နေပြည်တော် မတ် ၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ (၃၉ ဒသမ ၂)သန်းကျော်အနက် မဲစာရင်းမှားယွင်းနေမှု ပဏာမစိစစ်ချက်အရ (၁၀ ဒသမ ၄) သန်းကျော် ဖြစ်ပွားခဲ့မှုအပေါ် နှစ်နာသည့်ပါတီများ၊ ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများနှင့် တပ်မတော်တို့က UEC၊ လွှတ်တော်၊ အစိုးရတို့ထံ ဥပဒေနှင့် အညီ တောင်းဆိုခြင်းအပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအထိ ၂ ကြိမ် တိုင်တိုင် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်မှုမရှိဘဲ တတိယအကြိမ်လွှတ်တော် အသစ်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့စည်းရန် ကြိုးပမ်းလာခဲ့သည်။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ(၁) ရက်မှစ၍ အာဏာသုံးရပ်အား ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ကို ဖွဲ့စည်းခဲ့သည်။
အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာ
ရက်အလိုက်ဖော်ပြပါဆန္ဒဖော်ထုတ်မှုများတွင် အစောပိုင်းကာလများ၌ ဆန္ဒဖော်ထုတ်သူ အများစုမှာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှု အသွင်ဆောင်သော်လည်း ဖေဖော်ဝါရီ ၉ ရက် နောက်ပိုင်းတွင် အကြမ်း ဖက်ဆူပူမှုအသွင်(Riot)၊ ၎င်းမှ မင်းမဲ့စရိုက်ဆန်သောလူအုပ်စု (Anarchy Mob)အသွင်ဖြင့် မြို့ကြီးအချို့တွင် အကြမ်းဖက်လုပ်ရပ် များဆောင်ရွက်လာသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၇)အရ အရေးပေါ်အခြေအနေ ကြေညာသည့် ကာလအတွင်း ပုဒ်မ (၄၁၃)ပါ လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့် (Martial Law)ထုတ်ပြန် ခြင်းနှင့် ပုဒ်မ(၄၂၀)အရ နိုင်ငံသားများ မူလအခွင့်အရေးကို ကန့်သတ် နိုင်ခြင်းစသဖြင့် ပြုလုပ်နိုင်သော်လည်း ထိုကဲ့သို့ဆောင်ရွက်ခြင်းမပြု ခဲ့ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် အညင်သာဆုံး နည်းများ ၂ ဖြင့်သာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အား ဖျက်သိမ်းခြင်းမပြုဘဲ ၂ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၈ တို့အရ ဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းဆောင်ရွက် မှုဖြစ်စဉ်အပေါ် နိုင်ငံတကာမှ ဖေဖော်ဝါရီ ၃ ရက်ထိ Military Coup အဖြစ် ခေါ်ဝေါ်သုံးစွဲ ခဲ့သော်လည်း နောက်ပိုင်းတွင် state Emergency အဖြစ် ပြောင်းလဲသုံးစွဲလာခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥပဒေနှင့်အညီ စီမံအုပ်ချုပ်မှုဆောင်ရွက်ရာတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို မလိုလားသူအုပ်စုအချို့က အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းရပ်ဆိုင်း၍ ငွေကြေး စီးဆင်းမှု ပြတ်တောက်စေရန်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများရပ်ဆိုင်းသွားရန် ကြိုးပမ်းခဲ့သလို ရုံးလုပ်ငန်းယန္တရား ရပ်တန့်စေရန် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း စည်းရုံး၍ Red Ribbon Campaign Gę povel8: GeoSęa: Civil Disobedience Movement (CDM) လှုပ်ရှားမှုကို အရှိန်မြှင့်ဆောင်ရွက်လာခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်အထိ ဆန္ဒဖော်ထုတ် လှုပ်ရှားမှုကို အေးချမ်းစွာ ဆန္ဒဖော်ထုတ်မှုအသွင်ဖြင့် ဆောင်ရွက်ရာမှ CDM အရှိန်မြှင့်မှု မှတစ်ဆင့် အုပ်စုဖွဲ့ အကျပ်ကိုင်၊ ခြိမ်းခြောက်၊ ဖိအားပေးမှု စသည့် ဆူပူမှုအသွင်သို့ ဦးတည်ပြောင်းလဲလာ၍လည်း ပြည်သူများအနေဖြင့် မဖြစ်သင့်မဖြစ် ထိုက်သည်များ မဖြစ်ပေါ်စေရေး ကြိုတင်သတိပေးသည့်အနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို အုပ်စုဖွဲ့ ဆူပူမှုအသွင်သို့ ရောက်ရှိလာနိုင်သည့် မြို့ကြီးအချို့ တို့တွင် ထုတ်ပြန်ခဲ့ရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့
ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်သပြေကုန်းအဝိုင်းတွင် CDM ခြိမ်းခြောက် အကျပ်ကိုင် မှုတွင် ပါဝင်ခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်း များ၏ ကြိုး၊ ပို့ ယာဉ်ကြီးများအား လူအုပ်စုကြီးဖြင့် ကားလမ်းပြည့် ပိတ်ဆို့နှောင့်ယှက်ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်း၊ မော်လမြိုင်မြို့တွင် ရန်ကုန်သို့ထွက်ခွာမည့် မီးရထားမထွက်နိုင်စေရန် အုပ်စုဖွဲ့၍ ရထားလမ်းပေါ်ပိတ်ဆို့ ဟန့်တားနှောင့်ယှက်ခြင်း၊ မွန်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏ ယာဉ်တန်းအား အကြမ်းဖက်ရန် ကြိုးပမ်းလာ ခဲ့ခြင်း၊ မန္တလေးမြို့တွင် မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း၊ ၇၆×၇၈ လမ်းနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူအုပ်စုမှ ညှပ်ပူး (ညှပ်ပိတ်ပြုလုပ်၍ တုတ်၊ ခဲ၊ လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်နှင့် ယှက်ဖျက်ဆီးခြင်း၊ တာဝန်ချိန် ရဲဝန်ထမ်း တစ်ဦးအား ရဲဝန်ထမ်းမှန်း သိလျက် အကြောင်းမဲ့၊ ဥပဒေမဲ့လုပ်ရပ်အဖြစ် ဖမ်းဆီးရိုက်နှက် ခဲ့မှုကြောင့် အဆိုပါရဲဝန်ထမ်းသေဆုံးခဲ့ခြင်းစသော ဆူပူအကြမ်းဖက်မှုအသွင် အုပ်စုဖွဲ့၍ ရမ်းကားမှုများ ပြုလုပ်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လုပ်ထုံးလုပ်နည်းနှင့်အညီ အနည်းဆုံးအင်အား အနိမ့်ဆုံး အဆင့်ဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရသည်။ ဖြေရှင်းမှုအတွင်း နေပြည်တော်၌ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး ဆူပူအကြမ်းဖက်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိကာ အချို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ ဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး မန္တလေး ဘူတာကြီးဝန်းကျင်၌ အများပြည်သူ ခရီးသွားများ၊ မီးရထားဖြင့် ခရီးသွားလာခြင်းမရှိစေရေး မီးရထားသံလမ်းများအား ကွန်ကရစ် ဘလောက်တုံးများ၊ သံလမ်းဟောင်းများ ပိတ်ဆို့တားဆီးခြင်းနှင့် သံလမ်းလွှဲများအကြား အတားအဆီးအမာများထည့်၍ ခရီးသည်များ အသက်အန္တရာယ်ဖြစ်စေသည်အထိ အုပ်စုဖွဲ့ ရမ်းကားမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များကရှင်းလင်းရာ အကြမ်းဖက်ဆူပူသူလူအုပ်စုမှ တုတ်၊ ဓား များဖြင့် အန္တရာယ်ပြုခြင်း၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်း၌ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဧရာဝတီဌာနခွဲ ပိုင် ခရီးသည်တင်ရေယာဉ် ၂ စင်းမထွက်ခွာစေရေး CDM လှုပ်ရှားမှုမှအကြမ်းဖက်အသွင်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တုတ်၊ ဓားများ ဖြင့် တိုက်ခိုက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရန်ရည်ရွယ်ချက်ဖြင့် အုပ်စုဖွဲ့ ဝိုင်းရံပိတ်ဆို့ လာခြင်း၊ ပိတ်ဆို့ခံရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကူညီနိုင်ရေး ထပ်မံသွားရောက် ပူးပေါင်းသည့် လုံခြုံရေးအဖွဲ့ များကိုလည်း ထပ်မံဝိုင်းပတ်ပိတ်ဆို့ကာ ဂျင်ကလိ၊ တုတ်၊ ဓား၊ မှိန်း၊ သံမူလီ စသည့် အသက်အန္တရာယ်ထိခိုက်စေသော လုပ်ဆောင်မှုများဖြင့် ပြင်းထန်စွာ အကြမ်းဖက်လာ၍ အကြမ်းဖက်မှုဖြိုခွဲရေး လုပ်ငန်းစဉ်များနှင့်အညီ မလွှဲသာမရှောင်သာ ဆောင်ရွက်ခဲ့ရသည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးယာဉ် ( ၅ စီးပျက်စီးခဲ့ကာ အကြမ်းဖက်သူ ၂ ဦးသေဆုံးခဲ့သည်။
ခြောက်လှန့်ပစ်ခတ်ခဲ့
အလားတူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင်လည်း အရပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ စိုးရိမ်ဒဏ်ရာရရှိမှုနှင့် ညမထွက်ရအချိန်ဖြစ်မှုအပေါ် ဒဏ်ရာရမိသားစုက နယ်မြေခံရဲတပ် ဖွဲ့အား ဆေးရုံပို့ပေးရန် အကူအညီတောင်းခံမှုကြောင့် ကူညီပို့ဆောင် ပေးစဉ် လုံခြုံရေးတပ်ဖွဲ့ များအပေါ် အနီးကပ် တုတ်၊ ဓားများဖြင့် သေစေနိုင်သည်အထိ အကြမ်းဖက် အန္တရာယ်ပြုလာခြင်းကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် ဆူပူသူတစ်ဦး သေဆုံးခဲ့ သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံအုပ်ချုပ်မှု ယန္တရားပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရုံးမတက် နိုင်ရေး အုပ်စုဖွဲ့၍ အကြမ်းဖက်ပိတ်ဆို့ ဟန့်တားခြင်း၊ ဆူပူဆန္ဒပြခြင်း၊ အုပ်ချုပ်ရေးမှူးရုံး အချို့အား သော့အထပ်ထပ်ခတ်ခြင်း၊ ဝင်းထွက်ပေါက်များကို နည်းမျိုးစုံဖြင့် ပိတ်ဆို့ ခြင်းအပြင် ရွှေပြည်သာမြို့နယ်အတွင်း ညအချိန် အုပ်ချုပ်ရေးမှူးရုံး ဖွင့်လှစ်ထားမှု အပေါ်ရုံးခန်းအတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် အရပ်သားအချို့အား NLD ထောက်ခံသည့် ရန်လိုအကြမ်းဖက် အုပ်စုတစ်စုမှ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ဝင်ရောက်တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ အလားတူ လူမှုကွန်ရက်များမှ ဖေဖော်ဝါရီ ၂၂ ရက်တွင် အငြိမ်းစား လစာထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းများအား ဘဏ်များသို့ မသွားရောက်နိုင်ရန် လမ်းတွင် ပိတ်ဆို့ တားဆီးရေး၊ ဘဏ်တွင်ငွေမထုတ်နိုင်ရေးအတွက် နည်းမျိုးစုံဟန့်တား နှောင့်ယှက်ကြရေး လှုံ့ဆော် ဆောင်ရွက်လာသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတိပေးချက်များ ထုတ်ပြန် တားမြစ်ခဲ့၍ အငြိမ်းစား ဝန်ထမ်းများအနေဖြင့် အေးချမ်းစွာ ပင်စင်လစာများ ထုတ်ယူနိုင်ခဲ့ သည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နှင့် ငပုတောမြို့၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ မွန်ပြည်နယ် သုဝဏ္ဏဝတီမြို့နှင့် သံဖြူဇရပ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တို့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ထောက်ခံသည့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ် ကြသူများကိုလည်း NLD ပါတီဝင်များ ဆူပူအကြမ်း ဖက်မှုကို အားပေးအားမြှောက်ပြုသူများ၊ ပြည်ပအားကိုးပုဆိန်ရိုးများက နည်းမျိုးစုံဖြင့် ဟန့်တားနှောင့်ယှက်ခြင်း၊ အေးချမ်းစွာဆန္ဒဖော်ထုတ်ပြီးနောက် လူစုခွဲကြသည့်အချိန်များ၌ နေရာအချို့တွင် လူတစ်ဦးချင်း၊ ယာဉ်များအား တုတ်၊ ဓားများဖြင့် အနီးကပ်ရန် စတိုက်ခိုက်နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ လူတစ်ဦးချင်းစီ၏ အရှက်သိက္ခာကျဆင်းစေသည့် လူအုပ်စုအတွင်း အင်္ကျီ၊ လုံခြည်၊ ဘောင်းဘီအဓမ္မဆွဲချွတ်ခြင်း၊ အကြောင်းမဲ့ရိုက်နှက် နှိပ်စက်ခြင်း၊ ကတုံးရိတ်ခြင်းစသည့် အကြမ်း ဖက်မှုများအား ဆိုးရွားစွာ ပြုမူဆောင်ရွက်ခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များကလည်း ဖြစ်စဉ်နေရာအလိုက် ဖြေရှင်းပေးခဲ့ရသည်။
တရားဥပဒေကို ကြီးမားစွာဖောက်ဖျက်မှုများပင်ဖြစ် NLD လိုလားထောက်ခံသူများနှင့် ပြည်ပအားကိုး ပုဆိန်ရိုးများ အနေဖြင့် ဝန်ထမ်းများနှင့်ပြည်သူတို့အား CDM နှင့် လူထုလှုပ်ရှားမှု အသွင်ဆောင်ရွက်ရန် နည်းအမျိုးမျိုးဖြင့် ဖိအားပေးဆောင်ရွက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းဖြင့် ပူးပေါင်းပါဝင်စေခြင်း၊ ပါဝင်ခြင်းမရှိသူများအား အုပ်စုဖွဲ့လျက် လူတစ်ဦးစီ၏ ကိုယ်ပိုင်လွတ်လပ် ခွင့်နှင့် လူ့အခွင့်အရေး ဆုံးရှုံးစေသော၊ ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်စေသော အပြုအမူများဖြင့် ဖိအားပေးခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ Public Punishment 32Gå 3əqosaBozpozso@?op: Gopdown ခဲ့သည်။ နိုင်ငံတကာ အဘိဓာန်များ တွင် အဓိပ္ပာယ်ဖွင့်ဆိုမှုအရ CDM သည် မည်သည့်အစိုးရ၊ မည်သည့်ဌာန၊ မည်သည့်စီးပွားရေး အဖွဲ့ အစည်းများတွင်မဆို အကြမ်းမဖက်လှုပ်ရှားမှုဖြစ်သော်လည်း ဥပဒေနှင့် မညီညွတ်သော လုပ်ရပ်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါ သည်။ ထို့ကြောင့် CDM လှုပ်ရှားမှုကို လှုံ့ဆော်သူများ၊ အတင်းအဓမ္မ ဖိအားပေးသူများ၊ ဥပဒေဘောင်အတွင်းက လုပ်ဆောင်နေသည့် ဝန်ထမ်းများကို လူမှုဝန်းကျင်တွင် အပြစ်ရှိသူများအဖြစ် ဥပဒေမဲ့ထိုးနှက်ချက်များ လုပ်ဆောင် နေမှုများသည် တရားဥပဒေကို ကြီးမားစွာဖောက်ဖျက် မှုများပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ CDM လှုပ်ရှားမှုနှင့် လုပ်ဆောင်မှုများကို အမှန်တရားအဖြစ်ပုံသွင်းပြီး တရားဝင်စေ့ဆော်နေမှုများကို | လက်မခံကြရန် တိုက်တွန်းအပ်ပါသည်။
ယနေ့ လက်ရှိအခြေအနေများကို သုံးသပ်ကြည့်မည်ဆိုပါက CDM ဆိုသည့် မျက်နှာဖုံးအောက် တွင် Protect ဆန္ဒဖော်ထုတ်ခြင်း၊ Riot အကြမ်းဖက်လှုံ့ဆော်ဆန္ဒပြခြင်း၊ ယင်းမှတစ်ဆင့် Anarchy Mob မင်းမဲ့စရိုက်အသွင်အကြမ်းဖက်အဖျက်လုပ်ငန်းများ လုပ်ဆောင်ခြင်း တို့ကို အဆင့်ဆင့် လုပ်ဆောင်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ဥပဒေချိုးဖောက်မှု များအပေါ် တရားဥပဒေစိုးမိုးရေးအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထုတ်ပြန်ပေးခဲ့
ထို့အပြင် အချို့မြို့ကြီးများတွင် မီးကွင်းပစ်ခြင်း၊ အဆိပ်ခတ်ခြင်း စသောကောလာဟလများဖြင့် အများပြည်သူကို ထိတ်လန့်တုန်လှုပ်စေ၍ နိုင်ငံကြီးအချို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း ကာလဖြစ်စဉ်များ ကဲ့သို့ ရပ်ရွာနှင့်လမ်းလုံခြုံရေးကို ရပ်ရွာအစီအစဉ်ဖြင့်သာ ဆောင်ရွက် နေရသည်ဟု လုံခြုံရေးယန္တရား ကျိုးပျက်နေသည့်အသွင် ဖန်တီးလာ ခြင်းနှင့် မြို့ကြီးများတွင် ငြိမ်းချမ်းစွာဆန္ဒပြရာမှ မင်းမဲ့စရိုက်ဆန်သော ဥပဒေမဲ့အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက် လာသဖြင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ နှင့် အုပ်စုဖွဲ့ အကြမ်းဖက်မှုတို့၏ ပြစ်မှုဆိုင်ရာအကြောင်းခြင်းရာများနှင့် ကျခံရနိုင်သော ပြစ်ဒဏ်များကို ဖော်ပြလျက် ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာကြရန်နှင့် မလိုက်နာပါက မလွှဲမရှောင်သာ အရေးယူရမည်ဖြစ်ကြောင်း သတိပေးချက်များကို MRTV နှင့် MWD တီဗီသတင်း၊ နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်ပေးခဲ့သည်။
ထိုသို့ထုတ်ပြန်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၇၊ ၂၈ ရက်တို့တွင် အကြမ်းဖက်လူအုပ်စုများသည် သတိပေးချက်များကို လိုက်နာမှုမရှိဘဲ အကြမ်းဖက်လုပ်ရပ်များအပြင် လုံခြုံရေးတပ်ဖွဲ့များအား ထိပ်တိုက် ရင်ဆိုင်၍ အသက်အန္တရာယ်ဖြစ်စေသည်အထိ တုတ်၊ ဓား၊ ဂျင်ကလိ၊ သံလက်သီး ကွင်းများ၊ ဘေ့စ်ဘောရိုက်တုတ်များ စသည်တို့ဖြင့် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်သော ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်ခြင်း၊ အပြစ်မဲ့ ပြည်သူအချို့၏ နေအိမ်၊ ဈေးဆိုင်များနှင့် နိုင်ငံပိုင်ယာဉ်ယန္တရား၊ ယာဉ်ထိန်းကင်းရုံတို့အား ဖျက်ဆီးခြင်း၊ အသက် အန္တရာယ်ခြိမ်းခြောက်မှု ဆောင်ရွက်ခြင်းအပြင် တိုက်ခန်းများအပေါ်မှ ရေနွေးပူဖြင့် လောင်းချခြင်း စသည့် လုပ်ရပ်များ အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ လူစုလူဝေး ကြီးကြပ်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်မှ မိမိကိုယ်ကိုမိမိ ခုခံကာကွယ်ခွင့်အထိ အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များကို အသုံးပြု၍ ဆူပူအကြမ်းဖက်မှုများကို မလွှဲမရှောင်သာ အကြိမ်ကြိမ် သတိပေးပြီးမှသာ ဖြိုခွဲခဲ့ရသည်။ ဖေဖော်ဝါရီ ၂၇၊ ၂၈ ရက်တို့တွင် ဆူပူအကြမ်းဖက်သူအချို့ကို ထိန်းသိမ်းခဲ့ရပြီး ထားဝယ်မြို့တွင် လေးဦး၊ ပဲခူးမြို့တွင် နှစ်ဦး၊ မကွေး မြို့တွင် တစ်ဦး၊ ရန်ကုန်တွင် သုံးဦးနှင့် မန္တလေးတွင် တစ်ဦး သေဆုံး ခဲ့ရသည်။ မန္တလေးတွင် ထိန်းသိမ်းထားသူများမှ တစ်ဦးမှာ COMID-19 ရောဂါဖြင့် ထပ်မံသေဆုံးခဲ့၍ ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် အချို့ မြို့ကြီးများတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း ဖေဖော်ဝါရီ ၈ ရက်အထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ အပေါ်စိတ်ရှည် သည်းခံစွာဖြင့် စောင့်ကြည့်ခြင်း၊ သတိပေးခြင်းများသာ ဆောင်ရွက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၂ ရက် နောက်ပိုင်း အများပြည်သူ၏ တည်ငြိမ်အေးချမ်းစွာ နေထိုင်စားသောက်ရေးအပေါ် ထိခိုက်စေသော အကြမ်းဖက်ဆူပူခြင်း၊ နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားနှင့် စီမံခန့်ခွဲရေး ယန္တရားအား အဓမ္မနည်းဖြင့် အကျပ်ကိုင်ခြိမ်းခြောက်ဟန့်တား လာခြင်း၊ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့် အရှက်သိက္ခာ၊ လူ့အခွင့်အရေးကို ဆုံးရှုံးထိခိုက်စေသော ဆိုးရွားသည့် အုပ်စုဖွဲ့ အကြမ်းဖက်ခြင်း၊ ဖျက်ဆီးခြင်း၊ ထိပ်တိုက်ရင်ဆိုင်လာခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မှလည်း ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အဆင့်ဆင့် သတိပေးချက်ထုတ်ပြန်ခြင်း၊ အကြမ်းဖက် အုပ်စုအား ဖြိုခွဲရာတွင်လည်း အနည်းဆုံးအင်အားဖြင့်သာ လူစုခွဲခြင်း ဆောင်ရွက် ခဲ့ရသည်။
အရေးပေါ်ကာလသတ်မှတ်ပြီးချိန်မှစတင်၍ အကြမ်းဖက်ဆူပူမှု ၊ များ ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံကြီးအချို့ ဆူပူရမ်းကား အကြမ်းဖက်သည့် လူအုပ်စုများကို ဖြိုခွဲသည့်ပုံစံများထက် ပိုမိုပျော့ပျောင်းသည့် မလွှဲမရှောင်သာသော အခြေအနေမျိုးတွင်သာ အနည်းဆုံးအင်အား တို့ဖြင့် ထိခိုက်ဒဏ်ရာရမှု အနည်းဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ပြည်သူများအနေဖြင့် NLD ပါတီဝင်များ၊ ထောက်ခံဝန်းရံ သူများနှင့် ပြည်ပအားကိုးပုဆိန်ရိုးများ၏ သွေးထိုးစည်းရုံးလှုံ့ဆော်မှုများကို လက်သင့်မခံဘဲ မိမိတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်များကိုသာ အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင် ဆောင်ရွက်ကြရန်နှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အား လေးစားလိုက်နာကြရန် ဖြစ်ပါသည်။
သတင်းစဉ်