Skip to main content

မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားပါ

ကျင့်ဝတ်များသည် မိမိတို့လူ့လောကအတွင်း အချင်းချင်းသဟဇာတဖြစ်အောင်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်အောင်၊ အေးချမ်းသာယာ သည့်နယ်မြေဖြစ်အောင် ဆောင်ကြဉ်းပေးရန် အတွက် အစဉ်အဆက်သော လူသားများက လူသားဘဝဖြစ်စဉ်များအပေါ်၊ သမိုင်းအပေါ် အခြေခံ၍ ထွက်ပေါ်ရှိနှင့်ပြီးသားဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု ခိုင်မာစွာရပ်တည်နိုင် ရန်အတွက် ချမှတ်ထားသည့် လူ့လောကစည်းမျဉ်း စည်းကမ်းများလည်းဖြစ်ကြသည်။ ယင်းတို့ကို လူသားအားလုံးက လိုက်နာစောင့်ထိန်းကြပြီး သာယာသောလူ့ဘောင်လောကကို ဖန်တီးကြရ မည်ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ

မိမိတို့နိုင်ငံတွင်လည်း ယဉ်ကျေးမှုအရ၊ ဓလေ့ ထုံးတမ်းအရ၊ ဘာသာတရားအရ ကျင့်ဝတ်များ စွာရှိရာ မိဘသည် မိဘအလျောက်၊ သားသမီးသည် သားသမီးအလျောက်၊ ဆရာသည် ဆရာ အလျောက်၊ နာယကသည် နာယကအလျောက်၊ မိတ်ဆွေသည် မိတ်ဆွေအလျောက် ကျင့်ဝတ် များစွာရှိပါသည်။ ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြ သည့် နိုင်ငံသားများ အားလုံးအတွက် လိုက်နာရမည့် တာဝန်နှင့် ဝတ္တရားများ၊ စောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်း များအားလုံးတို့ကို အချိန်ယူကာ ရေးဆွဲပြဋ္ဌာန်းထားသည့် အရာတစ်ခုရှိပါ သည်။ ယင်းမှာ ၂၀၀၈ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပင်ဖြစ်ပါ သည်။

၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားပြည်သူ အပေါင်း၏ တူညီသောစိတ်စေတနာတို့ဖြင့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါသည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို အစဉ် တစိုက် မမှိတ်မသုန် စွဲမြဲစွာခံယူစောင့်ထိန်းသွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ထွန်းကားစေလျက် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်း သာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်းသွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍ လည်းကောင်း၊ နိုင်ငံတော်အတွင်း လူမျိုးရေး တန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွလက်တွဲနေထိုင်ကြမည်ဟု သန္နိဋ္ဌာန် ချမှတ်၍လည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေးကို ရှေးရှုလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းရန်အစဉ်ကြိုးပမ်းကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍ လည်းကောင်း အတည်ပြုပြဋ္ဌာန်း ထားခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)တွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များကို တိတိကျကျထည့်သွင်းရေးဆွဲ ထားခဲ့ပြီဖြစ်သည်ကို မြင်တွေ့ရပါသည်။ နိုင်ငံတော်သည် နိုင်ငံ၏ နိုင်ငံသားတိုင်းကိုလူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်း ပြု၍ ခွဲခြားမှုမရှိစေရဆိုသည်ကို ထည့်သွင်းရေးဆွဲ ထားခဲ့သည်။ ထို့အတူ အခန်း(၈)အတွင်း နိုင်ငံသား များ၏ တာဝန်များကိုလည်း တိကျစွာ ထည့်သွင်း ဖော်ပြထားသည်ကို မြင်တွေ့ရပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ ၃၈၃ တွင် နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည် -

(က) ပြည်ထောင်စုမပြိုကွဲရေး၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊

(ဂ) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး။

ဟူ၍ ဖော်ပြထားပါသည်။

နိုင်ငံသားတိုင်း၏ တာဝန်ဖြစ် ထို့ပြင် နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိကြောင်းနှင့် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟု အတိအလင်းဖော်ပြထားပါသည်။

အခြေခံဥပဒေ အခန်း(၈)တွင် နိုင်ငံသားတိုင်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြား ရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟူ၍လည်းကောင်း၊ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်း အားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟူ၍လည်းကောင်း ဖော်ပြထားပါသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ပေါ်ထွန်းစေရေး၊ ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တို့သည်လည်း နိုင်ငံသားများ၏ တာဝန်များပင်ဖြစ်ပါ သည်။ ထို့ပြင် နိုင်ငံသားများအားလုံးသည်

(က) အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊

(ခ) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊

(ဂ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးမြင့်မားလာစေရန် ကြိုးပမ်းခြင်း၊

(ဃ) အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကိုလည်း နိုင်ငံတော် အတွက် ကူညီပေးရန် တာဝန်ရှိပါသည်။

တာဝန်ဝတ္တရားများ ယခုအခါ အများပြည်သူနိုင်ငံသားများအားလုံး လိုက်နာစောင့်ထိန်းရမည့် တာဝန်ဝတ္တရားများကို မေ့လျော့ခြင်းမရှိစေရန်အတွက် အထူးလိုအပ်နေချိန် လည်းဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်နေရသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ၏အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်သင့် ဆောင်ရွက် ထိုက်သည်များကို ဆောင်ရွက်နေချိန်လည်း ဖြစ်ပါ သည်။ ယခုအချိန်တွင် နိုင်ငံသားတိုင်းသည် မိမိတို့၏ တာဝန်များကို လိုက်နာခြင်းဖြင့် နိုင်ငံတော်ကို ကာကွယ်ကြရမည်ဟု ခံယူမိပါသည်။

နိုင်ငံသားအချင်းချင်း မသင့်မြတ်အောင်၊ ငြိမ်းချမ်းခြင်းမရှိဘဲ နိုင်ငံတော်အကျိုးစီးပွား ထိခိုက် ပျက်စီးအောင် ရည်ရွယ်လုပ်ဆောင်နေသူများကို ဖော်ထုတ်အရေးယူနေသည်ကိုလည်း မြင်တွေ့ နေရပါသည်။ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးဖြစ်သော်လည်း ယင်းကို မလျော်မကန် အုပ်စုဖွဲ့၍ မငြိမ်းချမ်း အောင်၊ ဆူပူမှုဖြစ်ပွားအောင် ဆောင်ရွက်နေခြင်းတို့ကိုလည်း မြင်တွေ့နေရသည်ဖြစ်ရာ အမြန်ဆုံး ပြန်လည် ပြုပြင်ကြဖို့ လိုအပ်နေပြီ ဖြစ်ပါသည်။

ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးအတွက် အားထုတ်ကြရမည့်အစား လမ်းမှားသို့ ရောက်ရှိနေကြသည့် ပြည်သူများ၊ သူတစ်ပါး သွေးထိုးမြှောက်ပင့်မှုဖြင့် တိုင်းပြည်မငြိမ်မသက် ဖြစ်အောင် ကြံရွယ်၍ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကို ဆောင်ရွက်နေခြင်းသည် နိုင်ငံသား များ၏ တာဝန်ကို မကျေပွန်ဖောက်ဖျက်ရာရောက်ပြီး သတိမမူဂူမမြင် ဖြစ်လာနေသည်ကို စိတ်မသက် သာဖွယ် မြင်တွေ့နေရပါသည်။

မိမိတို့နိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေ သည့်နိုင်ငံလည်းဖြစ်ပါသည်။ ဒီမိုကရေစီ ခရီးလမ်းသည် ချောမွေ့သည့် ပန်းခင်းလမ်းတော့ အမြဲတမ်း ဖြစ်နိုင်မည်မဟုတ်ပါ။ အမှန်တရား၊ ပကတိအရှိ တရားကို အခြေခံကာ လမ်းကြောင်း မတိမ်းမယိုင် စေရန်အတွက် မှန်ကန်သော ထိန်းသိမ်းကြပ်မတ် ခြင်းဖြင့်သာ လမ်းကြောင်းမှန် ဆီသို့ ပြန်လည်ရောက်ရှိလာစေမည် ဖြစ်ပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန်လိုအပ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော် အား အရေးပေါ်အခြေအနေ ကြေညာကာ တာဝန်ယူထားရခြင်း ဖြစ်သည်ကိုလည်း အားလုံးသိရှိ ကြမည်ဖြစ်ရာ မိမိတာဝန်ကို ကျေပွန် ခြင်းဖြင့် အုပ်ချုပ်သူအစိုးရနှင့်အတူ ပူးပေါင်း ရပ်တည်ကာ နိုင်ငံ့သားကောင်း သမီးကောင်းများအဖြစ် တာဝန်ကျေပွန်ကြစေလိုပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

မင်းပြည့်စုံ