်။ အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ဆေးပညာရှင်များသည် မြန်မာနိုင်ငံ ၏ဆေးလောကတစ်ခုလုံး အစဉ်အဆက် တိုးတက် လာအောင် အဆက်ဆက် ဆောင်ရွက်ခဲ့သူများ ဖြစ်ပါကြောင်း၊ ယနေ့ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် လာကြသော ပါမောက္ခချုပ် များသည် ဆေးပညာရပ် ဆိုင်ရာ ကျွမ်းကျင်ပညာရှင် (Professional) များဖြစ်ပါသဖြင့် ဆေးပညာကျင့်ဝတ် (Ethics) ကို လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်နေပါသဖြင့် ဝန်ထမ်းကျင့်ဝတ်ကိုလည်းကောင်း၊ တက္ကသိုလ် များ၏ဆရာများဖြစ်နေခြင်းကြောင့် ဆရာကျင့်ဝတ်ကို လိုက်နာရသူများဖြစ်၍လည်းကောင်း၊ ပြည်တွင်း/ပြည်ပ ဘွဲ့လွန်သင်တန်းများ တက်ရောက်အောင်မြင် ခဲ့ကြပြီး ခေတ်အဆက်ဆက် တွေ့ကြုံခဲ့ရသော အတွေ့အကြုံများ အပေါ် အခြေခံ၍ ယနေ့လူငယ်များ လမ်းမှားများ မရောက်ရှိစေရန် ထိန်းကျောင်း ( ပေးစေလိုပါကြောင်း၊ မိမိတို့ သင်ကြားလေ့ကျင့်ပေး မည့် ကျောင်းသား/ကျောင်းသူများအား “ဘေးရန် ဆီးကာ”ဖြစ်စေရေးနှင့် အန္တိမ ရည်မှန်းချက်ဖြစ်သော ဆေးပညာရှင်ကောင်းများ ဖြစ်လာစေရေးအတွက် တတ်နိုင်သမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြစေ လိုပါကြောင်း။ ဆေးတက္ကသိုလ်များနှင့် နှီးနွယ်တက္ကသိုလ်များ သည် ကျောင်းသား/ကျောင်းသူများအား ဆေး ပညာရပ် အစဉ် အမြဲတိုးတက်နေစေရန်သင်ကြားပေး လျက်ရှိသော တက္ကသိုလ်ကြီးများဖြစ်၍ ဆေးပညာ ရပ်များ ဆက်လက် သင်ကြားပေးနိုင်စေရန် အားလုံးကြိုးစားဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား ခဲ့သော ကြောင့် ဘွဲ့လွန်ဆေးပညာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး နှောင့်နှေးခဲ့ပါသဖြင့် (၂၀၂၁) ခု၊ ပညာ သင်နှစ်တွင် ဘွဲ့လွန် ဆေးပညာ သင်တန်းများကို ဖွင့်လှစ်ပို့ချပေးနိုင်ရန် ဘွဲ့လွန် ဝင်ခွင့်လျှောက် လွှာများ ခေါ်ယူနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ပြီး ဖြစ်ပါသဖြင့် တက္ကသိုလ် ဝင်ခွင့်ရွေးချယ်ရေးလုပ်ငန်းများ ကြိုတင် လုပ်ဆောင်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက် သွားရန် ဖြစ်ပါကြောင်း၊ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် သင်ကြားရေးဆိုင်ရာ ကိစ္စရပ် များ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ၊ ဆောက်လုပ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ တက္ကသိုလ်အလိုက် စာရင်းပြုစု ပေးကြရန်နှင့် နိုင်ငံတော် ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေး စိစစ်ဆောင်ရွက်ရန်လိုပါကြောင်း။ ယင်းနောက် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ/ရုံး/ဌာနနှင့် ကင်းကွာနေသော ဝန်ထမ်းများ အနေဖြင့် အလုပ်ပြန် လည်ဝင်ရေရောက်ထမ်းဆောင် ရန်အတွက် စီစဉ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ဆေးနှင့် ဆေးနှီး နွယ် တက္ကသိုလ်များတွင် တာဝန် ထမ်းဆောင်နေသော ဆေးပညာရှင်များနှင့်ကုသရေး ပိုင်းတွင်ပါဝင်သော ပုဂ္ဂိုလ်များ အတွက် ဂုဏ်ဒြပ်နှင့် ကိုက်ညီသည့် ချီးမြှင့်ငွေများအားလာမည့်ဧပြီလကုန် မှစ၍ စတင်ပေး အပ်နိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် လုပ်ငန်း များအဆင်ပြေစေရန် ဝန်ကြီးဌာနမှ အထူးအလေး ထား စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။ ထို့နောက် ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ယာယီ ပူးတွဲ တာဝန်)၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ခင်ဇော်က ဝန်ထမ်း ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တင်ပြချက်များအပေါ်ဖြေရှင်းဆောင် ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေး ကြပြီးကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်ထွန်းက ဆေး တက္ကသိုလ်များနှင့်ဆေးပညာနှီးနွယ်တက္ကသိုလ် များတွင် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဖွင့်လှစ် နိုင်ရေးကိစ္စနှင့် ဆေးပညာရှင်များနှင့် ကုသရေးပိုင်း တွင်ပါဝင်သော ပုဂ္ဂိုလ်များအတွက် ဂုဏ်ဒြပ်နှင့် ကိုက်ညီသည့် ချီးမြှင့် ငွေများရရှိရေး ဆောင်ရွက်နေမှု များကို အသေးစိတ်ရှင်းလင်းတင်ပြသည်။ ညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ဆေးတက္ကသိုလ် များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ တက်ရောက်ကြသည်။ သတင်းစဉ်