Skip to main content

မန္တလေးမြို့ရှိ ဆူပူဆန္ဒပြမှုများတွင် အဓိကဦးဆောင်ပါဝင်သော အောင်မှိုင်းဆန်းအား ဖမ်းဆီးအရေးယူ

နေပြည်တော် မတ် ၉ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် မန္တလေးမြို့ရှိ ဆူပူဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်သူ အောင်မှိုင်းဆန်းအား ဖမ်းဆီးရမိခဲ့သည်။ အောင်မှိုင်းဆန်းသည် အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံ မြို့နယ်များတွင် ဖေဖော်ဝါရီ ၈ ရက်မှ ၂၆ ရက်အတွင်း ဆူပူဆန္ဒပြမှုများ၌ စုစုပေါင်း ၁၇ ကြိမ် ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြောင်း သိရှိရသည်။ အောင်မှိုင်းဆန်းသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် ချမ်းအေးသာစံ မြို့နယ်ရှိ ဈေးချိုနာရီစင်ရှေ့၌ လည်းကောင်း၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ လည်းကောင်း၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ချမ်းအေးသာစံမြို့နယ်ရှိ ဒိုင်းမွန်း အရောင်းစင်တာ ရှေ့၌လည်းကောင်း ပြည်သူများအခွန်မဆောင်ရန်၊ ဝန်ထမ်းများရုံးမတက်ဘဲ CDM ပြုလုပ် ကြရန်နှင့် အသစ်ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများအား အသိအမှတ်မပြုကြရန် တိုက်တွန်းလှုံ့ဆော် ဟောပြောမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အောင်မှိုင်းဆန်းအား မတ် ၃ ရက်တွင် မဟာအောင်မြေ မြို့နယ် အမှတ်(၉) နယ်မြေရဲစခန်း၌ နိုင်ငံသားအစုအဖွဲ့ ကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ ကြောက်ရွံ့ စေလျှင် သို့မဟုတ် ကြောက်ရွံ့စေရန် ကြံရွယ်ခဲ့သောကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးဖြစ်သည်။ အောင်မှိုင်းဆန်း၏ ထွက်ဆိုချက်အရ ဆူပူဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်လှုပ်ရှားနေသည့် ဆက်စပ်တရားခံ ၂၃ ဦးအား အမှုဖွင့် ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ တရားခံ ၂၃ ဦးမှာ (က) တေဇာဆန်း(ချမ်းမြသာစည်မြို့နယ်) (ခ) စိုးမိုးနိုင်(ခ) ဒိန်းဒေါင်(ချမ်းအေးသာစံမြို့နယ်) (ဂ) ရဲရင့်ကျော်(မဟာအောင်မြေမြို့နယ်) (ဃ) သန်းထိုက်(ချမ်းအေးသာစံမြို့နယ်) (င) အောင်ဇော်ဦး(မဟာအောင်မြေမြို့နယ်) (စ) အိမွန်ခင်(ရတနာပုံတက္ကသိုလ်) (ဆ) တွတ်ပီ(ပုသိမ်ကြီးမြို့နယ်) (ဇ) မြတ်သူ (ခ) မြတ်သူရအောင်(အောင်မြေသာစံမြို့နယ်) (ဈ) အောင်မင်းခန့်(ပြည်ကြီးတံခွန်မြို့နယ်) (ည) ဒေါ်ခင်သန်းမြင့်(အောင်မြေသာစံမြို့နယ်) (ဋ) ဦးခင်မောင်သိန်း(အောင်မြေသာစံမြို့နယ်) (ဌ) ဦးကောသံလ(ဗားကရာကျောင်းတိုက်၊ အမရပူရမြို့နယ်) (ဍ) ဦးအာစာရ(မြတောင်ကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်) (ဎ) ဦးရေဝတ(အမယ်ဆိုင်ကျောင်းတိုက်၊ ချမ်းအေးသာစံမြို့နယ်) (ဏ) ခိုင်မင်း(စဉ့်ကိုင်မြို့နယ်) (တ) မျိုးဝင်း(ပုသိမ်ကြီးမြို့နယ်) (ထ) သိန်းအောင်မြင့်(မဟာအောင်မြေမြို့နယ်) (ဒ) ဖိုးဇေယျာ(မဟာအောင်မြေမြို့နယ်) (ဓ) ဇော်ဇော်လတ်(မဟာအောင်မြေမြို့နယ်) (န) ပွင့်ဖြူလတ်(ချမ်းအေးသာစံမြို့နယ်) (ပ) ဇော်မိုးကျော်(မဟာအောင်မြေမြို့နယ်) (ဖ) ဒေါ်မြင့်မြင့်ခိုင်(အောင်မြေသာစံမြို့နယ်) (ဗ) ရန်နိုင်မင်း(မဟာအောင်မြေမြို့နယ်) တို့ဖြစ်ကြောင်း သိရှိရသည်။ မိဘပြည်သူများအနေဖြင့် အဆိုပါ ဆက်စပ်တရားခံ ၂၃ ဦးအား ဝိုင်းဝန်းဖမ်းဆီးနိုင်ပါရန်နှင့် တွေ့ရှိပါက နီးစပ်ရာ နယ်မြေခံတပ်၊ ရဲစခန်းများသို့ အကြောင်းကြားပေးပါရန်၊ လက်ခံထား သူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ ထားသည်။ သတင်းစဉ်