Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မတ် ၇ ဟိုတယ်နှင့်ခရီးသွားကဏ္ဏ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်း တွင် ပြင်ဦးလွင်မြို့ Aureum Place Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်)၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်း ရှင်များအသင်း (ပြင်ဦးလွင်ဇုန်) တို့မှ နာယက၊ ဥက္ကဌများနှင့် ခရီးလှည့်လည်ရေးလုပ်ငန်း ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကိုဗစ်-၁၉ ကြောင့် အခြားသောနိုင်ငံများနည်းတူ မြန်မာနိုင်ငံ၌လည်း ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့် လုပ်ငန်း နယ်ပယ်များတွင် များစွာထိခိုက်နစ်နာခဲ့ရပြီး ခရီးသွားလုပ်ငန်း၏သက်ရောက်မှုသည် Multiplier Effect ဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းရပ်တန့်မှုနှင့်အတူ အခြားသော ဆက်စပ်လုပ်ငန်းများ ဖြစ်သည့် ဟိုတယ်၊ စားသောက်ဆိုင်၊ ဧည့်လမ်းညွှန်၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများမှအစ ခေါင်းရွက်ဗျတ်ထိုးဈေးသည်အဆုံး ထိခိုက်ဆုံးရှုံးခဲ့ရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဆုံးရှုံးမှုများကို အမြန်ဆုံးကုစားဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် တပြေးညီ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့်ခရီးသွားလာရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေး အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ဟိုတယ်များပြန်လည်ဖွင့်လှစ်ရာ တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း မပေါ့မလျော့ ဆောင်ရွက်ရန်အ ရေးကြီး ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးသွားပြည်သူ များအနေဖြင့်လည်း ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်း ခရီးသွားလာပါက ခရီးသွားနှင့် လုပ်ငန်းရှင်များအနေဖြင့် အထိုက်အလျောက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းများ အပါအဝင် လုပ်ငန်းရှင်များ နှင့် ပူးပေါင်း၍ ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဟိုတယ် နှင့်ခရီးသွားကဏ္ဍ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များမှ နားလည်မှု၊ ယုံကြည်မှုဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ လာရောက် လည်ပတ်ချင်စိတ် ဖြစ်ပေါ်အောင် ရှိပြီးသည့်ခရီးစဉ်ဒေသများကို အဆင့်မြှင့်တင်ဆောင် ရွက်သကဲ့သို့ ခရီးစဉ်ဒေသ သစ်များရှာဖွေဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အသင်းအဖွဲ့ များနှင့် လုပ်ငန်းရှင်များမှ လုပ်ငန်းလိုအပ်ချက်များ အခက်အခဲများကို ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြပေးရန် ပြောကြားသည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် က ခရီးသွား လုပ်ငန်း ပြန်လည်စတင်ရာတွင် ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ ဟိုတယ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေး စစ်ဆေးခံနိုင်ရန် ဆောင်ရွက်မည့်အချက်များနှင့် ခရီးသွားများ စွဲဆောင်မှု ရှိစေရန် ဆောင်ရွက်ရမည့်အ ခြေအနေများနှင့် ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်နိုင်မည့်အခြေအနေ များကို ရှင်းလင်းတင်ပြပြီး ပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်မောင်ဝင်းမှ (Destination Management Organization-DMO) ဖွဲ့စည်း ထားရှိမှု၊ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဘုရားများပြန်လည်ဖွင့်လှစ်ထားရှိမှု၊ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ် ထားရှိမှုနှင့် ဟိုတယ်များအမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် အသင်းအဖွဲ့များမှ နာယက၊ ဉက္ကဌ နှင့် အတွင်းရေးမှူး များမှ ဟိုတယ်များပြန်လည်ဖွင့်လှစ်လိုမှု၊ ရာသီအလိုက် ပွဲတော်များ ဆောင်ရွက်လိုသည့်အခြေအနေ၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း ဖွင့်လှစ်ပေးစေလိုသည့် အခြေ အနေ၊ Golf Tour နှင့် Trekking Tour များ ဆောင်ရွက်ပေးစေလိုသည့် အခြေအနေများ အသီးသီး ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နန်းမြိုင်ဟိုတယ်သို့ သွားရောက်ကြည့်ရှုပြီး ဟိုတယ်အတွင်း၊အပြင် သန့်ရှင်း သာယာလှပစေရေး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားသည်။ ဆက်လက်၍ ဖွင့်လှစ်လျက်ရှိသော ကန်တော်ကြီးအမျိုးသား ရုက္ခဗေဒဉယျာဉ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဉယျာဉ်အတွင်း ပန်းအလှပင်များ လှပဝေဆာစွာစိုက်ပျိုးထားရှိမှုနှင့် ဉယျာဉ်စိမ်း လန်းစိုပြေစွာ ဆောင်ရွက် ထားရှိမှု များအား ရှင်းလင်းပြသခဲ့ပြီး ဉယျာဉ်အတွင်းရှိ ကျောက်ဖြစ်ရုပ် ကြွင်းပြတိုက်၊ သစ်ခွပြတိုက်နှင့် လိပ်ပြာပြ တိုက်တို့အား လှည့်လည်ကြည့်ရှုသည်။ ထို့နောက် Hotel Pyin Oo Lwin ကို ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုများကို သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)