နေပြည်တော် မတ် ၈
မုံရွာမြို့တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်အကြမ်းဖက် မှု ကျူးလွန်ခဲ့သူများ ကို ဖော်ထုတ်ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။
ယင်းသတင်းထုတ်ပြန်ချက်အရ မတ် ၃ ရက် နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက် တွင် ဆူပူဆန္ဒပြ သူများက လမ်းပိတ်ဆို့၍ အတားအဆီးများ ချထားရန်အတွက် ရပ်ကွက်အတွင်းရှိ အခြေခံ ပညာမူလတန်း ကျောင်း (ဒေါင်းကျောင်း)မှ စာသင်ခုံများကို ၎င်းတို့သဘောဖြင့် သယ်ထုတ်ကာ လမ်းအား ပိတ်ဆို့ အသုံးပြုခဲ့ကြ သည့်အတွက် ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းဖြစ် သူတို့က ကျောင်းအဆောက်အဦအတွင်းသို့ ပြန် လည် သယ်ဆောင်ခဲ့ကြောင်း။
ယင်းကဲ့သို့ စာသင်ခုံများကို ပြန်လည်သယ်ဆောင်မှုအပေါ် ဆူပူဆန္ဒပြသူများက မကျေမနပ် ဖြစ် ကာ အော်ဟစ် ဆဲဆိုပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူကို မတရားဖမ်းဆီး ခေါ်ဆောင်၍ ဆံပင်နှင့် မျက်ခုံးမွှေးများ ရိတ်ပြီး ထိုနေ့ညနေပိုင်းတွင် ပြန်လည်စေလွှတ်ပေးခဲ့ ကြောင်း။
ထိုကဲ့သို့ အကြမ်းဖက်သူ လူအုပ်စု၏ မတရားနိုင်ထက်စီးနင်း ပြုလုပ်မှုအား ကြောက်လန့် နေရသဖြင့် ကျောင်း အုပ် ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူမှာ နေအိမ်တွင် ဆက်လက်နေထိုင်နိုင်ခြင်း မရှိ၍ နယ်မြေခံတပ်ရင်းသို့ ဆက်သွယ်သွားရောက်နေထိုင်ခဲ့ရကြောင်း၊ ထိုသို့သွားရောက် နေထိုင်စဉ် အတွင်း ယင်းနေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက်သူ ၂၅ ဦးခန့်သည် ကျောင်းအုပ် ဆရာမကြီး၏ နေအိမ်တံခါးသော့ကို ချိုးဖျက်ဝင်ရောက်ကာ အိမ်တွင်းပစ္စည်းများကို ယူဆောင်ပြီး အိမ်ကို ဖျက်ဆီး ခြင်းများ ထပ်မံကျူးလွန်ခဲ့သဖြင့် ဖြစ်စဉ်တွင် ပါဝင်သူများအား စုံစမ်းဖော်ထုတ်၍ အမှုဖွင့် အရေးယူ နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း။
အဆိုပါ ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့အား မတရားဖမ်းဆီးခေါ်ဆောင်ပြီး ဆံပင် နှင့် မျက်ခုံးမွှေး များရိတ်ခြင်း၊ နေအိမ်အား ဖျက်ဆီး၍ ပစ္စည်းများယူဆောင်မှု ကျူးလွန်ခဲ့သူ များကို ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ အခင်းဖြစ်နေ့က အကြမ်းဖက်ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် ဒေါ်ရီရီချို (ဘ) ဦးကြီးအောင်၊ ဇောတိကကျောင်းဆရာမ(ရွှေဥဒေါင်းကျောင်း)၊ မြဝတီ ရပ်ကွက်၊ မုံရွာမြို့၊ တစ်ရပ် ကွက်တည်းနေ ဖြိုးလှိုင် (ဘ)ဦးတင်ဝင်းနှင့် မျိုးမြင့်လှိုင် (ဘ) ဦးတင်ဝင်း၊ ရပ်/ ကျေး စာရေး၊ ရေအောင့်ကျေးရွာ၊ ယင်းမာပင်မြို့နယ် နေသူတို့ကို မတ် ၇ ရက် ညနေ ၃ နာရီခွဲတွင် ဖော်ထုတ် ဖမ်းဆီး ရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)