နေပြည်တော် မတ် ၁၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အရာထမ်းများနှင့် တွေ့ဆုံညှိ နှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနရှိ နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဌသည် ပြည်သူအများ ကိုဗစ်-၁၉ ကာလအလွန် မွန်းကြပ်နေသော စိတ်ခံ စားမှုများ လျော့ပါးပြီး စိတ်လက်ပေါ့ပါးကာ ပျော်ရွှင်ချမ်းမြေ့စွာ ခရီးသွားလာ/ အပန်းဖြေနိုင် ရေးအတွက် အထူးအလေးထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြည်တွင်းခရီးသွားလုပ်ငန်းများကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးညွှန်ကြားထားရှိပြီး ပုဂံ- မန္တလေး- ပြင်ဦးလွင်- ငပလီ- ချောင်းသာနှင့် ငွေဆောင် ဒေသများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကြောင့် မွန်းကြပ်နေမှုအပေါ် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းနှင့်အညီ ခရီးသွားလာနိုင်အောင် မော်တော်ယာဉ်လိုင်းများ ပြန်လည် ဖွင့်လှစ်ခြင်း၊ ခရီးသွားကန့်သတ်ချက်များ ဖြေလျော့ပေးခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်များ အမြန်ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ညွှန်ကြားချက်များ ရရှိပြီးဖြစ်ပါကြောင်း၊ ဟိုတယ်များ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာနမှ ရေးဆွဲထားသည့် Enchanting Myanmar Health & Safety Protocols နှင့်အညီ စစ်ဆေးပြီး အဆင့်သတ်မှတ် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းခရီးသွား လုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် ထဲထဲဝင်ဝင်နှင့် ဦးဆောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် ကာကွယ် ဆေးထိုးနှံပေးနိုင်ရေး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာန များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနတာဝန်ခံများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိကိုယ်တိုင်အရာရာကို ချင့်ချိန်တွေးတောကြံဆပြီး လုပ်ငန်းတာဝန်များ အား ကျေပွန်စွာထမ်းဆောင်ကြရန်လိုအပ်သလို မိမိတို့ကြီးကြပ်ကွပ် ကဲမှုပြုသော ဝန်ထမ်း များကိုလည်း ပါတီနိုင်ငံရေးကင်းရှင်းပြီး ဝန်ထမ်း စည်းမျဉ်းစည်းကမ်း များနှင့်အညီ လုပ်ငန်း တာဝန်များကို အလေးထား လိုက်နာစေရေး ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒလုပ်ထုံးလုပ်နည်းများနှင့် အညီ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရာတွင် ဝန်ထမ်းအားလုံး ပူးပေါင်းပါဝင် လုပ်ကိုင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနတာဝန်ခံများမှ ဌာနအလိုက် ဝန်ထမ်းခန့်အပ်ထားရှိမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင် ရွက်ရမည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်များက ဌာနများမှ လုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာ မှုမရှိစေရေး၊ ဝန်ထမ်း ရေးရာ ကိစ္စရပ်များ၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ရုံးလုပ်ငန်း စည်းမျဉ်းနှင့်အညီ တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025