Skip to main content

CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင်ပါဝင်သော ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာအာကာမိုးသူအား ဖမ်းဆီးအရေးယူ

CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင်ပါဝင်သော ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာအာကာမိုးသူအား ဖမ်းဆီးအရေးယူ နေပြည်တော် မတ် ၉ ၂၀၂၁ ခုနှစ် မတ် ၂ ရက် နံနက် ၈ နာရီတွင် လှိုင်မြို့နယ် ပါရမီလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ MICT ဝင်းအပေါက်ဝ၌ တက္ကသိုလ်ပေါင်းစုံ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ စုပေါင်းဆန္ဒပြရန် စုဝေးနေစဉ် CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင်ပါဝင်သည့် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း ပညာဌာနမှ ပါမောက္ခ ဒေါက်တာအာကာမိုးသူအား ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဒေါက်တာအာကာမိုးသူအား မတ် ၁ ရက်တွင် နိုင်ငံသား အစုအဖွဲ့တစ်ခုကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ၊ ကြောက်ရွံ့စေလျှင် သို့မဟုတ် ကြောက်ရွံ့စေရန် ကြံရွယ်ခဲ့သော ကြောင့် ရာဇသတ်ကြီး ပုဒ်မ-၅၀၅(က)ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း၌ အမှုဖွင့်လှစ် ခဲ့ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ ဒေါက်တာအာကာမိုးသူသည် CDM ထောက်ပံ့ရေးကော်မတီ တစ်ရပ်အား ၎င်းအပါအဝင် ပါမောက္ခ ၇ ဦးဖြင့် ၁၂-၂-၂၀၂၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘဏ္ဍာငွေ ရှာဖွေရေးအဖွဲ့၊ သယ်ယူထောက်ပံ့ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့၊ မှတ်တမ်းနှင့် အချက်အလက်ပြုစု ရေး အဖွဲ့၊ နည်းပညာနှင့် ဥပဒေအကြံပေးအဖွဲ့ဟူ၍ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခနှင့် ကထိက ၁၅ ဦးဖြင့် ဦးဆောင်ဖွဲ့စည်းကာ CDM လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသည်။ အဆိုပါ CDM ဦးဆောင်လှုပ်ရှားသူ ပါမောက္ခနှင့် ကထိက ၁၅ ဦး အနက် ဒေါက်တာအာကာမိုးသူ နှင့် ချိတ်ဆက်လှုပ်ရှားသည့် ကျန်ပါမောက္ခနှင့် ကထိက ၁၄ ဦးတို့အား ဆက်စပ်တရားခံအဖြစ် အမှုဖွင့် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အဆိုပါတရားခံ ၁၄ ဦးမှာ (၁) ဒေါက်တာ ဝေယံလင်း (ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန) (၂) ဒေါက်တာ နန်းနွယ် (တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန) (၃) ဒေါက်တာအောင်ကျော်စွာ(တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာန) (၄) ဦးကြည်ထင်ပေါ်(တွဲဖက်ပါမောက္ခ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ သင်္ချာဌာန) (၅) ဒေါက်တာဝင်းပပထွန်း (တွဲဖက်ပါမောက္ခ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စိတ်ပညာဌာန) (၆) ဦးလှမျိုး(ကထိက၊ ဒဂုံတက္ကသိုလ်၊ မနုဿဗေဒဌာန) (၇) ဒေါက်တာ ကျော်သန်းမိုး (ကထိက၊ ဒဂုံတက္ကသိုလ်၊ ရူပဗေဒဌာန) (၈) ဒေါက်တာယဉ်ယဉ်ဝင်း(ကထိက၊ ရန်ကုန်တက္ကသိုလ်၊ ဥပဒေဌာန) (၉) ဦးတင်အောင်မိုး(ကထိက၊ ရန်ကုန်တက္ကသိုလ်) (၁၀) ဒေါက်တာသန်းလွင်ဦး(ကထိက၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာန) (၁၁) ဦးသန်းထိုက်အောင် (ကထိက၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ သမိုင်းဌာန) (၁၂) ဦးအောင်ကျော်စိုး (ကထိက၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ သတ္တဗေဒဌာန) (၁၃) ဒေါက်တာတိုးတိုးကျော် (ကထိက၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်) (၁၄) ဒေါက်တာသုလင်းဝေ(ကထိက၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)တို့ဖြစ်ကြောင်း သိရှိရသည်။ မိဘပြည်သူများအနေဖြင့် အဆိုပါဆက်စပ်တရားခံ ၁၄ ဦးအား ဝိုင်းဝန်းဖမ်းဆီးနိုင်ပါရန်နှင့် တွေ့ရှိပါက နီးစပ်ရာနယ်မြေခံတပ်၊ ရဲစခန်းများသို့ အကြောင်းကြားပေးပါရန်၊ လက်ခံထားသူ များကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာ ထားသည်။ သတင်းစဉ်