Skip to main content

နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်

နေပြည်တော် မတ် ၇ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် တည်ငြိမ်လုံခြုံအေးချမ်းသာယာရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် တစ်ဦးတစ်ယောက်၊ တစ်ပါတီအဖွဲ့အစည်းအတွက် ဦးတည်ရည်မှန်းချက် ထားကာ နိုင်ငံတော်အား နည်းမျိုးစုံအသုံးပြုဆန့်ကျင်လှုပ်ရှားနေသူများကို နိုင်ငံတော်နှင့် ပြည်သူ လူထု အကျိုးစီးပွား အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင် များအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့က သတင်း ထုတ်ပြန် ထားသည်။ ယင်းသတင်းထုတ်ပြန်ချက်အရ နိုင်ငံတော်အား နည်းမျိုးစုံအသုံးပြု ဆန့်ကျင်လှုပ်ရှားနေသူ များ နိုင်ငံတော် အတွင်း (အေးချမ်းစွာဆန္ဒပြသည်)ဟူသော ခေါင်းစဉ်ဖြင့် ပြယုဂ်ကောင်းအောင် မီဒီယာအားပြုကာ ကောလာ ဟလထုတ်လွှင့်၍ နောက်ကွယ်မှ ကြိုးကိုင်စီစဉ်သူများ၏ အလိုကျ အတိုင်း လူငယ်ထုများကိုသာ ရှေ့တန်းတင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း။ နိုင်ငံတော်အတွင်း အေးချမ်းသာယာစွာနေထိုင်လို၍ မတည်မငြိမ်ဖြစ်ရပ်များကို မလိုလား သည့် ပြည်သူ လူထုအများစုသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် မိမိတို့၏ နစ်နာမှုများကို တိုင်းကြားနိုင်သည့် တယ်လီဖုန်းများသို့ ဆက်သွယ်ကာ အများပြည်သူ လူထုနှင့်သက်ဆိုင်သည့် တက္ကသိုလ် ကောလိပ်များ၊ ဆေးရုံများအား ထိန်းသိမ်းပေးနိုင်ရေး အများ ပြည်သူ၏ မျက်နှာကို ထောက်ရှု၍ ထိထိရောက် ရောက်ပြတ်ပြတ်သားသား ဆောင်ရွက်ပေးနိုင်ပါရန် တောင်းဆိုလာကြကြောင်း။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ တောင်းဆိုမှုနှင့် အကျိုးစီးပွား အတွက် နေရာဒေသ အများအပြားရှိ တက္ကသိုလ်ကောလိပ်၊ ဆေးရုံများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်းနိုင်ရေး ဆောင်ရွက် ခြင်း၊ မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း အကြောင်းမဲ့စွာ လမ်းကြောင်း ပိတ်ဆို့ထားရှိမှုများကို ဖယ်ရှားစဉ် ဖြစ်ပေါ် လာသော အခြေအနေအပေါ်မူတည်၍ အဓိကရုဏ်း နှိမ်နှင်းရေးသုံး လက်နက်များ၊ မျက်ရည်ယိုဗုံးများကို လိုအပ်သလို အသုံးပြုဆောင်ရွက်ပြီး လူစုခွဲခြင်း၊ ဦးစီး ဦးဆောင်ပြုလုပ်သူများအား ဖမ်းဆီး ထိန်းသိမ်းခြင်း များကိုဆောင်ရွက်လျက်ရှိရာ မတ် ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် စမ်းချောင်း၊ အလုံ၊ မရမ်းကုန်း၊ ကျောက် တံတား၊ အင်းစိန်၊ သာကေတ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ တိုက်ကြီးနှင့် သန်လျင်မြို့နယ်၊ မန္တလေး တိုင်းဒေသကြီးတွင် ပုသိမ်ကြီး၊ မြင်းခြံ၊ ရမည်းသင်းနှင့် ညောင်ဦးမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် မကွေးနှင့် ရေနံချောင်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီး တွင် မြိတ်နှင့် ပုလောမြို့နယ်၊ ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ မွန်ပြည် နယ်တွင် ရေးမြို့နယ်၊ ရှမ်းပြည် နယ်တွင် တောင်ကြီးနှင့် လားရှိုးမြို့နယ်တို့တွင် လူစုခွဲခြင်းများ ဆောင်ရွက်ရပြီး အမျိုးသား(၃၉) ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း(၄၁)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရ ကြောင်း။ နိုင်ငံတော်အတွင်း ယခင်အစိုးရကာလတွင် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် နိုင်ငံတော်၏ လုံခြုံရေးကို ချည့်နဲ့ အားနည်းစေရန်အတွက် လူ့အခွင့်အရေးအကြောင်းပြမှုဖြင့် မဖြစ်မနေလိုအပ် သော လုံခြုံရေး ဆိုင်ရာ ဥပဒေအချို့ကို ပယ်ဖျက်ခဲ့သဖြင့် ယနေ့ကာလတွင် လိုအပ်လျက်ရှိသော ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၃/၂၀၂၁) ဖြင့် ပြင်ဆင်ဖြည့်စွက်ခြင်းများကို ထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း။ သို့ဖြစ်၍ နိုင်ငံတော်ဆန့်ကျင်ရေးကို ဆောင်ရွက်ခဲ့သည့်အတွက် အမှုဖွင့်အရေးယူခံထားရပြီး ရှောင်တိမ်း ပုန်းအောင်း နေသူများကိုလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးအတွက် ရှာဖွေထိန်းသိမ်းရန် လိုအပ်လျက် ရှိသူ များကို လည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ရှောင်တိမ်းနေမှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ထပ်မံပြင်ဆင်ဖြည့်စွက်ပြဌာန်းထားသည့် ဥပဒေများနှင့်အညီ ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခြင်းများအား ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)