နေပြည်တော် မတ် ၉
ဥပဒေများပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ဥပဒေစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်နှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က “ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးတွင် ဥပဒေ များ ရေးဆွဲပြီး ပြဋ္ဌာန်းခြင်းမပြုနိုင်သေးသည့် ဥပဒေများ များစွာရှိသည်ဟု သိရှိရကြောင်း၊ တက္ကသိုလ်များရှိ ဥပဒေဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမများကို ထုတ်နုတ်ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပူးပေါင်းကာ ဥပဒေများအမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန်” ဟု ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၁ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏လမ်းညွှန်ချက်နှင့်အညီ ယနေ့အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံးသို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက တာဝန်ယူသည့် ကာလအတွင်း အရေးတကြီး ပြဋ္ဌာန်းရန်လိုအပ်သည့် ဥပဒေမျိုး ကိုသာ ပြဋ္ဌာန်းနိုင်ရေးတင်ပြရန်ဖြစ်ပြီး public consultation နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး စဉ်းစားရမည့် ဥပဒေမျိုးကို လတ်တလောပြဋ္ဌာန်းရန် သင့်၊ မသင့် စဉ်းစားသင့်ကြောင်း၊ ပြဋ္ဌာန်း မည့်ဥပဒေများသည် နိုင်ငံတော်က ယခုချမှတ်ထားသောမူဝါဒများ၊ ဦးတည်ချက်များအပေါ် ထိခိုက်နိုင်ဖွယ် ရှိ၊ မရှိ တို့ကို အကြံပြုဆွေးနွေးပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့ အစည်းများအနေဖြင့် လက်ရှိဥပဒေမူကြမ်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့်ညီညွတ်ခြင်း ရှိ၊ မရှိ ထည့်သွင်းစဉ်းစားကာ ခေတ်စနစ်နှင့် အညီ လတ်တလော ပြဋ္ဌာန်းရန် လိုအပ်ခြင်း ရှိ၊ မရှိကို အစည်းအဝေးတွင် ဆွေးနွေး တင်ပြ စေလိုကြောင်း ပြောကြားခဲ့ရာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025