နေပြည်တော် မတ် ၁၂
ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အအုံ၌ ပြုလုပ်နေ သည့် လူ့အခွင့်အရေးကောင်စီ၏ (၄၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေးကာလအတွင်း ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာ အပေါ် အပြန်အလှန်ဆွေးနွေးခြင်းနှင့် ၂၀၂၁ ခုနှစ် မတ် ၁၂ ရက် တွင် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ၏ ပါဝင်မှု အခန်းကဏ္ဍဆိုင်ရာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အစီရင် ခံစာအပေါ် နှုတ်ဖြင့် တင်ပြချက်အပေါ် အထွေထွေဆွေးနွေးခြင်းအား ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေး မှုများတွင် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်သူငြိမ်း တို့က ဗီဒီယိုမိန့်ခွန်းများ ပေးပို့ပြောကြားခဲ့ပြီး ဂျီနီဗာ မြို့ရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးက အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာအပေါ် အပြန် အလှန်ဆွေးနွေးရာတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အားလုံးပါဝင်ခြင်း၊ ဘက်လိုက်မှုမရှိခြင်း၊ ဓမ္မဓိဌာန် ကျခြင်းနှင့် ရွေးချယ် မှုမရှိခြင်း စသည့်မူများနှင့် ကိုက်ညီမှုမရှိသည့် နိုင်ငံတစ်နိုင်ငံအပေါ် မျှတမှုမရှိဘဲ ဦးတည် အရေးယူ သည့် လုပ်ပိုင်ခွင့်များကို အစဉ်တစ်စိုက် ဆန့်ကျင်ခဲ့ ကြောင်း၊ သို့သော် မြန်မာအစိုးရအဆက်ဆက်အနေ ဖြင့် အထူးအစီရင်ခံစာ တင်သွင်းသူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏ အဆိုပြုခရီးစဉ်များကို လက်ခံစီစဉ်ပေးခဲ့ကြောင်း၊ ယင်းသို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း ယခင်အထူးအစီရင်ခံစာ တင်သွင်းသူ Ms. Yanghee Lee အနေဖြင့် ၎င်း လိုက်နာရမည့် code of conduct ကို လိုက်နာမှု မရှိခြင်းကြောင့် ၎င်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့ပြင် တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖေဖော်ဝါရီ ၁ ရက် နေ့က တာဝန် ယူခဲ့ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ချမှတ်ထားသည့် မူဝါဒများနှင့် အရေးပေါ်အခြေအနေ ကြေညာ ထားသည့်ကာလ အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၅ရပ်တို့ကိုထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံ၏ လက်ရှိအ ခြေအနေ နှင့် ကိုက်ညီပြီး မြန်မာပြည်သူများ လိုလားသည့် ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းကာ ဒီမိုကရေစီ ပြောင်းလဲရေးကို ဆောင်ရွက်သွားမည့် ကတိကဝတ် ကို ထုတ်ဖော်ပြောကြားထားပြီးဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ အနေဖြင့် တည်ဆဲဥပဒေများ၊ အမျိုးသားရေး ဦးစားပေးများနှင့် လိုအပ်ချက်များနှင့်အညီ သက်ဆိုင် ရာ ကုလ သမဂ္ဂ ယန္တရားများနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများနှင့် ထိတွေ့မှုများကို ဆက်လက် ပြုလုပ် သွားမည် ဖြစ်ကြောင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ နားလည်မှုနှင့် အပြုသဘော ထိတွေ့မှု များသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် စနစ်တကျ တိုးတက်မှုအတွက် များစွာ အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း အမြဲတမ်း အတွင်းဝန်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ပါဝင်မှု အခန်း ကဏ္ဍဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးမှုတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်က ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၏ အခြေခံ အုတ်မြစ်ဖြစ်ကြောင်း၊ သက်ဆိုင် သည့် ကုလသမဂ္ဂ အေဂျင်စီများနှင့် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂဌာနေ ကိုယ်စား လှယ်အဖွဲ့ တို့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်အဖွဲ့၏ အဓိကအခန်းကဏ္ဍမှာ အိမ်ရှင်နိုင်ငံ၏ ရည်မှန်းချက် များနှင့် ဦးစားပေးများနှင့်အညီ ထိရောက်သော ပေါင်းစည်းမှုများအတွက် အရေးယူဆောင်ရွက်မှု များကို ဆောင်ရွက် ရန်နှင့် အိမ်ရှင်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် အကူအညီပေးရန်ဖြစ်ကြောင်း၊ ( ညှိနှိုင်းခြင်းနှင့် ပူးပေါင်း ဆောင်ရွက် ခြင်းတို့ဖြင့် အိမ်ရှင်နိုင်ငံနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား အပြန်အလှန်ယုံကြည်မှုကို တည်ထောင် နိုင်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်