နေပြည်တော် မတ် ၁၅
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) Dato Erywan Pehin Yusof ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ခံဆွေးနွေးသည်။
ဆွေးနွေးစဉ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံရေးရာကိစ္စများနှင့် အာဆီယံ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ အထူးသဖြင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် တရားဥပဒေစိုးမိုး ရေးကိုထိန်းသိမ်း ရန် အကြမ်းဖက်ဆန္ဒပြမှုများကို အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဆောင် ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025