နေပြည်တော် မတ် ၄
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲ များကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် မှ ယနေ့အထိ ပြင်ပလူနာ ၄၆၅၈၆ ဦး၊ အတွင်းလူနာ ၃၆၀၁ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက် ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေး ခြင်းများ ဆောင်ရွက်ပေးသည့် အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက် ပေးသည်။
ထိုသို့ လာရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများ၊ အနက် အကြီးစား ခွဲစိတ်ကုသ ရန် လိုအပ်သူ ၂၀၂၈ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၁၀၉၂ ဦး၊ စုစုပေါင်း ၃၁၂၀ တို့ကို ခွဲစိတ်ကုသပေး နိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေး လျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲ ဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့ အနက် ၁၁၆၆ ဦးကို ခွဲစိတ်မွေးဖွား ပေးနိုင်ခဲ့ကာ ၁၇၅၉ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိ ကလေးငယ် ၂၉၂၅ ဦးကို အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့သည်။
ယင်းသို့ ဒေသခံပြည်သူများ အား ဆေးကုသပေးနေမှု အခြေ အနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် စားသောက် ဖွယ်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေ များ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်