နေပြည်တော် မတ် ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် Head of the European Union Military Staff (EUMS) ဖြစ်သူ Vice Admiral Herve Blejean နှင့် ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေး
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ဆောင်ရွက် နေသည့် အခြေအနေများ၊ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစု လူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်းပါ ပြဋ္ဌာန်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ် အကောင် အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ COVID-19 ကပ်ရောဂါ ကာကွယ်ဆေးရရှိရေး ဆောင်ရွက်မှုနှင့် ဆေးထိုးပေးနိုင်မှုအခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025