Skip to main content

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား နွေးထွေးစွာကြိုဆို

မော်လမြိုင် မတ် ၁၄

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းတံတား (မုပ္ပလင်)၌ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား (မွန်ပြည်နယ်သူ/သား) များအား နွေးထွေးစွာကြိုဆိုကြသည်။ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မွန်ပြည်နယ် သူ/ သားများအား မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အစားအစာများ၊ ကိုဗစ်၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပြီး နေအိမ်များသို့ ပြန်လည် ပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၂၂၃ ဦးရှိကြောင်း သိရသည်။

ထို့နောက် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး သထုံမြို့နယ် ဒေးဗရိန်းကျေးရွာအုပ်စု ကွင်းအမှတ်(၇၀၂၊ ၇၀၃(ခ)၊ ၇၀၅။ ၇၀၆၊ ၇၀၇) ရှိ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း (စနှစ်တကျ လယ်မြေ) (၉၅၈) ဧကဖော်ထုတ်ခြင်း လုပ်ငန်းအခြေအနေများ ကိုကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြား ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)