နေပြည်တော် မတ် ၁၆
တပ်မတော်က တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် တိုင်းရင်းသား ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများ အား တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၁၅ ရက် နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် လောက်ကိုင်မြို့ အတွင်းရှိ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ များကို သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အေးသာ ယာမြို့၊ ဟိုပုံးမြို့၊ ကလောမြို့၊ အောင်ပန်းမြို့ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့၊ လင်းခေးမြို့၊ ကွန်ဟိန်းမြို့၊ မိုးနဲမြို့၊ မောက်မယ်မြို့၊ လွိုင်လင်မြို့၊ နမ့်စန်မြို့၊ ကျိုင်းတောင်းမြို့နှင့် ကယား ပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်း ရင်းသားပြည်သူများကို သတ်မှတ် နေရာအသီးသီး၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့၊ မိုင်းဖြတ်မြို့နှင့် မိုင်းခတ်မြို့များ အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ ရန်ကုန် တိုင်းဒေသြီး မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်များအတွင်းရှိဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့တော်စည်ပင်သာယာရေး
ကော်မတီမှ ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ် နေရာ အသီးသီး၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဌာန ဆိုင်ရာ ဝန်ထမ်းများကို သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြု များပါဝင်သော ဆေးအဖွဲ့များက CDM တွင် ပါဝင် ခြင်းမရှိဘဲ ပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေး | စစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး | ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်