နေပြည်တော် မတ် ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Mr.Thomas L. Vajda အား ယနေ့ နံနက်ပိုင်းတွင် Video Conferencing G¢ 603.28 ဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အရေးပေါ်ကာလမတိုင်မီ မဲစာရင်း ကြီးမားစွာမှားယွင်းမှု အပါအဝင် အခြားသော ကိစ္စရပ်များအား သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် အသီးသီး၊ အဖွဲ့အစည်းအသီးသီးသို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှု ဆောင်ရွက်ရန် ကြိုးပမ်းခဲ့မှု အခြေအနေများ၊ လက်ရှိဖြစ်ပေါ်နေသည့် မင်းမဲ့စရိုက်ဆန်သည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များအပေါ် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ရုန်းရင်းဆန်ခတ်မှု လက်စွဲနှင့် လူစုလူဝေးအား ကြီးကြပ် ထိန်းသိမ်းခြင်းပါ ပြဋ္ဌာန်းဥပဒေ များနှင့်အညီ လုံခြုံရေးတပ်ဖွဲ့ဝင် များက အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်မှစ၍ ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နေမှုအခြေအနေများအား အပြန် ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်