Skip to main content

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် CDM တွင် မနစ်မွန်းစေရေး သတိပေးထုတ်ပြန်ချက်

နေပြည်တော် မတ် ၇ နိုင်ငံ့ဝန်ထမ်းအများစုအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် CDM၌ ပါဝင်ခြင်းမရှိဘဲ သစ္စာရှိရှိ ဆောင်ရွက်နေမှုအပေါ် ခြိမ်းခြောက်အကျပ်ကိုင် ဖိအားပေးမှုဖြစ်စဉ်တစ်ခုအား ဆိုရှယ်မီဒီယာ မှတစ်ဆင့် မိမိကိုယ်မိမိသုံးဌာန ခေတ္တဝန်ကြီးအဖြစ် သတ်မှတ်ထားသည့် ဆေးကုသမှုမရှိသော ဆေးပညာ ရှင် ဦးဇော်ဝေစိုး က ၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် တရားမဝင် ကြေညာချက်ထုတ်ပြန်ခြင်းဖြင့် ပြုလုပ်ခဲ့သည်။ ဆေးပညာရှင် ဦးဇော်ဝေစိုး၏ CDM၌ မပါဝင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများအား တရားမဝင် ခြိမ်းခြောက် ဖိအားပေးအကျပ်ကိုင်မှု ကြေညာချက်၌ CDM၌ မပါဝင်သေးသည့် ဝန်ထမ်းများ ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ည ၁၂ နာရီမတိုင်မီ နောက်ဆုံးထား၍ CDM၌ ပါဝင်နိုင်ရေး ဆက်သွယ် ဆောင်ရွက်နိုင်မည့် ဖုန်းနံပါတ်များ ဖော်ပြပြီး CDM၌ ပူးပေါင်းပါဝင်မှုမရှိပါက မတ်လ ၈ ရက်နေ့မှစ၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ကြေညာချက်သည် တရားမဝင် မိမိကိုယ်မိမိ ဝန်ကြီးအဖြစ် ခန့်အပ်ထားသည့် တရားမဝင် လူပုဂ္ဂိုလ် တစ်ဦးမှ တရားမဝင်အစိုးရ လုပ်ပိုင်ခွင့်အသွင် နိုင်ငံတော်မှ တရားဝင်ခန့်အပ်ထားသည့် ဝန်ထမ်းတစ်ဦးကို ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ခွင့်ရှိသကဲ့သို့ ခြိမ်းခြောက်ထားခြင်း၊ CDM၌ မပါမဖြစ် ပါဝင်လာစေရန် တစ်ဖက်မှလည်း ဖြားယောင်းစည်းရုံးခြင်း တွေ့ရှိရသည်။ ဖေဖော်ဝါရီလတွင် CDM စတင်ချိန်မှစ၍ ဆေးပညာရှင် ဦးဇော်ဝေစိုး အပါအဝင် တရားမဝင် အဖွဲ့ အစည်း အသီးသီးက ဆိုရှယ်မီဒီယာများမှတစ်ဆင့် CDM၌ ပါဝင်ကြမည့် ဝန်ထမ်းများအား လစာ ပေးအပ်မည်၊ ဝန်ထမ်း အဖြစ် ထုတ်ပယ်ပါကလည်း အလုပ်ခန့်အပ်ပေးမည်၊ နေစရအစိုးရဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံရပါကလည်း နေစရာအိမ်ပေးမည် စသည်ဖြင့် အမျိုးမျိုးသော မက်လုံးပေးဆွဲဆောင်မှုများဖြင့် စည်းရုံးဆောင်ရွက်ခဲ့ရာ အစပထမပိုင်း၌ နိုင်ငံ့ဝန်ထမ်းများ၏ ခန့်မှန်း ၃၀ ရာခိုင်နှုန်းမှာ CDM ၌ ပါဝင်ခဲ့သော်လည်း ဖေဖော်ဝါရီလ တတိယပတ်မှစ၍ CDM၌ ပါဝင်သည့် ဝန်ထမ်းအချို့မှာလည်း မိမိတို့၏ မှားယွင်းသောလုပ်ရပ်ကို သိမြင်လာခြင်း၊ CDM ခေါင်းဆောင်ဆိုသူများ၏ အပြောနှင့်အလုပ် မညီမှု အပေါ် စိတ်ပျက်စိတ်ကုန်လာခြင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရုံးပြန်လည် တက်ရောက်ကြရေး သတိပေးနှိုးဆော်စာများ TV၊ သတင်းစာများမှ တစ်ဆင့် ဖတ်ရှုရခြင်းတို့ကြောင့် မူလအလုပ်တာဝန်ဝတ္တရားများအား သတ်မှတ်အချိန်မီ ပြန်လည် ထမ်းဆောင် ခဲ့ကြသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ချိန်၌ CDM၌ ဆက်လက်ပါဝင်နေ ကြသူများအနေဖြင့် မူလစည်းရုံးခံခဲ့ရချိန် ရရှိမည့်လစာနှင့်ပတ်သက်၍ သက်ဆိုင်ရာဖုန်းနံပါတ်များနှင့် တရားမဝင် အသင်းအဖွဲ့များထံ စုံစမ်းမေးမြန်းခဲ့ကြကြောင်း သိရှိရသည်။ CDM ပါဝင်သူ ဝန်ထမ်းများအား ဆေးပညာရှင် ဦးဇော်ဝေစိုး အပါအဝင် အဖွဲ့ အစည်းမျိုးစုံတို့က အံ့မခန်းမက်လုံးပေး၍ စည်းရုံးမှုကြောင့် ပါဝင်လာခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းများ၏ အဓိကအကျဆုံး မူရင်းလစာရရှိရေးကိစ္စ၌မူ CDM ပါဝင်သည့်ဝန်ထမ်းဟောင်းအချို့တို့မှာ ဖော်ပြပါပမာဏရရှိကြသော်လည်း CDM ဝန်ထမ်းများအတွက် အလှူငွေကောက်ခံသူ အဖွဲ့အစည်းအသီးသီးအနက် အချို့သောအလှူခံပုဂ္ဂိုလ်၊ တရားမဝင်အဖွဲ့ အစည်းများမှလည်း အလှူရှင်အသီးသီးမှ ပေးပို့လာသည့် CDM အတွက် ထောက်ပံ့နေမှု များကိုလည်း အလွဲသုံးဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီ၏ရရှိသည့် အနိမ့်ဆုံးလစာနှုန်းထားမှာ တစ်သိန်းလေးသောင်းဖြစ်ပြီး ကျန်ဝန် ထမ်းများမှာလည်း အဆင့်လိုက် သတ်မှတ်လစာနှုန်းထားရရှိကြသူများ ဖြစ်ပါသည်။ အထက် ဖော်ပြပါ ဇယားတွင်ရရှိသည့် အနိမ့်ဆုံးထောက်ပံ့ကြေးမှာ CDM တစ်ဦးလျှင် သုံးသောင်းခန့်သာရှိရာ နိုင်ငံတော်မှ သတ်မှတ်ထားသည့် နေ့စားအလုပ်သမားတစ်ဦး တစ်ရက်လေးထောင့်ရှစ်ရာကျပ်နှုန်းဖြင့် နှိုင်းယှဉ်ပါက CDM ဆောင်ရွက်သူများ၏ စည်းရုံးမှု၊ ဝါဒဖြန့်မှုနောက် CDM တွင် လိုက်ပါဆောင်ရွက်သူ များ၏ မိသားစုစားဝတ်နေရေး ဘဝအခြေအနေမှာ များစွာစိတ်မကောင်းဖြစ်ဖွယ်ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ CDM ဆောင်ရွက်ရာတွင်လည်း ပါဝင်ပြီးပါက ပြန်လည်ထွက်ခွာမှု မရှိနိုင်စေရေး အချက် ၁၀ ချက်ပါ ဝန်ခံ ကတိအမျိုးမျိုး၊ CDM အဖွဲ့၏ သတ်မှတ်ပုံစံအမျိုးမျိုး ဖြည့်စွက်ရပြီး အထောက်အထား သိမ်းယူထားခြင်းဖြင့် CDM ပါဝင်သည့်ဝန်ထမ်းများအနေဖြင့် ဆုတ်လည်းဆူး၊ စားလည်းရူးဖြစ်ရလျက် လတ်တလော မိသားစုစားဝတ်နေရေး၊ ဘဝရှင်သန်ရပ်တည်နေထိုင်ရေး၊ ရှေ့ အနာဂတ်မှာ ပျက်သုဉ်းသွားမှု ကိုလည်း စိတ်မကောင်းစွာ တွေ့ရှိရသည်။ သို့ဖြစ်၍ တရားမဝင် မိမိကိုယ်မိမိ ခန့်အပ်ထားသည့် လူပုဂ္ဂိုလ်တစ်ဦးမှ တရားဝင်နိုင်ငံ့ဝန်ထမ်းများ အား CDM ၌ပါဝင်လာစေရေး တရားမဝင်ခြိမ်းခြောက်ဖိအားပေးအကျပ်ကိုင်မှုအပေါ် နိုင်ငံ့ဝန်ထမ်းကောင်း များအနေဖြင့် စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုမရှိကြစေရန် အသိပေးနှိုးဆော်ခြင်းဖြစ်ပြီး လာရောက် နှောင့်ယှက်ခြိမ်းခြောက်ပါက သက်ဆိုင်ရာရုံးဌာနနှင့် ရပ်ကွက်အလိုက်ရှိနေသည့် လုံခြုံရေးအဖွဲ့များနှင့် မူလတိုင်ကြားရန် သတ်မှတ်ထားသည့် ဖုန်းနံပါတ်များသို့ အချိန်မီ အသိပေးအကြောင်းကြားပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ