Skip to main content

အသွင်ကူးပြောင်းမှုနှင့် နိုင်ငံ့အခြေအနေ အမှန်/အမှား ခွဲခြားရှုမြင်

နိုင်ငံတစ်နိုင်ငံ၏ အသွင်ကူးပြောင်းမှုဖြစ်စဉ်များအနက် အဓိကအား ဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု (Political Transition) ဖြစ်စဉ်သည် အရေးအကြီးဆုံးဖြစ်ပါသည်။ မျက်မှောက်ကာလတွင် ဒီမိုကရေစီကို လူတိုင်းလူတိုင်း နိုင်ငံအများစု ထောက်ခံအားပေးလာကြသည်။ ဒီမိုကရေစီသည် သဘောတရားအားဖြင့် အာဏာရှင်စနစ် ကျင့်သုံးမှုမှ ဒီမိုကရေစီဘက်သို့ ကူးပြောင်းလာခြင်း၊ ဒီမိုကရေစီမဟုတ်သည့် အခြေအနေမှ ဒီမိုကရေစီအခြေ အနေသို့ ပြောင်းလဲလာခြင်းကို ဆိုလိုကြသည်။ ၂၀ ရာစုနှောင်းပိုင်းကာလတွင် ကမ္ဘာပေါ်၌ ဒီမိုကရေစီအပြောင်း အလဲများ သိသိသာသာ ဖြစ်ထွန်းလာပါသည်။ ၁၉၇၀ ပြည့်နှစ်လယ်ပိုင်း က အနောက်ဥရောပ၌ လက်ယာစွန်းအာဏာရှင် (ပေါ်တူဂီ ဂရိ၊ စပိန်) အပြောင်းအလဲ၊ ၁၉၈၀ ပြည့်နှစ်တွင် လက်တင် အမေရိက နိုင်ငံများ၏ ဒီမိုကရေစီအပြောင်းအလဲ၊ ၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် အရှေ့ ဥရောပနှင့် ဆိုဗီယက်အပြောင်းအလဲ စသည်ဖြင့် ကမ္ဘာတစ်ဝန်း လုံးတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များပေါ်ပေါက်ခဲ့ပါသည်။ အရွေ့တစ်ခုသို့ ပြောင်းလဲ ၁၉၇၄ ခုနှစ်တွင် ကမ္ဘာပေါ်တွင် နိုင်ငံ ၃၉ နိုင်ငံသာ ဒီမိုကရေစီ နိုင်ငံဖြစ်ခဲ့ရာမှ ယနေ့ကာလတွင် ဒီမိုရေစီနိုင်ငံပေါင်း တစ်ရာကျော် ရှိလာပြီဖြစ်သည်။ Freedom House အဖွဲ့၏ သတ်မှတ်တိုင်းတာမှုအရ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာပေါ်၌ နိုင်ငံပေါင်း ၁၂၅ နိုင်ငံသည် ရွေးကောက် ပွဲဖြင့် တည်ထောင်သော ဒီမိုကရေစီစနစ် ရှိပြီဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများမှာ ခက်ခဲကြမ်းတမ်းပြောသော်လည်းကောင်းမွန် သော အရွေ့တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်ကို ယနေ့ကာလတွင် လက်တွေ့ မြင်တွေ့နေရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်ခဲ့သော ဒီမိုကရေစီ အပြောင်းအလဲ၏ နောက်ဆက်တွဲအဆက်ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးဖြင့် ဖြစ်ပေါ်လာခဲ့သော မြန်မာ့နိုင်ငံရေးအခြေအနေ သည် ကမ္ဘာ့ဒီမိုကရေစီ အပြောင်းအလဲတွင် စိန်ခေါ်မှုကြီးမားစွာဖြင့် လိုက်ပါလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ပြည်သူလူထုစီးပွားရေး ကျပ်တည်းမှုကို အကြောင်းပြု၍ တစ်ပါတီစနစ်ကို ဖြိုဖျက်ရာမှ ကမ္ဘာ့ နိုင်ငံများနည်းတူ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။ ဒီမိုကရေစီ စတင်အသက်ဝင် မြန်မာနိုင်ငံတွင်ဖြစ်စေ၊ ကမ္ဘာ့နိုင်ငံများတွင်ဖြစ်စေ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အစိုးရဟောင်း ခေါင်းဆောင်များက စတင် အုတ်မြစ်ချပေးခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ (အတိုက်အခံ အင်အားစုများအပါအဝင်)တို့က တောင့်တင်းခိုင်ခံ့ သည့် ဒီမိုကရေစီအိမ်ကြီးဖြစ်အောင် ဆက်လက်တည် ဆောက်ကြ ရပါသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် ရှေ့ပိုင်းကာလများက ပြည်သူ များအနေဖြင့် ဒီမိုကရေစီနှင့် အလှမ်းဝေးခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်း မှစ၍ ဒီမိုကရေစီစနစ်ကို စတင်ထိတွေ့လာခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အကျယ်ဖွင့် ဆိုလျှင် ကျမ်းတစ်ဆူမက ရှုပ်ထွေးများပြား ကျယ်ပြန့်လှသဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်အကောင်အထည်ဖော်သည့် ၂၀၁၀ ပြည့်နှစ်မှစ၍ အကျဉ်းချုပ်မျှ စေ့ငုကြည့်သင့်ပေသည်။ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် ယခင်ဆိုဗီယက် ယူနီယံ၏ ခွဲထွက်နိုင်ငံများ တော်လှန်ရေး၊ မဝေးလှသောကာလများက ဖြစ်ပေါ်ခဲ့ သည့် နိုင်ငံအပြောင်းအလဲအရေး၊ အာရပ်နွေဦး ဒီမိုကရေစီ ပြောင်းလဲ ရေးတို့ကို ညွှန်းဆိုသော်လည်း မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့ စရိုက်နှင့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနောက်ခံများအရ ပြောင်းလဲ လာခဲ့ခြင်းဖြစ်ပါသည်။ ရိုးသားစွာအာဏာတည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ၂၁ ရာစု မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း၏ အစဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်မှုရှိသည်။ မရှိသည်ကို ဒီမိုကရေစီ ကနဦး ဆောင်ရွက်မှုဖြစ်စဉ်များအား အကဲဖြတ်ရှုမြင်နိုင်ပါသည်။ ဦးစွာ ဒီမိုကရေစီစနစ်ကို စနစ်တကျ ထိန်းကျောင်း မောင်းနှင်ပေးနိုင် ရေး လွတ်လပ်ပွင့်လင်းပြီး သန့်ရှင်း၊ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေး စိတ်ရင်းစေတန၁မှန်ကန်ပြီး ရိုးသားဖြောင့်မတ်သည့်အာဏာရ ပါတီဖြစ်ရေးတို့သည် အရေးကြီးသောအချက်များဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ဒီမိုကရေစီအသွင် ကူးပြောင်းပေးမည့် အစိုးရလက်ထက်တွင် ပြည်ပရောက် ဒီမိုကရေစီ ရေးနှင့် တိုင်းရင်းသားအရေး လှုပ်ရှားခဲ့ကြသူများ အိမ်ပြန်လာနိုင် ကြသည်။ လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လာနိုင်ကြ သည် အသင်းအပင်းဖွဲ့စည်းမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ခဲ့သည်။ သမဂ္ဂ များ ဖွဲ့စည်းခွင့်ရလာကြသည်။ "စာပေကင်ပေတိုင်*ဟု ကင်ပွန်းတပ် ခေါ်ဝေါ်ကြသည့် စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ နှစ်ပေါင်း ၅၀ ခန့်ကင်းကွာခဲ့သည့် လွတ်လပ်သည့် သတင်းစာများ၊ ဂျာနယ်များ အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။ အစိုးရနှင့် လူပုဂ္ဂိုလ်တို့ကို ပွင့်ပွင့်လင်းလင်းဝေဖန်သည့်စာများ ရေးသားလာနိုင်ကြသည်။ အခွင့်အရေးများနှင့် ကူးပြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်လာနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပေါ်ပေါက်လာသည်။ ဥပဒေပြုရေးနှင့် ပြည်သူ့ရေးရာမူဝါဒဆွေးနွေးမှုများတွင် ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများထံမှ တိုင်ပင်နှီးနှော အကြံဉာဏ် ရယူနိုင် ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ မရှိသလောက် လျော့နည်းကျဆင်း လာခဲ့သည်။ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် သက်သာ ခွင့်များပေးနိုင်ခဲ့သည်။ ဝန်ထမ်းများကို လစာတိုးပေးနိုင်ခဲ့သည်။ စီးပွားရေးတွင် ကာလရှည်ကြာထိန်းချုပ်ထားသော မိုဘိုင်းဖုန်း ဝန်ဆောင်မှုများ ပေးနိုင်ခဲ့သည်။ လက်ကိုင် ဖုန်းဆင်းကတ်တစ်ကတ် လျှင် ကျပ်တစ်ထောင့်ငါးရာဖြင့် ပြည်သူအားလုံး သုံးစွဲနိုင်ခဲ့သည်။ ရန်ကုန်မြို့ ကဲ့သို့ မြို့ကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှု ဒဏ်ကိုခံကာ ကားတင်သွင်းခွင့်မူဝါဒကို ဖွင့်ပေးခဲ့သည်။ အလယ်အလတ်လူတန်းစား များအထိ အားလုံးကားစီးနိုင်ကြသည်။ သံတမန်များ၊ နိုင်ငံတကာ ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ရောက်လာကြသည်။ နိုင်ငံတကာ အထောက်အပံ့အကူအညီများ ကမ်းလှမ်းလာခဲ့သည်။ ပြည်သူအများစု မနှစ်သက်၊ လက်မခံသော မြစ်ဆုံစီမံကိန်းကို ရပ်တန့်ခဲ့သည်။ နိုင်ငံတကာပိတ်ဆို့မှုများ၊ ဒဏ်ခတ်မှုများ ရပ်ဆိုင်း၍ ပုံမှန်ဆက်ဆံမှု များ ထူထောင်လာကြသည်။ နောက်ဆုံးတွင် ရွေးကောက်ပွဲတွင် အနိုင်ရသည့် NLD ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အနှောင့် အယှက်မရှိ ချောမွေ့ဖြောင့်ဖြူးစွာ အာဏာလွှဲပြောင်းပေးခဲ့သည်။ ပြဿနာများဖြင့်စခန်းသိမ်း NLD ပါတီ၏ နောက်ခံသမိုင်းကြောင်းကို အားလုံးသိကြပြီးဖြစ်၍ အကျယ်မရှင်းပြလိုတော့ပါ။ အာဏာရအစိုး ရဘဝတွင် ဖြစ်ပေါ်ခဲ့သည့် အရေးကြီးကိစ္စအချို့ကို အကျဉ်းမျှ တင်ပြလိုပါသည်။ တိုတောင်းလှ သည့် ငါးနှစ်တာကာလအတွင်းမှာ NLD သည် နိုင်ငံတော်အား မည်သို့ ဖြတ်သန်းခဲ့သည်ကို လူပုဂ္ဂိုလ်မျက်နှာမကြည့်ဘဲ လက်တွေ့ အခြေ အနေမှန်ကို စေ့ငုကြည့်လျှင် မှတ်မှတ်ထင်ထင် တွေ့မြင်နိုင်မည် ဖြစ်သည်။ NLD သည် တာထွက်လည်း မကောင်း၊ ပန်းဝင်လည်း မကောင်းခဲ့ပါ။ NLD ပါတီ စတင်နိုင်ငံ့တာဝန်ယူသည့် ၂၀၁၆ ခုနှစ်မှ စတင်၍ ပြဿနာဆိုးနှင့်ကြုံခဲ့ရပြီး သက်တမ်းကုန်ဆုံးပြီး ရွေးကောက်ပွဲ ဝင်ပြီးသည့်အခါတွင်လည်း ပြဿနာ များနှင့် စခန်းသိမ်းခဲ့ရပါသည်။ ၂၀၁၆ ခုနှစ်မှစတင်၍ အရှေ့ အလယ်ပိုင်းဒေသအစွန်းရောက်များ ကျောထောက်နောက်ခံပြုထားသည့် အကြမ်းဖက် သမားများက မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်လုံခြုံရေးကင်းစခန်းများကို တိုက်ခိုက်လာခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ ထိခိုက်သေဆုံးခဲ့ကြသည်။ ထို့နောက် လူ့အသိုက်အဝန်း နှစ်ခုအကြားတွင် ကြီးမားသည့် ပဋိပက္ခများဖြစ်ပေါ် လာပြီးနောက် အိမ်နီးချင်းတစ်ဖက်နိုင်ငံသို့ ကူးပြောင်းထွက်ခွာ သွားကြသည့် ဒုက္ခသည်ပြဿနာကြီး ပေါ်ပေါက်လာခဲ့သည်။ ယင်းကို အကြောင်းပြု၍ အနောက်နိုင်ငံများနှင့် OIC နိုင်ငံများက ဝင်ရောက် စွက်ဖက်လာခဲ့သည်။ ရခိုင်ပြည်နယ်အရေးကို တောက်လျှောက် ဖြေရှင်းလာခဲ့ရသည်။ ထိုသို့ဖြေရှင်းရသည့်အထဲတွင် မြန်မာနိုင်ငံနှင့် မိုင်ပေါင်း ၂၀၀၀ ကျော်ဝေးသည့် ဂမ်ဘီယာနိုင်ငံငယ်လေးကတရားစွဲ သဖြင့် ICJ ခုံရုံးတွင် သွားရောက်ဖြေရှင်းခဲ့ရသည်လည်း တစ်ခုအပါ အဝင် ဖြစ်သည်။ ပြည်သူ့ဘဏ္ဍာငွေများသုံးစွဲ ကော်မရှင်နှစ်ရပ်ကို စိတ်ကြိုက်ရွေးချယ်အသုံးပြုခဲ့သည်။ ပထမ အကြိမ် ကိုဖီအာနန် ဦးဆောင်သည့်ကော်မရှင် အတွက် ကုန်ကျငွေကျပ် ၃၆၈ သန်း၊ ဒုတိယအကြိမ် ဖိလစ်ပိုင်သံအမတ်ကြီး ခေါင်းဆောင် သည့် ကော်မရှင်အတွက် ကုန်ကျငွေကျပ် သန်း ၂၉၀ လွှတ်တော်တွင် အတည်ပြုခြင်းမရှိဘဲ ပြည်သူ့ဘဏ္ဍာငွေမှ ကျခံသုံးစွဲခဲ့သည်။ ICJ တွင် တရားရင်ဆိုင်နိုင်ရန်အတွက် ပြည်ပရှေ့နေငှားရမ်းခ၊ တည်းခိုခ၊ ထွက်ဆိုစာတမ်းပြုစုခ စသည့်သုံးစွဲကုန်ကျစရိတ် ကျပ်သန်း ၆၈၀ အပြင် အသွားအပြန်ခရီးစရိတ် ကျပ်သန်း ၃၅၀ ကျခံသုံးစွဲခဲ့သည်။ ICJ အမှုသည် လုံခြုံရေးတပ်ဖွဲ့များနှင့် သက်ဆိုင်ပြီး အမှုရင်ဆိုင်ရန် ရက်ပေါင်း ၈၀ ကျော် အချိန်ရသော်လည်း တပ်မတော်နှင့်သော် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်သော်လည်းကောင်း ညှိနှိုင်းတိုင်ပင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ နိုင်ငံခြားအကြံပေးများခန့်ထား ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ကြယ်ပွင့်ပြမေးခွန်း အပေါ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင်တစ်ဦး ရှင်းလင်းပြောကြားခဲ့သည်များကို မှတ်မိကြ ဦးမည်ဖြစ်သည်။ တိုင်းပြည်ခေါင်းဆောင် တစ်ဦးတည်း ဆုံးဖြတ်ချက် ဖြင့် နိုင်ငံခြားသားအကြံပေး ၉၂ ယောက်ကို နိုင်ငံ့ဘဏ္ဍာငွေဖြင့် ခန့်အပ်ခဲ့သောကိစ္စ ဖြစ်သည်။ ထိုအကြံပေးများအတွက် တစ်နှစ်လျှင် အသုံးစရိတ် ကျပ် ၂ ဒသမ ၅ ဘီလီယံကျော်၊ ငါးနှစ်အတွက် ကျပ် ၁၀၂ ဒသမ ၅ ဘီလီယံကျော်သုံးစွဲခဲ့သည်။ ထိုသို့သုံးစွဲခဲ့သော်လည်း နိုင်ငံအတွက် ထူးထူးခြားခြား ဖြစ်ဖြစ်မြောက် မြောက် တိုးတက်မှုရှိ/ မရှိကို ယထာဘူတကျကျ ဝေဖန်ပိုင်းခြားတတ်သည့် စာဖတ်သူများ အသိဆုံးပင်ဖြစ်မည်။ ။ နိုင်ငံခြားသားစီးပွားရေးပညာရှင် အကြံပေးချက်အရ အခွန် | တိုးကောက်ရေး၊ မီတာခ တိုးကောက်ရေးတွင် အလုပ်ဖြစ်ခဲ့သည်။ နိုင်ငံခြားသား ၉၂ ယောက်အတွက် တစ်လစားစရိတ် ကျပ်သန်း ၃၀၀၀၀ ပေးချေရသည်။ လစာ၊ အသုံးစရိတ်၊ ထောက်ပံ့ကြေး ကုန်ကျ ငွေများအားလုံးကို နိုင်ငံတော်၏ ဘတ်ဂျက်နှင့် အရေးပေါ် ပြည်ပ ချေးငွေများမှ ကျခံရသည်ဟု သိရသည်။ အများအမြင်တွင် နိုင်ငံတော် ကို မြန်မာများက အုပ်ချုပ်စီမံနေသည်ဟု ဆိုသော်လည်း လက်တွေ့ တွင် နိုင်ငံခြားသားအကြံပေးများ၏ အကြံဉာဏ်ဖြင့် အုပ်ချုပ်စီမံနေ သည်ကို ပြည်သူများအနေဖြင့် သိမြင်နိုင်ခြင်းမရှိပေ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးတင်ပြ ချက်အရ သိရှိကြရမည် ဖြစ်သည်။ တိုင်းပြည်အတွက် ထိရောက်သောအကျိုးစီးပွားမဖြစ်ဘဲ ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးခဲ့ရသည်။ တိုင်းတစ်ပါး နိုင်ငံခြားသားများ အကျိုးဖြစ်ခဲ့သည်။ တိုင်းပြည်ကို စီမံအုပ်ချုပ်မှုညံ့ဖျင်းမှုများ၊ မိမိကိုယ် ကို အထင်ကြီးမှုနှင့် တိုင်းပြည်အပေါ်ထားရှိသည့် သဘောထား မှန်ကန်မှုမရှိမှုတို့ကြောင့် တိုင်းပြည်ပုံရိပ် ကျဆင်းစေခဲ့သည်။ (ဆက်လက်ဖော်ပြပါမည်)