စစ်တွေ မတ် ၄
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် ၃၂၁ ဒသမ ၅၀၀သန်းဖြင့် ဆောင်ရွက်လျက်ရှိသော စစ်တွေမြို့နယ် ကံ့ကော်ကျွန်း - ဇော်မတက် - ချောင်းနွယ်(ရွှေမင်းဂံ) လမ်းဆုံအထိ (၃/၁) မိုင်လမ်းပေါ်တွင် အရှည်ပေ ၁၅၀ ရှိသော သံကူ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်လျက်ရှိသည်။
တံတားတည်ဆောက်နေမှုကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ညွှန်ကြားရေးမှူးဦးစိုးဦးနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးကြပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးရေးနှင့်စံချိန် စံညွှန်းပြည့် မီစွာ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။ အဆိုပါ တံတားတည်ဆောက် ပြီးစီးပါက ဒေသခံကျေးရွာငါးရွာ၊ အိမ်ခြေ ၉၆၄ အိမ်မှ လူဦးရေ ၃၇၅၈ ဦးတို့မှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကာ စစ်တွေမြို့တွင်းသို့လည်း ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင် စုခွင့်ပြုရန်ပုံငွေကျပ် ၃၇၉၆ ဒသမ ၆၉၈ သန်းနှင့် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် ၁၁၅၁ ဒသမ ၇၈၅ သန်း စုစုပေါင်းခွင့်ပြုရန်ပုံငွေကျပ် ၄၉၄၈ ဒသမ ၄၈၃ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)