နေပြည်တော် မတ် ၁၆
COVID-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့် ဗုဒ္ဓဘာသာ ဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်း ထားရှိရာမှ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေး ချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညို တရားဘာဝနာပွားများနိုင်ရေး အတွက် ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက် ရှိကြသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာရေးကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့် ဟိန္ဒူဘာသာရေး ကျောင်းများကိုလည်း သက်ဆိုင်ရာဘာသာများအလိုက် အများပြည်သူ ဝတ်ပြု ကြည်ညိုနိုင်ရေး အတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာဘာသာဝင်များက စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ စိတ်အေးချမ်းသာစွာ လာရေဝက်ဝတ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025