Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသံဂါ ယနာမဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတွင် ကျင်းပပြုလုပ်သည့် အကြိမ်(၆၀)မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် မိန့်ကြားတော်မူအပ်သော နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဥက္ကဋ္ဌ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဒေါက်တာဘဒ္ဒန္တကုမာ ရာဘိဝံသ(ဝင္သကာ၊ ပါဠိသိရောမဏိ)၏ သာရဏီယဩဝါဒကထာ ၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် (၁၅-၃-၂၀၂၁) တနင်္လာနေ့)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒကိုခံယူကာ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲ တို့၌ အောင်မြင်တော်မူခဲ့ကြသည့် ဓမ္မာစရိယအထူးအောင် အရှင်မြတ်များနှင့် ပါဠိဂုဏ်ထူး၊ မြန်မာဂုဏ်ထူးအောင် အရှင်မြတ်များ၊ ပါဠိပထမပြန်အထူးအောင် အရှင်မြတ်များနှင့် အထူးအောင် သီလရှင် ဆရာလေးများ အောင်လက်မှတ်ဆက်ကပ်သည့် မဟာဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒါယကာ ဒါယိကာမများ အား အမှတ်ရဖွယ်ဖြစ်သည့် သာရဏီယ ဩဝါဒစကားမြွက်ကြားလိုပါ သည်။ ဗုဒ္ဓသာသနာဟူသည် မြတ်စွာဘုရားရှင်၏ အဆုံးအမပင်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ အဆုံးအမဟူသည်မှာလည်း အချုပ် အားဖြင့် သီလ သမာဓိ ပညာဟု ဆိုအပ်သော သိက္ခာသုံးရပ် အကျင့် မြတ်ပင်ဖြစ်ပါသည်။ ဤသိက္ခာသုံးရပ်ကို ပြည့်စုံအောင် ကျင့်ကြံဆောင်ရွက်ခြင်း သည်ပင် မြတ်စွာဘုရားရှင်၏အဆုံးအမကို လိုက်နာခြင်းမည်ပေသည်။ တစ်နည်းအားဖြင့် မြတ်စွာဘုရားရှင်၏ သာသနာ တော် တည်ခြင်းဖြစ်ပါသည်ဘုရား။ မြတ်စွာဘုရားရှင် သာသနာတော်ကြီး ပြန့်ပွားအောင် ပြုလုပ် သူသည် သူတစ်ပါးတို့သန္တာန်၌ သာသနာတည်အောင်မပြုမီ မိမိသန္တာန်၌ ဦးစွာသာသနာတည်အောင် ပြုလုပ်သင့်ပေသည်။ မိမိ သန္တာန်၌ ဦးစွာသာသနာတည်အောင် ပြုလုပ်ရေးဟူသည်မှာလည်း သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့နှင့် ပြည့်စုံ ရေးများပင်ဖြစ်ပါသည်ဘုရား။ သီလဆိုသည်မှာ မကောင်းမှုအကုသိုလ် တို့ကို မပြုမိအောင် ကိုယ်နှုတ်နှလုံး စောင့်သုံးကျင့်ကြခြင်းဖြစ်ပါသည်။ ထိုသို့ ကိုယ်နှုတ်နှလုံး စောင့်သုံးကျင့်ကြမှုကို ပြုခြင်းပင်လျှင် အစ၏ကောင်းခြင်းနှင့်ပြည့်စုံသော အာဒိကလျာဏ ပရိယတ္တိ သာသနာ သမာဓိဆိုသည်မှာ ကမ္မဋ္ဌာန်းတရားကို ကျင့်ကြံအားထုတ် သည်မှ မဂ်ဖိုလ်နိဗ္ဗာန် ကုသိုလ်တရားကို ဖြစ်စေခြင်း၊ ကုသိုလ်တရား ဖြစ်အောင် ဝိပဿနာ ဘာဝနာ ပွားများအားထုတ်နေခြင်းဖြစ်ပါ သည်းထိုသို့ ဝိပဿနာဘာဝနာ တရားပွားများ အားထုတ်နေခြင်းသည် ပင်လျှင်အလယ်၏ ကောင်းခြင်းနှင့်ပြည့်စုံသော မကလျာဏ ပဋိပတ္တိသာသနာ၊ ပညာဆိုသည်မှာ ကာမစ္ဆန္ဒနီဝရဏစသော နီဝရဏတရား ငါးပါးတို့ ကင်းကွာနေအောင် မိမိစိတ်ကို ဖြူစင်စွာ ထားရှိရေးအတွက် လက္ခဏာယာဉ်သုံးပါးကို အစဉ်မပြတ်ရှုမှတ် နေခြင်းဖြစ်သည်။ ထိုသို့ မိမိစိတ်ကို ဖြူစင်စွာထားရှိနေခြင်း ရုပ်နာမ် တရားတို့ကို လက္ခဏာ သုံးပါးသို့တင်၍ ရှုနေခြင်းသည်ပင်လျှင် အဆုံး၏ ကောင်းခြင်းနှင့် ပြည့်စုံသော ပရိယေသာနကလျာဏ ပဋိဝေဓသာသနဟူ၍ ကောက်ယူအပ်ကြောင်း မြတ်စွာ ဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်ဘုရား။ ထိုသို့ အာဒိကလျာဏ ပရိယတ္တိသာသနာ၊ မဇ္ဈကလျာဏ ပဋိပတ္တိသာသနာ၊ ပရီသာကလျာဏ ပဋိဝေဓသာသနာသုံးရပ် တို့တွင် ပရိယတ္တိသာသနဟု ဆိုအပ်သော ဗုဒ္ဓပါဝစန ပိဋက သုံးသွယ် နိကာယ်ငါးရပ် ကျမ်းမြတ်တို့သည်သာ အရင်းမူလ အခြေခံပဓာန ဖြစ်ပါသည်။ ထိုပရိယတ္တိ သာသန၁မကွယ်သမျှ ကာလပတ်လုံး ပဋိပတ္တိသာသနာနှင့် ပဋိဝေဓသာသနာနှစ်ရပ်သည် မကွယ်ပျောက် နိုင်သေးပါ။ အကယ်၍ ပရိယတ္တိသာသနာ ကွယ်ပျောက်လျှင်ကား အခြားသော သာသနာနှစ်ရပ်လည်း ကွယ်ပမည်သာဖြစ်ပါသည်ဘုရား။ ပဠိမေ ဘိက္ခဝေ ဓမ္မာ သဒ္ဓမ္မဿ ဌိတိယာ အသမ္မာသာယ အန္တရဓာနာယ သံဝတ္တန္တိ စသည်ဖြင့် အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ ပါဠိတော်(နှာ-၁၅၈)၌ သာသနာတော် တည်တံ့ခိုင်မြဲခြင်း၊ မကွယ် ပျောက်ခြင်းတရားငါးပါးကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ ထိုတရား ငါးပါးတို့မှာ - ၁။ သုဂ္ဂဟိတံ သုတ္တန္တ ပရိယာပုဏန္တိ= မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ပါဠိတော်ကို ကောင်းစွာသင်ခြင်း။ ၂။ ပဒက္ခိဏါဟိ အနုသာသနီး မြတ်စွာဘုရားရှင်၏ အဆုံးအမတော်ကို ရိုသေစွာ ဆောင်ထားခြင်း။ ၃။ အာဂတာဂမာ ဓမ္မရော ဝိနယဓရာ= သုတ် ဝိနည်း အဘိဓမ္မာပါဠိတော်တို့ကို အာဂုံဆောင် ထားခြင်း။ ၄။ န ဗာဟုလီကာ ဟောန္တိ = ပစ္စည်းလေးပါး လာဘ်ပေါများအောင် မပြုလုပ်ခြင်း။ ၅။သံဃာ သမဂ္ဂါး= သံဃာညီညွတ်ခြင်းတစ်ပါး ဤငါးပါးတို့တွင် သုတ္တန် ဝိနည်း အဘိဓမ္မာတို့ကို အာဂုံဆောင် ထားခြင်းသည် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရား တော်တို့၏ အမြစ်အရင်း မပြတ်အောင် ဆောင်ရွက်ခြင်းပင် ဖြစ်ပါ သည်ဘုရား။ သာသနဓဇဓမ္မာစရိယ ဘွဲ့ရရှိကြသော အရှင်မြတ်များသည် အနာဂတ် သာသနာတော်၏ ခေါင်းဆောင်များဖြစ်ကြသည့် အားလျော်စွာ မိမိတို့လေ့လာသင်ကြားတတ်မြောက်ထားသည့် ပိဋကတ်စာပေ များကို တပည့်ရှင်ငယ် ရဟန်းငယ်များအား သင်ကြားပို့ချခြင်း၊ ဒါယကာ ဒါယိကာမတို့အား ဟောပြောပြသသည့်နည်းတူ သာသနာ တော်၌ ရံဖန်ရံခါ ပေါ်ပေါက်လာတတ်သည့် အဓမ္မဝါဒစသော သာသနာ့ အန္တရာယ်များကို သုတ်သင်ရှင်းလင်း ဖယ်ရှားလျက် သာသနာတော်မြတ်ကြီး အရှည်တည်တံ့ရေးကို ကြိုးစား အားထုတ်တော်မူကြပါရန် တိုက်တွန်းအပ်ပါသည်ဘုရား။ ။ နိုင်ငံတော်အစိုးရအမှူးပြုသော ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့သည်လည်း ဓမ္မဓရေ ပုဂ္ဂလေ စတူဟိ ပစ္စယေဟိ ဥပဋ္ဌဟန္တာ ပူဇေန္တာ သက္ကရောန္တာ ဓမ္မ စိရှိတိကံ ကရောန္တ ဓမ္မ ဒါနံ ဒဒန္တိ နာမ ဟူ၍ ဣတိဝုတ္တက အဋ္ဌကထာ (နှာ-၂၇၅)၌ လာရှိ သည်ကို ကြားနာမှတ်သား နှလုံးထားလျက် မြတ်စွာဘုရားရှင်၏ တရားတော်တို့ကို သင်ကြားလေ့လာ၍ ဖြေဆိုအောင်မြင် ခဲ့ကြသည့် အထူးအောင် ပုဂ္ဂိုလ်များအား ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့လှူဒါန်းခြင်း၊ အောင်လက်မှတ် ဆက်ကပ်ခြင်းတို့သည် တရားတော်ကို ပူဇော်ရာရောက်သောကြောင့် နိဗ္ဗာန်တိုင်ထိ ကောင်းမြတ်သော အကျိုးတရားများကို ရရှိခံစားနိုင်ကြမည်ဟု ကိုယ်စီကိုယ်စီ သဘော ဓပေါက်၍ သာသနာတော်အကျိုးကို သည်ပိုးထမ်းရွက်နိုင်ကြသော အရှင်မြတ်များ ပုဂ္ဂိုလ်များ ဖြစ်ကြပါစေဟု ဆုတောင်းလျက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ကိုယ်စား သာရဏီယ ဩဝါဒကထာကို နိဂုံးချုပ် အပ်ပါသတည်း။