Skip to main content

ပြည်ထောင်စုရှေ့နေ့ချုပ် ဒေါက်တာသီတာဦးနှင့်အဖွဲ့ 14th United Nations Congress on Crime Prevention and Criminal Justice သို့တက်ရောက်

နေပြည်တော် မတ် ၇ ဂျပန်နိုင်ငံ ကျိုတိုအပြည်ပြည်ဆိုင်ရာ ညီလာခံ စင်တာ၌ ကျင်းပသော 14th United Nations Congress on Crime Prevention and Criminal Justice သို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်၍ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ပါဝင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။ ပါဝင်တက်ရောက် ညီလာခံသို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်း များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး လူမှုစီးပွား ဖွံ့ဖြိုး တိုးတက် ရေး အတွက် ပြစ်မှုဆိုင်ရာ တရားမျှတ မှုတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ဘက်ပေါင်း စုံချဉ်းကပ်မှု၊ တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက် မှုများ၊ အကြမ်းဖက်မှုများ၊ လူကုန် ကူးမှုများနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစသည့် နိုင်ငံဖြတ်ကျော် မှုခင်းများတွင် အဖွဲ့ဝင် နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် နည်းပညာ အကူအညီများကို ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်