Skip to main content

ဝန်ထမ်းတစ်ဦး CDM လုပ်တာ မလုပ်တာ သူ့သဘောနဲ့သူစိတ် ရွေးချယ်တာပိုကောင်းပါတယ်။ အတင်းအဓမ္မ ဖိအားပေးပြီး ဆွဲခေါ်မှ CDM လုပ်ဖို့ ပါလာတာမျိုးက မသင့်တော်ဘူးထင်ပါတယ်

CDM (Civil Disobedience Movement) ဝန်ဆောင်မှုလုပ်ငန်းများတွင် ပြည်သူများကြုံတွေ့နေရသည့်အခက်အခဲ များနှင့် CDM လုပ်ဆောင်လိုခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်းများ၏ လက်တွေ့ရင်ဆိုင်ခံစားနေရမှုများကို တွေ့ဆုံ မေးမြန်း ရေးသားလိုက် ရပါသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ဝင်း (အမည်လွှဲ) ကျွန်မအနေနဲ့ ဒီလိုခက်တောင့်ခက်ခဲနဲ့ ရုံးတွေတက်ရပြီးတော့ ခိုးကြောင်ခိုးဝှက် အလုပ်လုပ်ရလိမ့်မယ်လို့ တစ်သက်နဲ့တစ်ကိုယ် ထင်မထားဘူး။ ဝန်ထမ်းဆိုတာ သမာသမတ်ကျတဲ့အလုပ်လို့ တွေးခဲ့တာ။ သူများပစ္စည်း ခိုးစားတာလည်းမဟုတ်ဘူး၊ မဟုတ်တဲ့နည်းနဲ့ စီးပွားရေးလုပ်တာလည်းမရှိခဲ့ဘူး၊ လစာလေးနည်းနည်းနဲ့ ချင့်ချိန် ပြီးနေ ခဲ့ သုံးခဲ့တာ လုပ်သက်တောင် အနှစ် ၂၀ ကျော်လာပြီး ဝန်ထမ်းဆိုတဲ့ ဂုဏ်လေးနဲ့နေခဲ့တာ။ အဲဒါကိုပဲ အခုအခြေအနေက ရုံးကိုသွားရင်လည်း ခိုးသွားရတယ်။ ရုံးရောက်တော့လည်း ရုံးရှေ့ တံခါးကနေဝင်ဖို့ဆို မရဲဘူး။ ထမင်းချိုင့်လည်း မသယ်ဖြစ်တာကြာပြီ။ အိမ်ပြန်ချိန်ရောက် ရင်လည်း အပြင်ကို ဟိုကြည့်ဒီကြည့်နဲ့ ကြည့်ပြီး လူရှင်းတော့မှ ထွက်ရတယ်။ တော်ကြာတစ်ခုခုဖြစ်လို့ ကိုယ်ပါရေပြီး ထိခိုက်မလား၊ အန္တရာယ် ရှိလာမလားဆိုပြီး ကြောက်ရသေးတာ။ရုံးကနေ ပြန်မယ့်အရေးကိုလည်း ပတ်ချာလှည့်ပြီး ရှောင်နေရတာ အရင်ဆိုရုံးမှာ ညမိုးချုပ်ထိနေတာ။ ခုဆို မနေ ရဲတော့ ဘူး။ ကိုယ့်စိတ်ကို မလုံခြုံသလို ခံစားရတယ်။ ရုံးမှာ နေရမှာကို ကြောက်နေတော့တာ။ အပြင်မှာ ကြားရတဲ့ သတင်းတွေက လည်း စုံလို့ဆိုတော့လေ။ CDM မလုပ်တဲ့ရုံးရှေ့မှာ ထိုင်သပိတ်လုပ်မယ်။ အဲဒီက ဝန်ထမ်းတွေကို ဆွဲခေါ်မယ်။ အဲဒီလိုတွေကြားလေ ကြောက်လေပဲ။ ကြောက်နေလည်းအလုပ်ကိုတော့ ရောက်အောင် သွားပါ တယ်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်သူ မထိမငယ်(အမည်လွှဲ) အွန်လိုင်းပေါ်မှာ CDM မလုပ်တဲ့သူတွေကို ဖိအားပေးတာတွေ၊ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်သလို စာတွေရေးတင်ကြ တာတွေ့ရတော့ တကယ့်ကိုစိတ်ညစ်လှပြီး ကျွန်မက CDM လုပ်ဖို့လည်း စိတ်မဝင်စားပါဘူး။ တစ်ခါတလေဆို စိတ်ဖိစီးလို့ အလုပ်ပါထွက်ချင် စိတ်ဖြစ်တယ်။ ကျွန်မတို့မှာက ဒီလစာနဲ့ ရပ်တည်နေရတာ။ ဒါကြောင့် လစာကိုလည်း မျှော်လင့်တယ်။ နိုင်ငံရေးထဲလည်း မပါချင်ဘူး။ နားလည်း မလည်ဘူး။ အခု အပြင်မှာ ဖြစ်နေတာက CDM မလုပ်ရင် ရန်သူကြီးလိုလို ပြောနေကျတာလေ။ အဲဒီကြားထဲ အလုပ်သွားရင်းလာရင်း အဓိက ရုဏ်း နဲ့ကြုံရင် ဘာတွေဖြစ်မလဲစိတ်ပူတာကတစ်မျိုး၊ စိတ်တွေဖိစီးတာတော့ | အမှန်ပဲ။ ကျွန်မနဲ့ ရွယ်တူ သူငယ်ချင်းတွေ CDM လုပ်တဲ့သူတွေရှိတော့ သူတို့ကြားထဲ နေရထိုင်ရတာ သိပ်အဆင်မပြေဘူး။ သူတို့ကိုလည်း အပြစ်မပြောချင်ပါဘူး။ စိတ်ခံစားချက်အမှန်ကိုပြောရရင် အေးချမ်းတာ | ပဲလိုချင်တယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှ မဇင်မာဝင်း (အမည်လွှဲ) ဖေဖော်ဝါရီလအတွက် ဝန်ထမ်းတွေ လစာပေးဖို့ ဘဏ်ကိုငွေသွား ထုတ်တဲ့အခါ မန်နေဂျာကပြောတာနော်။ ငွေလွှဲလုပ်တဲ့သူတွေက CDM လုပ်နေကျလို့ ကျွန်တော်တို့ဘယ်လိုမှ ဆက်သွယ်လို့လည်း မရဘူးတဲ့။ | ကွန်ပျူ တာတွေကို သူတို့က Password တွေနဲ့လုပ်ထားတာဆိုတော့ ကျွန်တော်တို့ကလည်း မသိဘူးတဲ့။ အဲဒါဆို ငွေလွှဲကို ထုတ်လို့မရဘူး၊ ရမှာမဟုတ်ဘူးဆိုပြီး အဲဒီလိုပြောလိုက်တာ။ ရန်ကုန်ရုံးချုပ်ကနေ ငွေတွေက ဖေဖော်ဝါရီ ၂၄ ရက်ကလွှဲတာ။ ဒါကို ၂၅ ရက်ထိမရဘူး။ ဌာနရုံးချုပ်ကိုလည်း ဖြစ်စဉ်ကို လှမ်းပြောထားရ သေးတာ။ ၂၆ ရက်ကျတော့ ရချင်ရမလားဆိုပြီးသွားတော့ မရပြန်ဘူး။ ညနေ စောင်းတော့ မဖြစ်တော့ဘူးဆိုပြီး ရုံးပြန်ပြီးတော့ မရဘူးဆိုပြီး ရုံးချုပ်ကို အကြောင်းကြားရတယ်။ ရုံးချုပ်က သူတွေကလည်း အလွန် စိုးရိမ်နေတယ်။ လစာငွေတွေဆိုတော့လေ။ ကိုယ်တွေက ဘဏ်ကနေ ထုတ်လို့မရတော့ အခက်အခဲတွေ ဖြစ်ခဲ့တာပေါ့။ နောက်ရက်ရုံးကနေစာထွက်ပြီးဘဏ်မန်နေဂျာဆီ ပြန်သွားကြည့် လိုက်တာ။ ဒါပေမယ့် ငွေလွှဲကိုင်တဲ့ အစ်မက ပြန်သွားပြီတဲ့ နောက်ရက် မှရမယ်ဆိုတော့ ကိုယ်လည်းဘာမှမတတ်နိုင်ဘူး။ ပြန်လာခဲ့ရတယ်။ ငွေကလည်း ၁၀ သိန်းကျော်။ အခုမတ် ၃ ရက်မှ ရခဲ့တယ်။ အဲဒီဘဏ်မှာဝန်ထမ်းက ရှင်ယောက်လား ကိုးယောက်လားကျန်တာ။ CDM မလုပ်ဘဲကျန်တဲ့ ဝန်ထမ်းတွေကို တကယ်ကျေးဇူးတင်တယ်။ သူတို့ကြောင့်သာမဟုတ်ရင် ဒီလဝန်ထမ်းလစာထုတ်လို့မရလို့ ပေးနိုင် ပါ့မလားတဲ့။ သူတို့ခဗျာလည်း ပင်ပန်းကြတယ်။ တော်လည်းတော်ကြ တယ်။ အားလုံးထောင့်စေ့အောင်လုပ်နိုင်တယ်။ ချီးကျူး မိပါတယ်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်သူ အကြီးတန်းစာရေး ဒေါ်မေရီချို (အမည်လွှဲ) ရုံးကအရာရှိတစ်ယောက် ကိုဗစ်ဖြစ်လို့ တစ်ရုံးလုံးစိတ်ပူနေရတဲ့ ကြားထဲ ရုံးရှေ့လာပြီး ရုံးတက်နေကြတာလား၊ ရုံးမတက်နဲ့ ရုန်းထွက်ဆို ပြီး အော်နေတဲ့အသံတွေဆို တကယ်အနှောင့်အယှက်ဖြစ်ရတယ်။ သူများတွေ ဘာတွေ ဖြစ်နေလဲမတွေးကြဘူး။ သူတို့ဖြစ်ချင်တာပဲ ဇွတ်ခ်၊ ဇွတ်လုပ်၊ ဓာတ်ပုံတွေရိုက်နဲ့ တကယ့်ကို စိတ်အနှောင့် အယှက် မျိုးစုံနဲ့ ရုံးတက်နေရတဲ့အခြေအနေတွေ။ ခုလည်းကြားရပြန်ပြီး မတ် ၈ ရက်ကနေစပြီး ၁ဝ ရက် ရုံးတွေပိတ်ရမယ်။ ဈေးတွေပိတ်ရ မယ်ဆိုပြီး ဘယ်သူကပြောတာ ဘာညာဆိုပြီး တွေ့နေရတယ်။ ဘာတွေ ဖြစ်ပြီး ဘယ်လိုတွေ ဖြတ်သန်းရဦးမယ်ကို မသိတော့ဘူး။ ကိုယ်တွေမှာ ကိုယ့်အလုပ်လေးကိုယ် တည်တည်ငြိမ်ငြိမ်လေး လုပ်ချင်ကြ တာလေ။ တချို့လူတွေ စွပ်စွဲသလိုမျိုးတွေလည်း မတွေးတောင်မတွေးမိပါဘူး။ ခုဟာက CDM မှမလုပ်ရင် အပြစ်ရှိတဲ့သူတွေလိုပြောဆိုဆက်ဆံခံရတာ။ ပိုဆိုးတာက တချို့များဆို CDM မလုပ်သူတွေကို လိုရာစွပ်စွဲပြီး လူမှု ကွန်ရက်စာမျက်နှာတွေမှာရေးတင်ပြီး ဓာတ်ပုံနဲ့တကွ အရှက်ခွဲခံနေရ တာတွေ တွေ့နေရတော့ ကိုယ့်ကိုယ်ကိုယ် မလုံခြုံမှုတွေ နေ့တိုင်းနီးပါး စိတ်ထဲခံစားနေရတာ အဆိုးဆုံးပဲ။ အေးအေးချမ်းချမ်း နေချင်လှပါပြီ။ အေးအေး ဆေးဆေး တည်တည်ငြိမ်ငြိမ် အလုပ်လုပ်ချင်လို့ လစာကောင်း တဲ့ အပြင်ကအလုပ်တွေတောင် မလုပ်ဘဲ နိုင်ငံ့ ဝန်ထမ်းလုပ်ခဲ့တာပါ။ ပြည်သူတစ်ဦးဖြစ်သူ ဦးဝင်းဇော် (အမည်လွှဲ) အများပြည်သူနဲ့သက်ဆိုင်တဲ့ ပြည်သူကို ဝန်ဆောင်မှုပေးနေရတဲ့ ဌာနတွေကို CDM လုပ်ဖို့ အတင်းအကျပ် ဖိအား မပေးသင့်ဘူးလို့ကျွန်တော် ထင်တယ်။ ဥပမာ စည်ပင်ဌာနတို့လိုမျိုးပေါ့။ နေ့တိုင်းထွက်သမျှ အမှိုက် တွေရှင်းဖို့၊ ပြည်သူတွေ ရေအခက်အခဲမဖြစ်ဖို့၊ နောက်ဆုံးကုန်ကုန် ပြောမယ် အလောင်းမီးသင်္ဂြိုဟ်တာ အဆုံးပေါ့။ နောက် တစ်ခု ကျန်းမာ ရေးဌာန၊ နောက်ထပ်ဌာနတွေလည်း အများကြီးရှိပါတယ်။ အဲဒီလို ဝန်ထမ်းတွေသာ CDM လုပ်ကြ ရင် အဓိကပြည်သူတွေအတွက် အခက်အခဲ တွေအများကြီး ကြုံလာနိုင်ပါတယ်။ တကယ်တမ်းပြောရရင် ဝန်ထမ်း တစ်ဦး CDM လုပ်တာ မလုပ်တာ သူ့ သဘောနဲ့ သူ့ စိတ် ရွေးချယ်တာ ပိုကောင်းပါတယ်။ အတင်းအဓမ္မ ဖိအားပေး ဆွဲမှ CDM လုပ်ဖို့ ပါလာတာမျိုးက မသင့်တော်ဘူးထင်ပါတယ်။ တွေ့ဆုံမေးမြန်း (မုန်းမူရာမိုး)