Skip to main content

သတင်းဌာန ၅ ခုအား ထုတ်ဝေခြင်းလုပ်ငန်း ပိတ်သိမ်းကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနက အမိန့်ထုတ်ပြန်

နေပြည်တော် မတ် ၈ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ် (၁/၂၀၂၁)ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။ အဆိုပါအမိန့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ နှင့် ၄၂၀ တို့အရ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား အခွင့် အာဏာကို လွှဲအပ်ကျင့်သုံးခွင့်အပ်နှင်း ခဲ့ကြောင်း၊ သို့ဖြစ်၍ ပြန်ကြားရေး ဝန်ကြီးဌာန သည် ယခင်က ထုတ်ဝေခွင့် ပြုပေးခဲ့သော မဇ္ဈိမ၊ DVB ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နှင့် 7 Day သတင်းဌာနတို့၏ထုတ်ဝေခြင်းလုပ်ငန်းအသီးသီးကို ယနေ့မှ စ၍ ပိတ်သိမ်း လိုက်ကြောင်း၊ ယင်းသတင်းဌာနများသည် မီဒီယာ အမျိုးအစားတစ်ခုခုကို အသုံးပြု ၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသား ထုတ်လွှင့် ဖော်ပြခြင်း မပြုရန် ကြေညာ အပ်ပါကြောင်း ဖော်ပြထားသည်။ သတင်းစဉ်