နေပြည်တော် မတ် ၁၇
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ရခိုင်ပြည်နယ်အတွင်း ကာလ ရှည်ဖြစ်ပွားခဲ့သော ပဋိပက္ခများကိုဖြေရှင်းဆောင်ရွက်နိုင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင် လျက်ရှိသော လူမှုအသိုက်အဝန်းအားလုံး အကျိုးဖြစ်ထွန်းစေရေးအတွက် အစိုးရအဆက်ဆက် ဖြေရှင်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ပြောင်းလဲ တိုးတက်မှုများကို ဖော်ဆောင်နိုင်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ ရှေ့ဆက်၍ ရခိုင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏မူဝါဒ၊ လမ်းညွှန်ချက် များနှင့်အညီ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရခိုင် ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဖွဲ့စည်း ခဲ့မှု၊ အဆိုပါကော်မရှင်များ၏ ရခိုင်ပြည်နယ်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အ ထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ ကော်မတီ၏ အကြံပေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှုနှင့်ကော်မတီ၏ အကြံပေးအဖွဲ့၏ အကြံပြုချက်များ၊ အကြံပြု ချက် ကဏ္ဍများအလိုက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တို့၏ လုပ်ငန်းဆောင် ရွက်ခဲ့မှု၊ အကြံပြုချက်များ အပေါ်အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြည်သူသို့ အစီရင်ခံစာ ပြုစုထုတ်ပြန်ခဲ့မှုများ၊ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း ၍ သုံးသပ်တွေ့ရှိချက် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်းတင်ပြချက် များအပေါ် ပြန်လည်ဆွေးနွေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025