Skip to main content

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ အများပြည်သူ အသုံးပြုသည့် လမ်းများပေါ်၌ ပိတ်ဆို့ထားသည့် အတားအဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြည်သူများနှင့်အတူ ဆက်လက်ဖယ်ရှားရှင်းလင်း

နေပြည်တော်၊ မတ် - ၁၉ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆူပူအကြမ်းဖက်သူများက အများပြည်သူ အသုံးပြုလျက်ရှိသည့်လမ်းများကို အတားအဆီးများ ချထား၍ ပိတ်ဆို့ခြင်းများ ပြုလုပ်ထားသဖြင့် ပြည်သူများ၏ သွားလာရေး အခက်အခဲများရှိခြင်း၊ မီးဘေးအန္တရာယ်အခြေအနေနှင့် အရေးပေါ်ကျန်းမာရေးအခြေအနေတို့တွင် အခက်အခဲများ ရှိခြင်းတို့ဖြစ်ပေါ်လာနိုင်သောကြောင့် ယနေ့တွင်လည်း အဆိုပါအတားအဆီးများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက်ဖယ်ရှား ရှင်းလင်းပေးခဲ့သည်။ #တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့