Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ဉတ္တရခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဥတ္တရသီရိ မတ် ၉ ဥတ္တရခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဥတ္တရသီရိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်သည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် နေပြည်တော် ကောင်စီ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်တို့ တက်ရောက်ကြသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီသည် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များနှင့် သဘောသဘာဝ အနည်းငယ်ကွဲ ပြားမှုရှိပြီး နိုင်ငံတော်၏ ပြည်ထောင်စု အဆင့်ရုံးများ ရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်ကို စီမံခန့်ခွဲအုပ်ချုပ် ရခြင်းဖြစ်၍ အခြားတိုင်းဒေသကြီး/ ပြည်နယ်များနှင့် မတူညီသော အုပ်ချုပ်ရေးဆိုင်ရာ လျင်မြန်စွာဆောင်ရွက်ပေးရသည့် အခြေအနေမျိုးရှိကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကိုဗစ် (၁၉ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြောင်းကို သိရှိရသဖြင့် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း၊ မည်သို့သော အုပ်ချုပ်ရေးစနစ်မျိုးမှာပင် ဖြစ်ဖြစ် တာဝန်ကျေပွန်သည့် ဝန်ထမ်းများ အဖြစ်နှင့် ကျရာအခန်းကဏ္ဍတွင် တာဝန်သိသိ သစ္စာရှိစွာဖြင့် အုပ်ချုပ်ရေးယန္တရား ပိုမို အားကောင်း ခိုင်မာအောင် ဆောင်ရွက်ပေးခဲ့သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဝန်ထမ်းများနှင့် တွေ့ဆုံရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၃၉ ဦးအတွက် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။ အလားတူ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်း ၄၂ ဦး အတွက် အခြေခံစားသောက်ကုန်များကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်း ၆၁ ဦးအတွက် အခြေခံစားသောက်ကုန်များကို လည်းကောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထောက်ပံ့ပေးအပ်သည်။ မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်ရှိ ခုတင် (၃၀၀) ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ ခဲ့ပြီး ဆေးရုံဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)