Skip to main content

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော် မတ် ၄ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မလေးရှားနိုင်ငံမှ ရေကြောင်းခရီးဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်လည်ရောက် ရှိလာသည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ COVID-19 ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိသည့် Quarantine Center တွင်ထားရှိပြီးလိုအပ်သည့်ဆေးဝါးကုသပေးမှုများ ၊ ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ပေးရာတွင် နေရပ်ပြန် မြန်မာနိုင်ငံသားများ အား တပ်မတော်သားပါရဂူများ၊ ဆရာဝန်များက အထွေထွေရောဂါ နှင့် ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့ ကောင်းမွန်စွာ နေထိုင်စားသောက်ရေးများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် Quarantine ထားရှိပြီးပါက ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်နိုင်ရေး လိုအပ်သည်များ ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ သတင်းစဉ်