Skip to main content

အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု Elementary-1 Course သင်တန်းသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်

နေပြည်တော် မတ် ၂၃ Basic English for Ministry Staff အစီအစဉ်၏ Elementary-1 Course သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဖွင့်လှစ်သည်။ သင်တန်းဖွင့်ပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ၇၅ နှစ်မြောက် စိန်ရတု အထိမ်းအမှတ် အခမ်း အနား၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်ဘာသာ အရည်အသွေး ကောင်းမွန် စေရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ယင်း လမ်းညွှန် မှာကြားချက်အပေါ် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ညိှနှိုင်း ပေးပြီး နည်းပညာ သက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အစီအစဉ်ဖြင့် ယခုကဲ့သို့ သင်တန်း ဖွင့်လှစ် နိုင်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ သင်တန်းသား၊ သင်တန်း သူများအနေဖြင့် ရတောင့်ရခဲ အခွင့်အရေးတစ်ရပ်အဖြစ် ခံယူ ပြီး ကြိုးစား သင်ယူကြရန်ဖြစ် ကြောင်း မှာကြားသည်။ ယခုသင်တန်းကို ပြန်ကြား ရေးဝန်ကြီးဌာန၏ ညှိနှိုင်းပေးမှု ဖြင့် ပညာရေးဝန်ကြီးဌာန နည်း ပညာ၊ သက်မွေး ပညာနှင့်လေ့ကျင့် ရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် Basic English for Ministry Staff 308320 Son Elementary-1 Course အဖြစ် အင်္ဂလိပ်ဘာသာ စကား ကျွမ်းကျင်မှုသင်တန်း ကျောင်း (နေပြည်တော်)မှ ဆရာ၊ ဆရာမများက တစ်ပတ်လျှင် နှစ်ရက် ၂၀၂၁ ခုနှစ် မေ ၁၂ ရက် အထိ ပို့ချမည်ဖြစ်ပြီး မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်း ၃၀ တက်ရောက်လျက်ရှိကြောင်း သိရ သည်။ သတင်းစဉ်