နေပြည်တော် မတ် ၁၄
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဦးဆောင်သူ(စိစစ်ဆဲ)၊ ဆူပူဆန္ဒပြသူ လူစုလူဝေးအင်အား ၄၅၀ ခန့်သည် နိုင်ငံတော်ဆန့်ကျင်ရေးကြွေးကြော်သံများ အော်ဟစ် ကြွေးကြော်ကာ ဆူပူအော်ဟစ်ဆန္ဒပြနေကြသဖြင့် (လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အခြေအနေအား ဥပဒေနှင့်အညီ ထိန်းသိမ်းနိုင်ရေး သွားရောက်ဆောင်ရွက်ခဲ့ရ ကြောင်း သိရသည်။
အဆိုပါဆူပူဆန္ဒပြလူစုလူဝေးများအား လူစုခွဲရန် ညှိနှိုင်း (ဖြေလျှော့ခဲ့သော်လည်း လိုက်နာမှု မရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နှင်းရေး လုပ်ငန်းစဉ်များနှင့်အညီ ခြောက်လှန့်ပစ်ခတ်၍ လူစုခွဲခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူ ဆန္ဒပြသူများက အကြမ်းဖက်ရန်ပြု ပစ်ခတ်မှုကြောင့် ရဲတပ်သား ဇော်ဇော်အောင်တွင် ယာမျက်ခုံး ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်။
ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူလူအုပ်စုအတွင်းမှ ကျော်လင်းထိုက် (၃၀)နှစ် (ဘ)ဦးတင်ဝ ဆိတ်မူ ရပ်ကွက် ဖားကန့်မြို့နေသူမှာ ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း လေးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ကာ လိုအပ်သည့်လုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်