Skip to main content

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

စစ်တွေ မတ် ၂၃ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ အား ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ရုံးခန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD)ကို ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေး ပေါင် ချိန် တိုင်းတာပေးခြင်း၊ သွေး အတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက် ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များ၊ အတွင်းရေးမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ရုံးမှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား စစ်တွေမြို့ကုတင် ၅၀၀ ဆံ့ပြည်သူ့ ဆေးရုံကြီးမှ ဆရာဝန်များက ကာကွယ်ဆေး ထိုးနှံပေးကြသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများသည် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဖေဖော်ဝါရီလ ၂၃ နေ့ကစတင် ထိုးနှံခဲ့ပြီး ယနေ့တွင် ဒုတိယအကြိမ် ထိုးနှံကြခြင်း ဖြစ်သည်။ တင်ထွန်း(ပြန်/ဆက်)