နေပြည်တော် မတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ဆူပူအကြမ်းဖက်မှု ပြုလုပ်သူ လူအုပ်စု အတွင်းမှ အမျိုးသား (၁)ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
ယင်းထုတ်ပြန်ချက်အရ ယနေ့နံနက်ပိုင်းမှစတင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက(မြတောင်) ဘုန်းတော်ကြီးကျောင်း တဝိုက်တွင် ပိတ်ဆို့ထားသော အတားအဆီးများကို ဖယ်ရှားရှင်းလင်း ခြင်း၊လူစုလူဝေးပြုလုပ်မှုများအား တားဆီးထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင် ရွက်နေစဉ် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ၃၅ လမ်း၊ (၈၆ - ၈၇) လမ်းကြားရှိ ချမ်းအေးသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အဆောက်အဦကို ဆူပူသူလူအုပ်စုမှ ကျောက်တုံး၊ ကျောက်ခဲ့များဖြင့် ပစ်ပေါက်ဖျက်ဆီးနေကြောင်း သတင်းရရှိ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ထိန်းသိမ်းခဲ့ရကြောင်း။
ထိန်းသိမ်းစဉ် ဆူပူသူလူအုပ်စု (၂၀၀) ကျော်က အဆောက်အဦကို ဖျက်ဆီးခြင်းအပြင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များကိုပါ ကုန်းသီး၊ သံဂေါ်လီ၊ ဖန်သီးများအသုံးပြု၍ လောက်လေးဂွများဖြင့် ပစ်ခတ်ခြင်း၊ ကျောက်ခဲများဖြင့်ပစ်ခတ်ခြင်း၊ ဂျင်ကလိဖြင့် ပစ်ခတ်ခြင်းများကို ပြုလုပ်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ကိုင်ဆောင်သည့်ဒိုင်းများဖြင့် ကာကွယ်ခြင်းကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ပါ ကြောင်း။
ယင်းကဲ့သို့ ဆောင်ရွက်နေစဉ် လူအုပ်စုအတွင်းမှ အမျိုးသား(၁)ဦး(စိစစ်ဆဲ)သည် တစ်ဟုန် ထိုးပြေး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓားဖြင့်ဝင်ရောက်ခုတ်ခဲ့ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်လာသူ၏ ပြုမူဆောင်ရွက်မှုကြောင့် မိမိတို့၏အသက် အန္တရာယ်ကို သေဆုံးစေသည်အထိ ပြုမူလာချိန်တွင် (ရုန်းရင်းဆန်ခတ်မှု) လက်စွဲဥပဒေပါ နောက်ဆုံးဆောင်ရွက်ရသည့် လုပ်ငန်းစဉ်အတိုင်း အန္တရာယ်ပြုမူလာသူအား ခြောက်လှန့် ပစ်ခတ်ခဲ့ ရရာမှ သေဆုံးခဲ့ကြောင်း။
ဖော်ပြပါဖြစ်စဉ်တွင် သေဆုံးခဲ့သူကို ဆေးရုံသို့ပို့ဆောင်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ (သေမှုသေခင်း)ရေးဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)